Pages

Pages - Menu

Friday, February 28, 2014

မိကျောင်းအန္တရာယ်ကြောင့် ဩစတြေးလျ ကမ်းခြေတစ်ခု ယာယီပိတ်ထားရ


RangonNewsDaily: February . 28 .2014
လူအများ အနားယူ အပန်းဖြေရာ ပင်လယ်ကမ်းခြေများ အနီးတဝိုက်တွင် ငါးမန်းတစ်ကောင်ကောင် ကျက်စားနေကြောင်း သတိပြုမိပါက ဘေးကင်းစေရန် ကမ်းခြေကို ပိတ်ထားရလေ့ရှိသည်
သို့သော်လည်း ဩစတြေးလျ ကမ်းခြေတစ်ခုကိုမူ ယင်းသဘာဝထက် အတန်ငယ် ပိုမိုထူးခြားသော အခြေအနေကြောင့် ယာယီပိတ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ကမ်းခြေအနီးတွင် တွေ့ရှိရသည်မှာ ငါးမန်းတစ်ကောင် မဟုတ်ဘဲ ဧရာမ မိကျောင်းကြီး တစ်ကောင် လှိုင်းစီးနေ၍ ဖြစ်သည်။

ဒီဇင်ဘာလကလည်း ယင်းဧရိယာ တစ်ဝိုက်တွင် မိကျောင်းကြီး တစ်ကောင် ရှိနေကြောင်း မျက်မြင်တွေ့ရှိမှုကြောင့် နိုင်ငံအနောက်ပိုင်းရှိ ဘရွမ်းစ်ကေဘယ်လ် ကမ်းခြေမှ တာဝန်ရှိသူများ ခေါင်းပူခဲ့ရသေးသည်။

အဆိုပါ ကမ်းခြေသည် ဩစတြေးလျတွင် ကမ္ဘာလှည့် ခရီးသွား အရေအတွက် အများဆုံး လာရောက်လေ့ရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ယခုတွေ့ရှိသော မိကျောင်းကြီးသည် အရှည်(၄)မီတာမျှထိ ရှိမည်ဟု ယူဆရသည်။ ရေငန်မိကျောင်းများသည် ရံဖန်ရံခါ ပင်လယ်ပြင်ဘက် ထွက်လာတတ်သော်လည်း အများအားဖြင့် ရွှံ့နွံထူထပ်သော အပိုင်းတွင်သာ အများဆုံး ကျက်စားလေ့ရှိသည်။ 


သို့သော်လည်း မိကျောင်းထီးကြီးတစ်ကောင်သည် ဒူးဆစ်ကျော်မျှသာ အနက်ရှိသော ရေထဲတွင် တစ်နေကုန် လှိုင်းစီးနေသည်ကို တွေ့ရှိရသည့်နောက် ကမ်းခြေကို အရေးပေါ် အခြေအနေအဖြစ် ပိတ်ထားလိုက်ရသည်။

မိကျောင်းကြီးကို ကိုယ်တိုင်မြင်ခဲ့သည့် အမျိုးသမီး တစ်ဦးက “ဧရာမ အကောင်ကြီးပဲ။ ရန်လိုတဲ့ ပုံစံတော့ မပြဘူး။ ဒါပေမဲ့ ဒီကောင်ကြီး ရှိနေမှတော့ ဘယ်သူက ပင်လယ်ထဲဆင်းပြီး လှိုင်းစီးလိုက်၊ ရေကူးလိုက် လုပ်ရဲတော့မှဲာ”ဟု ပြောကြားခဲ့သည်။ လတ်တလောတွင် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန တာဝန်ရှိသူများက မိကျောင်းကို လိုက်လံရှာဖွေနေပြီး ဖမ်းဆီးရမိပါက မယ်လ်ကွမ်လ်ဒေါက်ဂလက်စ် သဘာဝဥယျာဉ်သို့ ပို့ဆောင်နေရာချပေးရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

Planet Myanmar , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment