Pages

Pages - Menu

Friday, February 28, 2014

မန်ယူ၏ခြေစွမ်းနှင့် အသင်းဖော်များကို ဗန်ပါစီ ဝေဖန်


RangonNewsDaily: February . 28 .2014
အိုလံပီယာကို့စ်ကို ရှုံးနိမ်ခဲ့ပြီးနောက် မန်ယူအသင်း၏ ခြေစွမ်းမှာ သုံးစားမရသော အနေအထားဖြစ်လာ ခဲ့ကြောင်း တိုက်စစ်မှူး ဗန်ပါစီကဝေဖန်သွားခဲ့သည်။ မန်ယူမှာ ပြည်တွင်း ဖလား (၃)လုံး မျှော်လင့်ချက် လက်လွှတ်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်တွင်လည်း အိုလံပီယာကို့စ်အား အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဖလားလက်မဲ့အနေအထားနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
အဆိုပါ အနေအထားနှင့် ပတ်သက်၍ ဗန်ပါစီက “ကျွန်တော်တို့တွေ အသုံးမကျပါဘူး။ အမှတ်ပေးဇယား ရပ်တည်မှု အနေအထားမကောင်းသလို ပြည်တွင်း ဖလားပြိုင်ပွဲတွေကနေ ထွက်ခဲ့ရပြီးပါပြီ။ ဒါတင်မက အိုလံပီယာကို့စ်ကို ရှုံးခဲ့တာကြောင့် ချန်ပီယံလိဂ်မှာလည်း ခက်ခဲနေပါတယ်”ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ဗန်ပါစီမှာ ယခုရာသီတွင် မန်ယူအတွက် ၂၂ပွဲ ကစားပြီး ၁၄ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း အသင်းဖော်များကြောင့် အခက်တွေ့ရကြောင်း ၀န်ခံခဲ့သည်။

မိမိ ကစားလိုသော နေရာတွင် အသင်းဖော်များ ရှိနေသောကြောင့် အသင်းဖော်များနှင့် လိုက်ဖက်မည့် ကစားဟန် ပြောင်းလဲကစားရကြောင်း၊ မိမိ ကစားရမည့် နေရာတွင် မကစားရခြင်းမှာ စိတ်မကောင်းဖြစ်စရာဟု ဗန်ပါစီက ဆိုသည်။ ဗန်ပါစီက ယခုကဲ့သို့ ပြောခဲ့ပြီးနောက် မန်ယူတိုက်စစ်မှူး ဟာနန်ဒက်စ်က အသင်းဖော်များ၏ စွမ်းဆောင်မှု မပါလျင် ဗန်ပါစီ ခြေစွမ်းပြနိုင်စရာ အကြောင်းမရှိဟု တုန့်ပြန်သွားခဲ့သည်။

ရိုးရာလေး , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment