Pages

Pages - Menu

Wednesday, January 22, 2014

ငှက်များကို ခြေရာခံပြီး သဘာဝဘေးဆိုးများကို ခန့်မှန်းနိုင်မည့်စနစ် ISS တွင် တပ်ဆင်

Photo: ငှက်များကို ခြေရာခံပြီး သဘာဝဘေးဆိုးများကို ခန့်မှန်းနိုင်မည့်စနစ် ISS တွင် တပ်ဆင်
Wednesday, January 22, 2014

တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည်

အာကာသထဲတွင် တည်ရှိနေသည့် နိုင်ငံတကာ အာကာသစခန်း (ISS)မှ နက္ခတ်ဗေဒ ပညာရှင်များသည် ကမ္ဘာပေါ်တွင် ငှက်များ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းမှုနှင့် သဘာဝ ကပ်ဘေးများ ဆက်စပ်မှုကို စောင့်ကြည့် လေ့လာရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည်။ ယခုအခါ  ငှက်များ နေရာပြောင်းရွှေ့ကာ အုပ်လိုက် ပျံသန်းခြင်းသည် မြေလွှာပြတ်ရွေ့မှုများ၊ ငလျင်များ ဖြစ်ပေါ်နိုင်ခြေကို ကြိုတင် သိရှိနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ISSမှ သုတေသီများက ယူဆပြီး ၎င်းတို့၏ ရွေ့လျားရာ လမ်းကြောင်းများကို ခြေရာခံ လေ့လာမည့် ကိရိယာများ တပ်ဆင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အဆိုပါစနစ်သည် ငှက်များအပြင် လိပ်ပြာများ၊ အခြားတိရစ္ဆာန်များ၏ ထူးခြားသော လှုပ်ရှားပြောင်းလဲမှုများကို ခြေရာခံနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သေးငယ်သော ငှက်ကလေးများ၊ ပျားများ၊ လိပ်ပြာများကို လာမည့်နှစ်မှစတင်ကာ ISSမှ သုတေသီများက ခြေရာခံ စောင့်ကြည့်နေမည် ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်သည် ငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း အစရှိသည့် သဘာဝ ကပ်ဘေးများ မပေါ်ပေါက်မီ ကြိုတင် သိရှိနားလည်နိုင်မည့် နည်းလမ်းတစ်ခုဟု ပညာရှင်များက ယူဆထားသည်။ ISSတွင် တပ်ဆင်အသုံးပြုမည့် နောက်ဆုံးပေါ် နည်းစနစ်တွင် ရေဒီယိုလှိုင်းများသည် ပို၍ပို၍ သေးငယ်လာပြီး အင်းဆက်ပိုးကောင်လေးများ လှုပ်ရှားသွားလာမှုကိုပင် ခြေရာခံနိုင်မည် ဖြစ်သည်။

"ဒီစနစ်ကြောင့် ကပ်ဘေးကြီး တစ်ခုခု ကျရောက်မလာခင် လူတွေကို (၅)နာရီလောက် အချိန်စော သတိပေးနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု Icarusဟု အမည်ပေးထားသည့် အဆိုပါ ပေါင်စတာလင် (၃၃)သန်းတန် ပရောဂျက်တွင် ပါဝင်သူ အက်စ်ချီလ်မူလာက ဆိုသည်။ သူမက အဆိုပါ စနစ်သည် အနာဂတ်တွင် တိရစ္ဆာန်မှ လူသို့ ကူးစက်လာသည့် ရောဂါများနှင့် စပ်လျဉ်း၍ပါ လေ့လာမှုများ ပြုလုပ်လာနိုင်မည်ဟု ယုံကြည်ကြောင်းလည်း မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: January . 22 .2014
တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည် အာကာသထဲတွင် တည်ရှိနေသည့် နိုင်ငံတကာ အာကာသစခန်း (ISS)မှ နက္ခတ်ဗေဒ ပညာရှင်များသည် ကမ္ဘာပေါ်တွင် ငှက်များ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းမှုနှင့် သဘာဝ ကပ်ဘေးများ ဆက်စပ်မှုကို စောင့်ကြည့် လေ့လာရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဆန္ဒပြမှုများနှင့် ဗုံးပေါက်ကွဲမှုများ ပိုမိုများပြားလာသောကြောင့် ဘန်ကောက်မြို့ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

RangonNewsDaily:: January . 22 .2014
ဆန္ဒပြမှုများနှင့် ဗုံးပေါက်ကွဲမှုများ ပိုမိုပြင်းထန်များပြား လာေ သာကြောင့် ထိုင်းအစိုးရက ဘန်ကောက်မြို့နှင့်အနီး အနားခရိုင်အချို့ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။ လက်ရှိကြားဖြတ်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ထားသော ယင်လတ်ရှင်နာဝပ်ထရာ နုတ်ထွက်ရေးအတွက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများက ဘန်ကောက်မြို့ကို ပိတ်ဆို့ထားမှုများနှင့် ဗုံးပေါက်ကွဲ မှုများ များပြားပြင်းထန်လာ ခြင်းကြောင့်

ငယ်စဉ်အခါက ရင်သားကြီးချင်လို့ဆုတောင်းခဲ့ရကြောင်းနဲ့ အသက် ၁၆ နှစ်အရွယ်တုန်းက ကားရှေ့ခန်းထဲမှာ အပျိုရည်ပျက်ခဲ့ကြောင်းပြောလိုက်တဲ့ Katy Perry

Photo: ငယ်စဉ်အခါက ရင်သားကြီးချင်လို့ဆုတောင်းခဲ့ရကြောင်းနဲ့ အသက် ၁၆ နှစ်အရွယ်တုန်းက ကားရှေ့ခန်းထဲမှာ အပျိုရည်ပျက်ခဲ့ကြောင်းပြောလိုက်တဲ့ Katy Perry 
Wednesday, January 22, 2014

GQ မဂ္ဂဇင်း ရဲ့ ၂၀၁၄ ဖေဖေါ်ဝါရီလထုတ်အတွက် မျက်နှာဖုံးအကြောင်းမှာ Katy Perry က သူမဟာ ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ဖို့ ဆုတောင်းခဲ့ရကြောင်းပြောပါတယ်။

ညတစ်ညမှာ ကျွန်မ ပက်လက်လှန်ပြီးကျွန်မရဲ့ခြေထောက်တွေကိုကြည့်လိုက်တယ်။ ပြီးတော့ ဘုရားသခင်ထံဆုတောင်းတယ်။ ‘အရှင်ဘုရား။ ကျွန်မလှဲနေတုန်း ကျွန်မခြေထောက်တွေကို လှမ်းကြည့်လို့မမြင်နိုင်လောက်အောင် ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ခွင့်ပေးပါလို့ဆုတောင်းခဲ့ပါတယ်’ လို့ပြောပါတယ်။

အခုသင်မြင်နေရသမျှအရာ (သူမရဲ့ရင်သားတွေ)ဟာ သဘာဝအတိုင်းဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်မ ပလတ်စတစ်ဆာဂျရီမလုပ်ဖူးပါဘူး။ နှာခေါင်း၊ မေးစေ့၊ ပါး၊ ရင်သား နည်းနည်းလေးတောင်မလုပ်ပါဘူး” လို့ပြောပါတယ်။

Katy ဟာသူမရဲ့ အတွင်းရေးတစ်ခုကိုလဲဖွင့်ဟသွားပါတယ်။ သူမဟာ Nashville, Tennessee မှာ ၁၆ နှစ်သမီးတုန်းက အပျိုရည်ပျက်ခဲ့တာဖြစ်ပြီး နေရာကတော့ Volve seden ကားရှေ့ခန်းမှာဖြစ်ပါတယ်။ ပြီးတော့အဲ့ဒီ့အချိန်မှာ Jeff Buckley ရဲ့ Grace album ကိုဖွင့်ထားတာဖြစ်ပါတယ်။

‘ကျွန်မအဲဒီ့အခွေကို အရမ်းချစ်တယ်’ လို့ Katy ကနောက်ကြောင်းပြန်ပါတယ်။

 Trend Myanmar

RangonNewsDaily:: January . 22 .2014
GQ မဂ္ဂဇင်း ရဲ့ ၂၀၁၄ ဖေဖေါ်ဝါရီလထုတ်အတွက် မျက်နှာဖုံးအကြောင်းမှာ Katy Perry က သူမဟာ ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ဖို့ ဆုတောင်းခဲ့ရကြောင်းပြောပါတယ်။

မော်လမြိုင်စက်မှုဇုန် စီမံကိန်းမြေ သတင်းကြိုတင်ရသူများ လိုက်လံဝယ်ယူ

RangonNewsDaily:: January . 22 .2014
မွန်ပြည်နယ် အစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် လုပ်ကိုင်မည်ဟု စီမံကိန်း ရေးဆွဲထားသော

 မော်လမြိုင်စက်မှုဇုန် (ကျောက်တန်း စက်မှုဇုန်) မြေများကို ပြည်နယ်အစိုးရနှင့် နီးစပ်ပြီး သတင်းအချက်အလက် ကြိုတင် ရရှိထားသည့် အဖွဲ့အစည်းများက လက်ဦးမှု ရယူကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၈၅/၂-၃)အကြား ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၈၅/၂-၃)အကြား ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


kolatt(PBDN): January . 22 .2014

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ဥတ္တရသီရီမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၈၅/၂-၃)အကြား ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ 

ပန်းတင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်
။ စစ်ဆေးချက်အရ ရန်ကုန်မှပုဂံသို့ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်နေ သိန်းမြင့်(၅၁)နှစ်
 မောင်းနှင်သော ၆ခ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်မှာ ရှပ်တန်းကျိုးပြီး လမ်းလယ်ကျွန်းကာရံ ထားသော အတားအဆီးများအားတိုက်မိကာ လမ်းပေါ်၌တိမ်းမှောက်သွားခဲ့သဖြင့် 

ယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် သိန်းမြင့်၌ ၀ဲဘက်လက်ခလယ်ပြတ်ရှဒဏ်ရာ၊ တစ်ရပ်ကွက်နေသူ များဖြစ်ကြသော ဒေါ်စန်းရီ(၇၆)နှစ်ပါ (၅)ဦးတို့တွင်ဒဏ်ရာများအသီးသီးရရှိခဲ့ကြပြီး 

ယာဉ်တိမ်းမှောက်မှုကြောင့် အဆိုပါ ယာဉ်မှာ ရှပ်တန်းကျိုး၊ ယာဘက်ရှေ့တံခါးပိန်ချိုင့်၊ တံခါးမှန်ကွဲ
၊တန်ဘိုးငွေ (၁)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံး ခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ သိန်းမြင့်အား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ
ထားကြောင်း သတင်းရရှိသည်။

မြ၀တီ ::--

See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: January . 22 .2014
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ဥတ္တရသီရီမြို့နယ်၊ ရန်ကုန်-မန္တလေး
အမြန်လမ်း မိုင်တိုင်အမှတ်(၁၈၅/၂-၃)အကြား ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ

တယ်လီနောက ၁ မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုပေးမည်

RangonNewsDaily:: January . 22 .2014

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် တင်ဒါအောင်မြင်ခဲ့တဲ့ တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက တယ်လီဖုန်းဆင်းကတ် ၁ မိနစ်ဖုန်းခေါ်ဆိုခကို ၂၅ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးသွားမယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတထံသို့ပေးစာ

RangonNewsDaily:: January . 22 .2014
သမ္မတကြီးခင်ဗျား။ ချစ်ခင်လေးစားစွာဖြင့် စာရေးသားအပ်ပါသည်။ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေမည်ဟု ယုံကြည်ပါသည်။ ဤစာကို ရေး
သားဖြစ်သည့် တွန်းအားကတော့ သမ္မတကြီး၏မကွေးခရီးစဉ်မှာ အော်ဟစ်တိုင်ကြားသည့် ၀န်ထမ်းဟောင်းအမျိုးသမီးကြီးကို အားကျ၍ ဖြစ်ပါသည်။  

ပါရာဂွေး ကမ္ဘာ့ဖလားရပါက ၀တ်လစ်စားလစ် အောင်ပွဲခံမည့် မော်ဒယ်လာရီဆာ စေ့စပ်ပြီ

Photo: ပါရာဂွေး ကမ္ဘာ့ဖလားရပါက ၀တ်လစ်စားလစ် အောင်ပွဲခံမည့် မော်ဒယ်လာရီဆာ စေ့စပ်ပြီ
Tuesday, January 21, 2014

၂၀၁၀ ကမ္ဘာ့ဖလားတွင် ပါရာဂွေးအသင်း ဗိုလ်စွဲပါက ၀တ်လစ်စားလစ် အောင်ပွဲခံမည်ဟုပြောခဲ့ဖူးသည့် ပါရာဂွေးမော်ဒယ် လာရီဆာရီကွယ်မီးမှာ ရေးဗားပလိတ် ကွင်းလယ်လူ ဖက်ဘရိုနှင့် စေ့စပ်ခဲ့ကြောင်း သိရသည်။ လာရီဆာနှင့် ဖက်ဘရိုတို့မှာ ၂၀၁၁ခုနှစ်ကတည်းက စတင်ချစ်ကြိုက်ခဲ့ပြီး ၎င်းတို့၏ ချစ်သူသက်တမ်းအတွင်း ဖက်ဘရိုက လာရီဆာ၏သူငယ်ချင်း ပါရဲရားနှင့် ချိန်းတွေ့ခဲ့သည့်အတွက် ပြတ်စဲတော့မည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လာရီဆာက တွစ်တာမှတစ်ဆင့် ဖက်ဘရိုနှင့် စေ့စပ်ခဲ့ပြီဖြစ်ကြောင်း စေ့စပ်လက်စွပ်ပုံများဖြင့် ဖော်ပြခဲ့သည်။ “နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာ၊စစ်မှန်တဲ့ ပျော်ရွင်မှုတွေနဲ့
နေ့တိုင်းနေ့တိုင်းဖြတ်သန်းနေပါတယ်။ ကျွန်မတို့ကို ကောင်းချီးပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အဆိုပါပုံအောက်တွင် လာရီဆာက ရေးသားဖော်ပြထားသည်။

http://yoyarlay.com/

RangonNewsDaily:: January . 22 .2014
၂၀၁၀ ကမ္ဘာ့ဖလားတွင် ပါရာဂွေးအသင်း ဗိုလ်စွဲပါက ၀တ်လစ်စားလစ် အောင်ပွဲခံမည်ဟုပြောခဲ့ဖူးသည့် ပါရာဂွေးမော်ဒယ် လာရီဆာရီကွယ်မီးမှာ ရေးဗားပလိတ် ကွင်းလယ်လူ ဖက်ဘရိုနှင့် စေ့စပ်ခဲ့ကြောင်း သိရသည်။

ပေါင်သန်း ၄၀ဖြင့် မာတာကို မန်ယူ ကမ်းလှမ်းဖွယ်ရှိ

Photo: ပေါင်သန်း ၄၀ဖြင့် မာတာကို မန်ယူ ကမ်းလှမ်းဖွယ်ရှိ
Tuesday, January 21, 2014

မန်ယူမှာ ချဲလ်ဆီးကွင်းလယ်လူ မာတာကို ပေါင်သန်း ၄၀ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်ဟုသိရသည်။ ဆောက်သမ်တန်နှင့် ကစားခဲ့သည့်ပွဲစဉ် ပွဲချိန် ၅၃မိနစ်တွင် လူစားလဲခံခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းအတွက် ပွဲကစားခွင့်မရတော့သည့် မာတာကို ချဲလ်ဆီးမှလည်း ရောင်းချဖွယ်ရှိနေပြီး၎င်းတို့တောင်းဆိုသည့် ပြောင်းရွှေ့
ကြေးအတိုင်း ပေးချေမည်ဆိုပါက အပြောင်း အရွှေ့ ဖြစ်မြောက်လိမ့်မည်ဟု
ဒေးလီးမေးလ်မှ ဖော်ပြသည်။ မာတာမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲ ကစားခဲ့ရာတွင် အခွင့်အရေးဖန်တီးမှု ၃၀ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါ အရေအတွက်မှာ မန်ယူ ကွင်းလယ်ကစားသမား ၅ဦးပေါင်း၏ ဖန်တီးမှုနှင့် တူညီနေသည်။

ပြီးခဲ့သည့် နှစ်ရာသီဆက် ချဲလ်ဆီးအသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရခဲ့သည့် မာတာမှာ မော်ရင်ဟိုလက်ထက်တွင် ဦးစားပေးမခံရဘဲ ပွဲထွက်ခွင့် ဆုံးရှုံးနေခြင်းကြောင့် အသင်းပြောင်းမည်ဆိုသောသတင်းများထွက်ပေါ်ခဲ့ရာတွင် မော်ရင်ဟို ကလည်း မာတာအနေဖြင့် ချဲလ်ဆီးတွင် မပျော်မွေ့ပါက ထွက်ခွာလိုသည်ဟု ပြောခဲ့ဖူးသည့်အတွက် မန်ယူမှ ၎င်းကိုခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။

http://yoyarlay.com

RangonNewsDaily:: January . 22 .2014
မန်ယူမှာ ချဲလ်ဆီးကွင်းလယ်လူ မာတာကို ပေါင်သန်း ၄၀ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်ဟုသိရသည်။

အမြဲတမ်း ဇာတ်ပို့အဖြစ်သာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ယွန်းရွှေရည် ခေါင်းဆောင် မင်းသမီးအဖြစ် ဇာတ်ကားရိုက်ပြီ

Photo: အမြဲတမ်း ဇာတ်ပို့အဖြစ်သာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ယွန်းရွှေရည် ခေါင်းဆောင် မင်းသမီးအဖြစ် ဇာတ်ကားရိုက်ပြီ
Wednesday, January 22, 2014

မယွန်းရွှေရည်ခေါင်းဆောင်မင်းသမီးနေရာကရိုက်နေတယ်ဆိုတဲ့သတင်းကြားလို့မေးကြည့်တာ.
"ဒီကိစ္စနဲ့ပတ်သက်လို့မနောက်ပါနဲ့" လို့အမည်ရတဲ့ကားထဲမှာ မိုးအောင်ရင် ၊ ဝေလျှံ ၊ ရဲအောင်
တို့နဲ့အတူ ခေါင်းဆောင်နေရာက သရုပ်ဆောင်နေရပါတယ်လို့ပြောပါတယ်..

အဲ့ဒိဇာတ်လမ်းအကျဉ်းလေးကတော့ ကိုယ့်ကိုလိုက်နေတဲ့ကောင်လေးနှစ်ယောက်ရဲ့အိုင်တင်နဲ့
စကားပြောအားလုံးတူနေတာကြောင့်စုံစမ်းတဲ့အခါ ဆရာကြီးဆိုသူနဲ့တွေ့ရပြီး မကြာခင်မှာ
အဲ့ဒိဆရာကြီးနဲ့ အကြောင်းပါသွားတာကြောင့်ချာတိတ်နှစ်ယောက်ကျန်နေခဲ့တဲ့ဇာတ်လို့
အကျဉ်းလေးပြောပြပါတယ်.

ယွန်းရွှေရည်ရဲ့ပရိတ်သတ်ဆို အဲ့ကားလေးထွက်ရင်အားပေးလိုက်ကြပါဦးနော်

ပြည်မြန်မာ

RangonNewsDaily:: January . 22 .2014
မယွန်းရွှေရည်ခေါင်းဆောင်မင်းသမီးနေရာကရိုက်နေတယ်ဆိုတဲ့သတင်းကြားလို့မေးကြည့်တာ.
"ဒီကိစ္စနဲ့ပတ်သက်လို့မနောက်ပါနဲ့" လို့အမည်ရတဲ့ကားထဲမှာ မိုးအောင်ရင် ၊ ဝေလျှံ ၊ ရဲအောင်
တို့နဲ့အတူ ခေါင်းဆောင်နေရာက သရုပ်ဆောင်နေရပါတယ်လို့ပြောပါတယ်..

မိုးကုတ်ရွှေဆိုင်နှစ်ဆိုင် ရွှေထည် သိန်း၅၀၀၀နီးပါး လူယက်ခံရကာ လူတစ်ဦးသေဆုံး

Photo: မိုးကုတ်ရွှေဆိုင်နှစ်ဆိုင် ရွှေထည် သိန်း၅၀၀၀နီးပါး လူယက်ခံရကာ လူတစ်ဦးသေဆုံး
Wednesday, January 22, 2014

မန္တလေး၊ မဇ္ဈိမ။ ။မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင်ရှိ သိန်း ၄၅၀၀ကျော်တန်ဖိုးရှိ ရွှေထည်များကို သေနတ်နှစ်လက်ပါသော လူ ၆ ဦးက ဝင်ရောက်လုယက်ကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတစ်ခု မိုးကုတ်မြို့ လူစည်ကားရာ အောင်ချမ်းသာ ဈေးအတွင်း၌ ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ဟု မိုးကုတ်မြို့ မြို့မရဲစခန်းမှ သိရသည်။

ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “မီလျံဆိုင်ရှင်ရဲ့ သားမက်က ပေါင်မှာ ဒဏ်ရာတစ်ချက်ရတယ်။ ရွှေဆိုင်နဲ့ မျက်စောင်းထိုးထောင့်လောက် နည်းနည်းခပ်လှမ်းလှမ်းက မှန်ဆိုင်ပိုင်ရှင် ထွက်ကြည့်လို့ဆိုပြီး
သေနတ်နဲ့ လှမ်းပစ်ခံရတာ။ သူကဆေးရုံးရောက်တော့ ဆုံးသွားတယ်” ဟု မဇ္ဈိမကို အတည်ပြုပြောသည်။

ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁နာရီ ၄၅ နာရီ ဝန်းကျင်တွင် မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက် အောင်ချမ်းသာရပ် ပတ္တမြားဈေးအတွင်း ဈေးရှေ့ဘက်ခြမ်း ရွှေဆိုင်တန်းတွင် ဖွင့်လှစ်ထားသော နဂါးရွှေဆိုင်နှင့်
မီလျံရွှေဆိုင်အတွင်းသို့ မျက်နှာတွင် မတ်စ် တပ်ဆင်ထားသည့် အသက် ၃၀ခန့်အရွယ်ရှိ စကားဝဲသော လူ ၆ ဦးခန့်သည် ပစ္စတိုနှစ်လက်ကိုင်ဆောင်ကာ မိနစ် ၂၀ခန့်အကြာ လာရောက်လုယက်မှု ဖြစ်ပွားခဲ့သည်ဟု မိုးကုတ်မြို့ မြို့မရဲစခန်းမှ သတင်းထုတ်ပြန်သည်။
လုယက်သူများ၏ ပစ်ခတ်မှုကြောင့် ပတ္တမြားဈေးအတွင်း မှန်ဆိုင်ဖွင့်ထားသော အောင်ချမ်းသာရပ်နေ အသက် ၅၉ နှစ်အရွယ် ဦးထန်းဗဟာဒူးမှာ လက်မောင်းမှ ဘယ်ဘက်ရင်အုံ ဖောက်ဝင်သွားသော ဒဏ်ရာရရှိပြီး မိုးကုတ်မြို့ ကုတင် ၁၀၀ဆံ့ ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။

မီလျံရွှေဆိုင်မှ ဆိုင်ရှင် အမျိုးသမီး၏ သားမက် အသက် ၂၉ နှစ်အရွယ် ကိုပြည့်ကျော်ကလည်း ဘယ်ဘက်ပေါင်တွင် သေနတ်ဒဏ်ရာရရှိသဖြင့် ကုတင် ၁၀၀ဆံ့ ဆေးရုံသို့ ပို့ပြီးကုသလျက်ရှိသည်။

အဆိုပါလုယက်မှုကြောင့် နဂါးရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၃၅၀၀ ခန့်၊ မီလီယံရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၂ ပိဿာခန့် လုယက်ခံရသည်ဟု မြို့မရဲစခန်းက သတင်းထုတ်ပြန်သည်။

Mizzima - News in Burmese

RangonNewsDaily:: January . 22 .2014
မန္တလေး၊ မဇ္ဈိမ။ ။မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင်ရှိ သိန်း ၄၅၀၀ကျော်တန်ဖိုးရှိ ရွှေထည်များကို သေနတ်နှစ်လက်ပါသော လူ ၆ ဦးက ဝင်ရောက်လုယက်ကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတစ်ခု မိုးကုတ်မြို့ လူစည်ကားရာ အောင်ချမ်းသာ ဈေးအတွင်း၌ ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ဟု မိုးကုတ်မြို့ မြို့မရဲစခန်းမှ သိရသည်။

မိုးကုတ်မြို့ အောင်ချမ်းသာဈေးအတွင်းရှိ ရွှေဆိုင်နှစ်ဆိုင်အား သေနတ်ကိုင်ဆောင်ထားသူ ခြောက်ဦးက ရွှေခြောက်ပိဿာခန့် ၀င်ရောက်လုယက်သွား

RangonNewsDaily:: January . 22 .2014
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်ရှိ အောင်ချမ်းသာဈေးအတွင်းမှ နဂါးရွှေဆိုင်နှင့် မီလီယံရွှေဆိုင်နှစ်ဆိုင်အား ဇန်န၀ါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က သေနတ်ကိုင်ဆောင်ထားသည့် လူခြောက်ဦးအဖွဲ့မှ ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့ပြီး ရွှေခြောက်ပိဿာခန့် လုယက်ခံခဲ့ရကာ သေနတ်ပစ်ဖောက်မှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး သွေးထိုးမှု HRW ဝေဖန်

Photo: မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး သွေးထိုးမှု HRW ဝေဖန်
Wednesday, January 22, 2014

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနား ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းစာဆရာများ အသင်းမှာ ကျင်းပပြီး မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေနဲ့ မူဆလင် လူနည်းစုအပေါ် ခွဲခြား ဖိနှိပ်မှုတွေကို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

HRW အဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သုတေသနမှူး Sunai Phasuk က ထိုင်းနိုင်ငံကို လှေနဲ့ ရောက်လာတဲ့ လှေစီးပြေး ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံဘက်က ပင်လယ်ပြင်ထဲကို အတင်း ပြန်မောင်းထုတ်ခဲ့တဲ့အကြောင်းနဲ့ တရားမ၀င် ၀င်ရောက်လာသူတွေအဖြစ် ဖမ်းဆီးခဲ့တဲ့အကြောင်း အခမ်းအနားမှာ အဓိက ပြောဆိုပါတယ်။

HRW အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Dave Mathieson ကတော့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မျိုးချစ်ဝါဒီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တချို့က အစ္စလာမ်ဘာသာကို ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ၀င်လာအောင် လှုံ့ဆော်ခဲ့တဲ့ အကြောင်းအရာဟာ အဓိက အကြောင်းအရာတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ကြောင့် တိုင်းပြည်တ၀ှမ်း မိတ္ထီလာ၊ လာရှိုးနဲ့ တခြားနေရာအနှံ့မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ အခြေအနေနဲ့အတူ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား စတဲ့နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

VOA

RangonNewsDaily:: January . 22 .2014
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနား ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းစာဆရာများ အသင်းမှာ ကျင်းပပြီး မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေနဲ့ မူဆလင် လူနည်းစုအပေါ် ခွဲခြား ဖိနှိပ်မှုတွေကို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

မိဘများ စဉ်းစားကြဖို့ လူငယ်နှင့် Internet & Game များ

RangonNewsDaily:: January . 22 .2014
မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ
တယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ်နေတာပါပဲ။  (မင်းဘာ
လုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်း
မထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

ဝိတ်ချထားတဲ့ ခန္ဓာကိုယ်အလှကို ပြသလိုက်တဲ့ Park Shin Hye

Photo: ၀ိတ်ချထားတဲ့ ခန္ဓာကိုယ်အလှကို ပြသလိုက်တဲ့ Park Shin Hye 
Wednesday, January 22, 2014

သရုပ်ဆောင် Park Shin Hye ဟာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ “Singles” မှာ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အလှကို ပြသထားပါတယ်။ ကာလာအရင့်တွေ သုံးထားတဲ့ print ၀တ်စုံနဲ့ မိတ်ကပ်ကိုတော့ ခပ်ကြမ်းကြမ်းလေး ခြယ်သထားပါတယ်။ သူမရဲ့ ကိုယ့်ကိုယ်ကို ယုံကြည့်မှု အပြည့်ရှိတဲ့ဟန်နဲ့ အသွင်အပြင်က မဂ္ဂဇင်းဖတ်သူတွေကို မြတ်နိုးနှစ်သက်စေပါတယ်။

          ဓါတ်ပုံရိုက်ကွင်းမှာ တာဝန်ယူရတဲ့သူတစ်ဦးကို မေးကြည့်တဲ့အခါ “စကားတွေ ရယ်ရယ်မောမောနဲ့ ပြောနေတဲ့သူမဟာ ရိုက်ကူးဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောသံကြားပြီး ကင်မရာရှေ့ သွားရပ်လိုက်တာနဲ့တပြိုင်နက် လုံးဝကို တခြားလူတစ်ယောက်လို ပြောင်းလဲသွားတော့တာပါပဲ။ စောစောကနဲ့ ဘာမှမဆိုင်တော့အောင်ကို အာရုံဝင်စားနိုင်ပါတယ်။ အံ့သြဖွယ်ကောင်းတဲ့ ချစ်စရာကောင်မလေးပါပဲ” လို့ပြောသွားပါတယ်။

          သူမဟာ “Royal Tailor” လို့အမည်ရတဲ့ ဇာတ်ကားကို နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားအဖြစ် ရွေးချယ်ထားပါတယ်။ ဒီဇာတ်ကားဟာ ချိုဆန်းခေတ်က စက်ချုပ်သမားတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပြီး သူမဟာ တော်ဝင်မိသားစုအတွက် အ၀တ်တွေချုပ်ပေးရတဲ့သူပါ။ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်မှာဖြစ်ပြီး တခြား သရုပ်ဆောင်တွေဖြစ်တဲ့ Han Suk Kyu , Go Soo, Yoo Yeon Suk နဲ့ Ma Dong Suk တို့ကလည်း ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

Trend Myanmar

RangonNewsDaily:: January . 22 .2014
သရုပ်ဆောင် Park Shin Hye ဟာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ “Singles” မှာ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အလှကို ပြသထားပါတယ်။ ကာလာအရင့်တွေ သုံးထားတဲ့ print ၀တ်စုံနဲ့ မိတ်ကပ်ကိုတော့ ခပ်ကြမ်းကြမ်းလေး ခြယ်သထားပါတယ်။

ကမ်းခြေတွင် ယောဂကျင့်စဉ် လေ့ကျင့်နေသည့် ဗြိတိန်မယ်စကြာဝဠာလေး အေမီ

Photo: ကမ်းခြေတွင် ယောဂကျင့်စဉ် လေ့ကျင့်နေသည့် ဗြိတိန်မယ်စကြာဝဠာလေး အေမီ
Wednesday, January 22, 2014

ကမ်းခြေတွင် ယောဂကျင့်စဉ် လေ့ကျင့်နေသည့် ဗြိတိန်မယ်စကြာဝဠာလေး အေမီ ဂရိတ်ဗြိတိန် ကိုယ်စားပြု မယ်စကြာဝဠာ ပြိုင်ပွဲဝင်မည့် အေမီသည် သူမ၏ ညီမဖြစ်သူ အီရင်နှင့်အတူ တီရီရေးဖ်ရှိ ကမ်းခြေတစ်ခုတွင် ယောဂလေ့ကျင့်နေသည်ကို တွေ့ရှိရ

ဗြိတိသျှ တက်သစ်စ မော်ဒယ်လ်လေး အေမီဝီလာတန်က သူမအနေဖြင့် အဘယ်ကြောင့် ကျန်းမာလှပနေသည်ဆိုသော လျှို့ဝှက်ချက် တစ်ခုကို ပရိသတ်များအတွက် အသိပေး လှစ်ဟပြလိုက်ပြီ ဖြစ်သည်။ အသက်(၂၁)နှစ်သာ ရှိသေးသည့် အေမီသည် ဂျိုဝီအက်ဆက်စ်နှင့် လမ်းခွဲပြီးသည့်တိုင် စိတ်ဖိစီးမှု မရှိအောင် အကောင်းဆုံး ထူထောင်နိုင်ခဲ့သည်။ ယင်းအတွက် သူမရွေးချယ်ခဲ့သည့် နည်းလမ်းမှာ ယောဂကျင့်စဉ် ဖြစ်သည်။ ဂရိတ်ဗြိတိန် ကိုယ်စားပြု မယ်စကြာဝဠာ ပြိုင်ပွဲဝင်မည့် အေမီသည် သူမ၏ ညီမဖြစ်သူ အီရင်နှင့်အတူ တီရီရေးဖ်ရှိ ကမ်းခြေတစ်ခုတွင် ယောဂလေ့ကျင့်နေသည်ကို တွေ့ရှိရသည်။

အဝါရောင် ရေကူးဝတ်စုံနှင့် ဆွဲဆောင်မှု အားကောင်းလှသည့် မိန်းမချောလေးတစ်ဦး ယောဂလေ့ကျင့်နေသည်မှာ ပတ်ဝန်းကျင်မှ လူတိုင်းအတွက် မျက်စိပသာဒ ဖြစ်စရာမျိုးအဖြစ် ဆွဲဆောင်နေသည်။ အေမီကဲ့သို့ပင် ချောမောလှပသည့် အီရင်ကလည်း အနက်ရောင် ရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး အစ်မနှင့် စိတ်တူကိုယ်တူ ယောဂ လေ့ကျင့်နေသည်ကို တွေ့ရသည်။

မယ်စကြာဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ခြင်း ခံရသူပီပီ ကျန်းမာစိုပြေသော အသားအရေမျိုး ပိုင်ဆိုင်ထားသော အေမီသည် စပိန်ကမ်းခြေ၏ နေရောင်ကို ခံယူရင်း ကျေနပ်နေဟန် ရှိသည်။ သူမသည် ယောဂလေ့ကျင့်ခန်း သင်တန်းတစ်ခုသို့ တက်ရောက်ခဲ့ပြီးနောက် ယင်းကျင့်စဉ်ကို အလွန်သဘောကျမိကြောင်း Twitterမှတစ်ဆင့် ပရိသတ်များထံ ဝေမျှခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: January . 22 .2014
ဗြိတိသျှ တက်သစ်စ မော်ဒယ်လ်လေး အေမီဝီလာတန်က သူမအနေဖြင့် အဘယ်ကြောင့် ကျန်းမာလှပနေသည်ဆိုသော လျှို့ဝှက်ချက် တစ်ခုကို ပရိသတ်များအတွက် အသိပေး လှစ်ဟပြလိုက်ပြီ ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာကြီး ပိုမို ပူးနွေးလာလို့ နာဆာပြော

Photo: ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာကြီး ပိုမို ပူးနွေးလာလို့ နာဆာပြော
Wednesday, January 22, 2014

အမေရိကန် အာကာသဆိုင်ရာ အေဂျင်စီ နာဆာအဖွဲ့ရဲ့အဆိုအရ ကမ္ဘာကြီးဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပိုမို ပူနွေးလာတယ်လို့ ဆိုပါတယ်။


အာကာသကနေ ရရှိတဲ့ အချက်အလက်ပေါ် မူတည်ပြီး နာဆာအဖွဲ့က ပြောဆိုထားတာဖြစ်ပါတယ်။

နာဆာအဖွဲ့လိုပဲ Oeanic and Atmospheric Admistration လို့ခေါ်တဲ့အဖွဲ့ကလည်း နာဆာအဖွဲ့လိုပဲ အချက်အလက်တွေကို သီးသန့်စီ စုဆောင်းခဲ့ပေမယ့် ရရှိထားတဲ့ အဖြေတွေမှာ ဆင်တူမှုတွေ တွေ့ရှိထားပါတယ်။

အဲဒီအချက်တွေထဲမှာ ကမ္ဘာ့အပူဆုံးနှစ် ၉ နှစ်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတော့ စတုတ္ထအပူဆုံးနှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံအတွက်တော့ ၂၀၁၃ ခုနှစ်ဟာ အပူဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ပူနွေးမှုအပြင် ပင်လယ်သမုဒ္ဒရာရဲ့ အပူချိန်လည်း မြင့်တက်လာပြီး ၂၀ ရာစုနှစ်က အပူချိန်နဲ့ယှဉ်ရင် သမုဒ္ဒရာအပူချိန်ဟာ ၀.၅ ဒီဂရီစဲလ်စိရပ်စ် ပိုပူလာတယ်လို့ သိရပါတယ်။

သမုဒ္ဒရာအပူချိန်ကနေ ကမ္ဘာ့ရာသီဥပြောင်းလဲမှုကို သိနိုင်တဲ့အတွက် အချက်အလက်စူးစမ်းလေ့လာတာတွေ ပြုလုပ်နေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အချက်အလက်စုဆောင်းရေးတွေ သေချာမလုပ်ထားတဲ့အပေါ် သုတေသီတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ သူတို့နိုင်ငံနဲ့ ဆက်စပ်တဲ့အချက်အလက်တွေ စုဆောင်းတာကိုသာ စိတ်ဝင်စားပြီး သမုဒ္ဒရာ အနက်ပိုင်းတွေမှာ အချက်အလက်တွေ စုဆောင်းတာနည်းပါးတဲ့အတွက် သုတေသနလုပ်ရာမှာ ခက်ခဲပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ခန့်မှန်းဖို့ အခက်အခဲဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။

ဒီတပတ်အတွင်း သြစတြေးလျနိုင်ငံ Hobart မြို့မှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ တက္ကသိုလ် ၃၉ ခုက သုတေသီတွေ စုပေါင်းပြီး ကမ္ဘာ့သမုဒ္ဒရာ လေ့လာရေးညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။

ရာသီဥတု ပူနွေးလာတဲ့အတွက် သြစတြေးလျမှာလည်း ရက်ရှည် အပူလွန်ကဲမှုဒဏ်တွေ ခံရ (Credit: ABC) 

ABC
ရာသီဥတု ပူနွေးလာတဲ့အတွက် သြစတြေးလျမှာလည်း ရက်ရှည် အပူလွန်ကဲမှုဒဏ်တွေ ခံရ (Credit: ABC)
RangonNewsDaily:: January . 22 .2014
အမေရိကန် အာကာသဆိုင်ရာ အေဂျင်စီ နာဆာအဖွဲ့ရဲ့အဆိုအရ ကမ္ဘာကြီးဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပိုမို ပူနွေးလာတယ်လို့ ဆိုပါတယ်။

ပညာရေးကောလိပ်များကို ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်မည်

RangonNewsDaily:: January . 22 .2014
နှစ်နှစ်သင် ပညာရေးကောလိပ်များကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့် သွားမည်ဖြစ်ပြီး ဆက်လက်၍ တက္ကသိုလ်များအဖြစ် တိုးမြှင့် ဆောင်ရွက်သွားမည်ဟု ဆရာအတတ် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာထူးထူးအောင်က ပြောသည်။

မင်္ဂလာဒုံမြို့နယ် စစ်သားစုဆောင်းရေးတပ် (လေ) ၀င်းအတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

မင်္ဂလာဒုံမြို့နယ် စစ်သားစုဆောင်းရေးတပ် (လေ) ၀င်းအတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ စစ်သားစုဆောင်းရေးတပ် (တပ်မတော်လေ) ၀င်းအတွင်း၌ ဇန်န၀ါရီ ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်က ဆီပေပါများ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်များ ခေတ္တရပ်ဆိုင်းခဲ့ရပြီး လေဆိပ်နာရီဝက်ခန့် ပိတ်ထားခဲ့ရသည်ဟု သိရသည်။

လောင်စာဆီပေပါပုံးများမှာ မီးလောင်ကျွမ်း၍ ပြင်းထန်စွာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ပြည်လမ်းမဘက်သို့ လွှင့်စင်မှုများ ဖြစ်ပွားခဲ့သည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း/ ပြည်ပ လေကြောင်းခရီးစဉ်များ ခေတ္တခဏပိတ်ခဲ့ပြီး ည ၇ နာရီအချိန်တွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။
ထို့အပြင် ပြည်လမ်းလမ်းမကိုလည်း အချိန်အတော်ကြာပိတ်ထားခဲ့ရကြောင်း သိရသည်။

"မီးစလောင်နေတာကတော့ ညနေ ၄ နာရီခွဲလောက်ကပဲ။ ခဏကြာတော့ လောင်စာဆီ ပေပါပုံးတွေ တ၀ုန်းဝုန်းနဲ့ ထပေါက်တာ ပေ ၅၀ လောက်အထိ မြင့်တက်သွားတယ်။ ပေါက်ကွဲတဲ့ ပုံးအရေအတွက်ကတော့ ၁၀ ပုံးအထက် ရှိပါတယ်။ ဒီနေရာက လေတပ်စစ်သား စုဆောင်းရေးနေရာဖြစ်တယ်။ အခုမီးလောင်ပေါက်ကွဲတဲ့ ဆီပေပါတွေကတော့ လေယာဉ်ဆီတွေလို့ ထင်ပါတယ်"ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာအနီးရှိ စာတိုက်မှတ်တိုင်အနီး၌ နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းမှုမှာ ဆီပေပါများဖြစ်သည့်အတွက် မီးမှာအရှိန်ပြင်းစွာ လောင်ကျွမ်းခဲ့ပြီး မီးသတ်ဆေးတစ်မျိုးဖြစ်သည့် ကာဗွန်အောက်ဆိုဒ်အရည်များဖြင့် ပတ်ဖြန်းမှသာ မီးမှာငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်ကား အစီး ၆၀ ခန့် လာရောက် ငြှိမ်းသတ်ခဲ့ရပြီး ည ၈ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

"မီးလောင်တာက လောင်စာဆီတွေ လောင်တာပါ။ ဘာကြောင့်လောင်ကျွမ်းရလဲဆိုတာကိုတော့ မသိရသေးပါဘူး။ မီးလောင်ကျွမ်းမှုကို level 5 အဖြစ် သတ်မှတ်ထားပါတယ်။ မီးသတ်ကား ၆၂ စီးလာရောက် ငြိမ်းသတ်တယ်လို့ ခန့်မှန်းထားတယ်"ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရက မီးငြှိမ်းသတ်နိုင်ခဲ့ပြီးနောက် ပြောကြားခဲ့ပြီး မည်သည့်ဆီအမျိုးစား လောင်ကျွမ်းခဲ့သည်ကို ပြောကြားခြင်းမရှိခဲ့ပေ။

အဆိုပါ မီးလောင်ကျွမ်းမှုအား အနီးကပ် ၀င်ရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်ဝန်ထမ်းတစ်ဦးမှာ မီးဟတ်ခံရမှုကြောင့် အရေးပေါ်လူနာတင်ယာဉ်ဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဇန်န၀ါရီ ၂၀ ရက်ကလည်း ရန်ကုန်မြို့ Ocean ကုန်တိုက်နှင့် မျက်နှာချင်းဆိုင် ပြည်လမ်းပေါ်ရှိ ဂျီအီး-၄ တပ်အတွင်း ဂိုဒေါင်တစ်လုံးမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံ စစ်သားစုဆောင်းရေးတပ် (တပ်မတော်လေ) ၀င်းအတွင်း မီးလောင်ကျွမ်းမှုမြင်ကွင်းများ (ဓာတ်ပုံ-ဝေလင်းအောင်)
မင်္ဂလာဒုံ စစ်သားစုဆောင်းရေးတပ် (တပ်မတော်လေ) ၀င်းအတွင်း မီးလောင်ကျွမ်းမှုမြင်ကွင်း
RangonNewsDaily:: January . 22 .2014
မင်္ဂလာဒုံမြို့နယ် စစ်သားစုဆောင်းရေးတပ် (လေ) ၀င်းအတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ စစ်သားစုဆောင်းရေးတပ် (တပ်မတော်လေ) ၀င်းအတွင်း၌ ဇန်န၀ါရီ ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်က ဆီပေပါများ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး