Pages

Pages - Menu

Wednesday, January 22, 2014

ဆန္ဒပြမှုများနှင့် ဗုံးပေါက်ကွဲမှုများ ပိုမိုများပြားလာသောကြောင့် ဘန်ကောက်မြို့ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

RangonNewsDaily:: January . 22 .2014
ဆန္ဒပြမှုများနှင့် ဗုံးပေါက်ကွဲမှုများ ပိုမိုပြင်းထန်များပြား လာေ သာကြောင့် ထိုင်းအစိုးရက ဘန်ကောက်မြို့နှင့်အနီး အနားခရိုင်အချို့ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။ လက်ရှိကြားဖြတ်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ထားသော ယင်လတ်ရှင်နာဝပ်ထရာ နုတ်ထွက်ရေးအတွက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများက ဘန်ကောက်မြို့ကို ပိတ်ဆို့ထားမှုများနှင့် ဗုံးပေါက်ကွဲ မှုများ များပြားပြင်းထန်လာ ခြင်းကြောင့်

ဘန်ကောက်မြို့နှင့် အနီးအနားခရိုင်များတွင် ရက် ပေါင်း ၆ဝအထိ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟုထိုင်းအစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဘန်ကောက်မြို့ ပိတ်ဆို့ဆန္ဒပြမှု အရေးနှင့် ပတ်သက်၍ ဇန်နဝါရီ ၂ဝ ရက်က အစိုးရအဖွဲ့အစည်းအဝေး ကျင်းပခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ ဒီဆုံးဖြတ်ချက်ကို အင်မတန် သတိထား ပြီးချခဲ့ရတာပါ အခုဖြစ်နေတဲ့အခြေအနေတွေကို ထိန်းသိမ်းပြီး တရားဥပဒေစိုးမိုးမှုအတွက် အရေးပေါ်အခြေအနေ ထုတ်ပြန် ဖို့ ဆုံး ဖြတ်လိုက်ရတာပါ'' ဟု ထိုင်းဒုဝန်ကြီးချုပ်ဆူရာပေါင်က ပြောသည်။

ယခုပြဋ္ဌာန်းလိုက်သော အရေးပေါ်အခြေအနေအရ သတင်းမီဒီယာကို ဆင်ဆာဖြတ်တောက်ခွင့်၊ လူစုလူဝေးမှုကို တားဆီးခွင့်နှင့် တရားစွဲ ဆိုခြင်းမပြုဘဲ ဖမ်းဆီးထိန်းသိမ်းခွင့်တို့ ပါရှိသည်။
ထို့အတူ ဘန်ကောက်မြို့ရှိ လိုအပ်သော နေရာအချို့တွင် နေ ဝင်မီးငြိမ်းအမိန့်နှင့် လိုအပ်ပါကအကန့်အသတ်မရှိ ကာဖျူး ထုတ်ခွင့်တို့ ပါရှိသည်။

သို့ရာတွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်အကြီးအကဲတို့ကမူ ယခု အချိန်အထိ ဆန္ဒပြပြည်သူတို့နှင့် ထိပ်တိုက်တွေ့မှုကို အတတ် နိုင်ဆုံး ရှောင်ရှား သွားမည်ဟု ဆိုကြသည်။

အရေးပေါ်အမိန့်ကို အကောင်အထည်ဖော်ရမည့်အလုပ် သမားဝန်ကြီး Chalerm Yubamrung က အစိုးရအနေနှင့် နိုင်ငံတကာစံများအတိုင်း လိုက်နာကျင့်သုံးသွားမည်ဟုဆိုသည်။

''ကျွန်တော်တို့ အင်အားသုံးဖို့ အတတ်နိုင်ဆုံး ရှောင်ရှား သွားမှာပါ။ သုံးတယ် ဆိုရင်တောင် အလွန်အကျွံမသုံးဖို့ ကတိ ပေးပါတယ်''ဟု ၄င်းကပြောသည်။

အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲကလည်း လို အပ်ပါက ဆန္ဒပြမှုများကို ကိုင်တွယ်ရန် ရဲတပ်ဖွဲ့အင်အားအလုံ အလောက်ရှိပြီး ယခုအမိန့်အရ ဆန္ဒပြမှုများကို ပိတ်ပင်ခွင့်ရှိ သည် ဟုဆိုသည်။ ဇန်နဝါရီ ၂ဝ ရက်နေ့တွင် ဘန်ကောက် ၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး လူ ၂၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

bangkok posts , kolatt(PBDN)
RangonNewsDaily



No comments:

Post a Comment