Pages

Pages - Menu

Friday, December 5, 2014

ဆမ်ဆောင်းနှင့်ပေါင်းသည့် MPT ကတ်သာ အင်တာနက် တန်းသုံးနိုင်မည်


RangonNewsDaily:: December . 5 .2014
ဆမ်ဆောင်းဟန်းဆက်နှင့်တွဲဖက် ရောင်းချသည့် ဆင်းကတ်များမှလွဲ၍ ဈေးကွက်အတွင်းရှိ မည်သည့် MPT ကတ်မဆို အင်တာနက်စနစ် မပါဝင်ဘဲ အသုံးပြုလိုပါ က ငွေသွင်းလျှောက်ထား ရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ သိရသည်။
လက်ရှိတွင် မိုဘိုင်းဖုန်းဈေးကွက် တွင် ရောင်းချနေသူများကMPT ဆင်း ကတ်များမှာ အင်တာနက်စနစ် လျှောက် ထားစရာမလိုဘဲ တန်းသုံးနိုင်သည့် အပြင် ယခင်ေ ရာင်းချထားခဲ့သည့် ကျပ် တစ်ဆယ့်ငါးသိန်း၊ ကျပ်ငါးသိန်း၊ ကျပ် နှစ်သိန်းဖုန်းများပါ လျှောက်ထားစရာ မလိုဘဲ အင်တာနက်သုံးနိုင်တော့မည် ဟု လိမ်လည်ပြောဆို ရောင်းချ လျက်ရှိ နေသည်။
အဆိုပါသတင်းများနှင့်ပတ်သက် ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူးအဆင့် ရှိသူတစ်ဦးက ”ကျွန်တော်တို့ တရားဝင် ရောင်းချပေးနေတဲ့ ရန်ကုန်စာတိုက်ကြီး ရဲ့ ဆင်းကတ်တွေအပါအဝင် ဈေး ကွက်ထဲက ကတ်တွေအားလုံးကျပ်တစ် သောင်းနဲ့ အင်တာနက်သုံးဖို့ လျှောက်ရ မှာပါ။ ဆမ်ဆောင်းတစ်ခုပဲ Promotion အနေနဲ့ ပူးပေါင်းထားလို့ အင်တာနက် ဖွင့်ပေးထားတာပါ” ဟု ပြောသည်။
::
လက်ရှိ ဆမ်ဆောင်းနှင့်ပူးပေါင်း ထားသည့် Promotion မှာ Note 4 ဟန်းဆက် ဝယ်ယူပါက အင်တာနက် အသင့်ဖွင့်ထားသည့် MPT ဆင်းကတ် နှင့် ငွေဖြည့်ကတ် ကျပ်တစ်သောင်း ထည့်သွင်းပေးထားကြောင်း၊ ဒီဇင်ဘာ လကုန်အထိလုပ်ဆောင်ထားကြောင်း ဆမ်ဆောင်းကုမ္ပဏီမှ သိရသည်။

”ဆမ်ဆောင်းမြန်မာပြည်Head of Sale ကိုဇာနည်ဝင်းထက်က ”ကျွန် တော့်ဆီကပေးတဲ့ ကတ်တွေကို ဈေး ကွက်မှာ ပြန်ရောင်းလို့ အခုလိုဖြစ်တယ် ထင်ပါတယ်” ဟု ပြောသည်။
ယင်းအခြေအနေကြောင့် ဈေးကွက် အတွင်းရှိ MPT ဆင်းကတ်များ၏ ဈေးနှုန်းမှာလည်း အနည်းငယ်မြင့်တက် သွားခဲ့ပြီး အချို့သောဆိုင်များတွင် ဈေးမြှင့်၍ တစ် ဆင့်ပြန်လည်ရောင်းချနိုင် ခြင်းပင်မရှိတော့ကြောင်း သိရသည်။
::
ကျောက်တံတားမြို့နယ် မဟာဗန္ဓု လလမ်း၊ ပန်းဆိုးတန်းအနီးရှိ MPT ဆင်းကတ် ရောင်းချနေ
သူတစ်ဦး က ”တစ်ဆင့်ဝယ်ယူပြီး ရောင်းတာပါ။ ၁ ရက် နေ့ကစပြီး အင်တာနက်တွေဖွင့်မယ် ဆိုပြီးတော့ ရောင်းပါတယ်။ ဒါပေမဲ့ အခုထိ မပွင့်သေးဘူး။ တတိယ အပတ်လောက်မှပဲ ပွင့်
မယ်ဆိုတာ ပြောနေကြ ပါတယ်။ ဈေးကတော့ နည်းနည်းတက် လာလို့ ဝယ်မရဖြစ်နေပါတယ်” ဟု ပြောသည်။
::
လက်ရှိ MPT ဆင်းကတ်၏ ပေါက်ဈေးမှာ နံပါတ်အပူးဂဏန်း ယူ မည်ဆိုပါက ကျပ် ၆ဝဝဝ နှုန်းဖြစ်ပြီး ရိုးရိုးနံပါတ်အတိုင်း ဝယ်ယူပါက ကျပ် ၅ဝဝဝ နှုန်းဖြစ်ကြောင်း၊ ယခင်ဈေး ထက် ထက်ဝက်ကျော် ဈေးတက်ခဲ့ ကြောင်း ဈေးကွက်မှ သိရသည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment