RangonNewsDaily:: December . 5 .2014
မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ် ဂျုံအန်း နဲ့ နာမည်တူတဲ့ သူတွေ အားလုံးကို သူတို့ နာမည်တွေ ပြောင်းကြဖို့ ညွှန်ကြား ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒီလို ညွှန်ကြားချက်ကို လက်ရှိ ခေါင်းဆောင် ကင်မ် ဂျုံအန်းရဲ့ ဖခင် ကင် ဂျုံအီးလ် အသက်ရှင်လျက် ရှိနေသေးတဲ့ ၂၀၁၁ ကတည်းက ထုတ်ပြန် ခဲ့တာလို့ တောင်ကိုရီးယား မီဒီယာတွေက ဆိုပါတယ်။
နောက်မှ မွေးလာတဲ့ ကလေးတွေကိုလည်း ဒီအမည် လုံးဝ မပေးစေရသလို၊ အမည်တူ ရှိပြီးသား လူတွေကလည်း မွေးစာရင်းနဲ့ အိမ်ထောင်စု စာရင်းတွေမှာ အမည် ပြောင်းကြ ရမယ်လို့ ညွှန်ကြားထားကြောင်း ဆိုပါတယ်။
::
ဒီ ညွှန်ကြားချက်က လူ ဘယ်နှစ်ယောက်ကို ထိခိုက်သလဲ ဆိုတာ မသိရပေမယ့် မြောက်ကိုရီးယားမှာ ကင်မ် ဆိုတဲ့ မိသားစု အမည်ရှိသူ ၂၀ ရာခိုင်နှုန်းလောက် ရှိကြပြီး ဂျုံအန်း ဆိုတဲ့ နာမည်ဟာလည်း ရှားပါးတဲ့ အမည် မဟုတ်ကြောင်း သိရပါတယ်။

BBC ::--KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment