Pages

Pages - Menu

Tuesday, December 30, 2014

တက္ကသိုလ်အင်ဂျင်နီယာ ပညာရေး နှစ်(၉၀) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ် နှစ်(၅၀)ပြည့် အခမ်းအနားကျင်းပ


RangonNewsDaily:: December . 30 .2014
မြန်မာနိုင်ငံ တက္ကသိုလ် အင်ဂျင်နီယာ ပညာရေးနှစ်(၉၀)ပြည့်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်နှစ် (၅၀)ပြည့် ရွှေရတုအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန် နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဟောင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း၌ ရွှေရတုစွယ်တော်မြိုင်တန်းနှင့် ရွှေရတုလမ်းဖွင့်လှစ်ခြင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများက အမှတ်တရစကားပြောကြားပြီး မျိုးဆက်ဟောင်းနှင့်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာဖျော်ဖြေပွဲများအပြင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများအား ညစာဖြင့်ဧည့်ခံခဲ့ကြောင်း သိရသည်။

ရွှေရတုအခမ်းအနားသို့ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်း၊ အဆင့်မြင့်နည်းပညာ
တက္ကသိုလ်များဦးစီးကော်မတီဥက္ကဋ္ဌ ဦးညီလှငယ်၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာေ
အးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ကျောင်းသား၊ ကျောင်းသူဟောင်းပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။
::
‘‘အင်ဂျင်နီယာပညာရပ်နှစ် (၉၀)ပြည့်အချိန်အတွင်း ပါဝင် ဆောင်ရွက်ခဲ့ကြသူများနှင့် ရန်ကုန်တက္ကသိုလ် နှစ် (၅၀)ပြည့် ရွှေရတုအထိ ဆောင်ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို အာဆီယံနိုင်ငံများတွင် အဆင့်အမြင့်ဆုံး တက္ကသိုလ်တစ်ခုဖြစ်အောင် ကြိုးပမ်းသွားပါမယ်’’ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် လက်အောက်ရှိ အင်ဂျင်နီယာမဟာ ဌာန၌ ၁၉၂၀ ပြည့်နှစ်တွင် တက္ကသိုလ်
အဆင့်အင်ဂျင်နီယာပညာ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခု နှစ်တွင် နှစ်(၉၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ်ကို ၁၉၆၁ မှ ၁၉၆၃ ခုနှစ်အထိ (Burma Institute of Technology)ဟု ခေါ်ဝေါ်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ရန်ကုန်စက်မှု တက္ကသိုလ် (Rangoon Institute of Technology)ဟု ပြောင်းလဲ ခေါ်ဆိုခဲ့ကာ ရန်ကုန်တက္ကသိုလ်၏ လက်အောက်ဌာနအနေဖြင့် အင်ဂျင်နီယာမဟာဌာနအဖြစ် တည်ရှိခဲ့သည်။
::
၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်အဆင့်အဖြစ် တရားဝင်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယခု နှစ်တွင် နှစ် (၅၀)ပြည့်မြောက်ခဲ့ကြောင်း ဦးညီလှငယ်က ရှင်းပြသည်။
::
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ၂၀၁၃ ခုနှစ်မှစ၍ ဘွဲ့ ကြိုအင်ဂျင်နီယာဘာသာရပ် ၁၁ ခုနှင့် ဗိသုကာဘာသာရပ်တစ်ခု စုစုပေါင်းဘာသာရပ် ၁၂ ခုကို စာသင်နှစ်တစ်နှစ်လျှင် ကျောင်းသား ဦးရေ သုံးရာအားလက်ခံသင်ကြားပေးလျက်ရှိပြီး ဘွဲ့လွန်မဟာ၊ ပါရဂူဘွဲ့များအတွက် တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ကျော် ရှိကြောင်း သိရသည် ။

KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment