Pages

Pages - Menu

Tuesday, December 30, 2014

မိတ္ထီလာ အရေးအခင်းမှ ဒုက္ခသည်များကို ကယ်ဆယ်သူ ဆရာတော်အား လောကပါလဆု ချီးမြှင့်မည်

RangonNewsDaily:: December . 30 .2014
လူမှုကူညီရေးအသင်း ငါးဖွဲ့ ပူးပေါင်းကာ ကျင်းပမည့် သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးပွဲတော်တွင် မိတ္ထီလာ အရေးအခင်း ဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူ ဆရာတော် ဦးဝိသုဒ္ဓအား ငြိမ်းချမ်းရေး ဆောင်ရွက်မှုအဖြစ် လောကပါလဆု ချီးမြှင့်မည်ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ ဥက္ကဋ္ဌ ဦးလေးမြင့်အောင်က ပြောကြားသည်။
၂၀၁၃ ခုနှစ် မတ်လတွင် လူမျိုးရေးအခြေခံကာ ဖြစ်ပွားခဲ့သည့် မိတ္ထီလာ ပဋိပက္ခတွင် ဒုက္ခရောက်ခဲ့သူ ဗုဒ္ဓဘာသာဝင် ၃၀၀ ကျော်နှင့် မွတ်ဆလင် ဘာသာဝင် ၅၀၀ ကျော်ကို ကယ်ဆယ်စောင့်ရှောက်ခဲ့သည့် မိတ္ထီလာမြို့ ရတနာဦး ကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓကို လောကပါလဆု ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဖွဲ့ငါးဖွဲ့လုံးပေါင်းပြီး ဆုပေးဖို့ ဆုံးဖြတ်တဲ့အခါမှာ အဖွဲ့တိုင်းက ဆရာတော်ကိုပဲ တင်ကြတာကြောင့် ဆရာတော်ကို ဆုပေးမှာပါ” ဟု ၎င်းက ပြောဆိုသည်။
::
အဆိုပါ လောကပါလဆုကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အာရှအလင်းရောင် ကျောင်းတိုက်၌ ကျင်းပမည့် သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးပွဲတော်တွင် ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုကြေးငွေအဖြစ် ကျပ် သိန်း ၂၀ ခန့် ပေးအပ်သွားမည် ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ ဥက္ကဋ္ဌ ဦးလေးမြင့်အောင်က ပြောကြားသည်။

အာရှအလင်းရောင် ဖောင်ဒေးရှင်း၊ သန္တိသုခ လူမှုကူညီရေးအသင်း၊ လောကအလင်း၊ ပေါင်းကူး၊ စိမ်းလန်းပြင်ဦးလွင် အဖွဲ့ငါးခု ပေါင်းစည်းကာ ပြင်ဦးလွင်မြို့နယ် အနီးစခန်းရှိ အာရှအလင်းရောင် ကျောင်းတိုက်တွင် သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးပွဲတော်ကို ၂၀၁၀ ပြည့်နှစ်ကတည်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သူတစ်ဦး ရွေးချယ်ကာ နှစ်စဉ်ဆုပေးခြင်းကို ယခုနှစ်မှ စတင်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင် အဖွဲ့ထံမှ သိရသည်။
::
၂၀၁၃ ခုနှစ်တွင် ရွှေအရောင်းအဝယ် ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည်ကို အခြေခံကာ ဘာသာရေးပဋိပက္ခ ဖြစ်ပွားခဲ့သည့် မိတ္ထီလာဖြစ်ရပ်နှင့် ပတ်သက်၍ အမှုပေါင်း ၂၁ မှုတွင် အပြန်အလှန် မီးရှို့မှုမှာ ၁၉ မှု ရှိသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment