Pages

Pages - Menu

Sunday, December 7, 2014

ဖိလစ်ပိုင်တွင် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လာနိုင်သောကြောင့် စာသင်ကျောင်းများ ပိတ်ထားပြီး သတိပေးချက်များ ထုတ်ပြန်

RangonNewsDaily:: December . 7 .2014
ဖိလစ်ပိုင်နိုင်ငံ တွင် အင်အားပြင်း Hagupit တိုင်ဖွန်းမုန်တိုင်း တိုက်ခတ် လာနိုင် သောကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း Haiyan တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့သော နေရာများတွင် ကြိုတင် ဆောင်ရွက်မှု အနေဖြင့် စာသင်ကျောင်းများ ပိတ်ထားခြင်း၊ စစ်ဘက် တပ်ဖွဲ့ဝင် များအား သဘာဝ ဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်၍ ကြိုတင်နေရာ ချထားခြင်း နှင့် အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ (APEC) အစည်းအဝေး ပြုလုပ်မည့် နေရာအား ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။ 
အဆိုပါ Hagupit မုန်တိုင်းသည် မင်ဒါနာအိုကျွန်း တောင်ဘက်ပိုင်း Surigao မြို့ အရှေ့ဘက် ၁ဝ၂၃ ကီလိုမီတာ (၆၃၆ မိုင်) အကွာတွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၇၅ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်လျက် ရှိကြောင်းနှင့် လေပြင်း တိုက်ခိုက်မှု အနေဖြင့် တစ်နာရီလျှင် ၂၁ဝ ကီလိုမီတာနှုန်း အထိ တိုက်ခတ် လာနိုင်ကြောင်း မိုးလေဝသ ဌာနက ပြောကြား ခဲ့သည်ဟု သိရသည်။

Visayas ကျွန်းရှိ ပြည်နယ် ၃ ခုတွင် စာသင်ကျောင်းနှင့် ပညာရေးဌာနများ ပိတ်ထား ခဲ့ကြောင်း၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး စစ်သည်များအား ပြင်ဆင် ထားရှိကြောင်း ဖိလစ်ပိုင်တပ်မတော်၏ အမှတ်(၇) အရပ်ဘက် ဆက်ဆံရေး အဖွဲ့ အကြီးအကဲ ဗိုလ်မှူး Emmanuel Garcia က ပြောကြား ခဲ့သည်။

ဒီဇင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ APEC အဆင့်မြင့် အရာရှိကြီးများ အဆင့် အစည်းအဝေး ကျင်းပမည့် နေရာဖြစ်သော Albay ပြည်နယ်သည် မုန်တိုင်း မကြာခဏ တိုက်ခတ်လေ့ ရှိသောကြောင့် အစည်းအဝေး ကျင်းပ ပြုလုပ်မည့် နေရာအား မနီလာမြို့ သို့ ပြောင်းရွှေ့ခဲ့ ရကြောင်း အစိုးရအဖွဲ့ အလုပ် အမှုဆောင် အတွင်းရေးမှူး Paquito Ochoa က ပြောကြား ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံတွင် နှစ်စဉ် ဆိုင်ကလုန်း မုန်တိုင်း ပျမ်းမျှအကြိမ် ၂ဝ ခန့် တိုက်ခတ်ခံ ရလေ့ ရှိကြောင်း သိရှိရသည်။


KOLATT(PBDN)

RangonNewsDaily




No comments:

Post a Comment