RangonNewsDaily:: December . 7 .2014
ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအြေ ခခံပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည်တည်ဆောက်နေရတဲ့ နိုင်ငံတနိုင်ငံမှာ အမျိုးသားအမျိုးသမီးတန်းတူရေးဟာ လည်း အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ကိစ္စရပ်တခုပဲဖြစ်တယ်လို့ သမ္မတဦးသိန်စိန်က နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသမီးဖိုရမ်ဆွေးနွေးပွဲမှာ ပြောပါတယ်။
thein sein“အမျိုးသမီးများ နိုင်ငံရေးမှာ တန်းတူညီမျှပါဝင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ တန်းတူညီမျှအခွင့်အရေးရရှိရေးကိုလည်း ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ် ။
“အသွင်ကူးပြောင်း စ မြန်မာနိုင်ငံလို နိုင်ငံတနိုင်ငံမှာ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုထားတဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်ဆိုတာ ကျနော့်အနေနဲ့ လေးနက်စွာ အသိအမှတ်ပြုပါတယ်” လို့ သမ္မတဦးသိန်စိန်က ပြောဆိုသွားပါတယ်။
ဒီဖိုရမ်မှာ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တတ်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး တိုင်းပြည်အပြောင်းအလဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍအရေးကြီးပုံနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ နည်းမှန်လမ်းမှန်နဲ့ ပိုမိုပါဝင်ဖို့လို တယ်လို့ ပြောကြားသွားပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၅ ရာခိုင်နှုန်းပဲ အမျိုးသမီးတွေရှိပါတယ်။ဒါဟာ အလွန်နည်းတဲ့ ရာခိုင်နှုန်းပါ။ အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အနိမ့်ဆုံး ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုကို တိုးမြှင့်ဖို့ လိုပါတယ်။”
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်ကို မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက်ကျင်းပတာ ဖြစ်ပါတယ်။
DVB ::-- KOLATT(PBDN)
RangonNewsDaily
ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအြေ
thein sein“အမျိုးသမီးများ နိုင်ငံရေးမှာ တန်းတူညီမျှပါဝင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ တန်းတူညီမျှအခွင့်အရေးရရှိရေးကိ
“အသွင်ကူးပြောင်း စ မြန်မာနိုင်ငံလို နိုင်ငံတနိုင်ငံမှာ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုထားတဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်ဆိုတာ ကျနော့်အနေနဲ့ လေးနက်စွာ အသိအမှတ်ပြုပါတယ်” လို့ သမ္မတဦးသိန်စိန်က ပြောဆိုသွားပါတယ်။
ဒီဖိုရမ်မှာ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တတ်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး တိုင်းပြည်အပြောင်းအလဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍအရေးကြီးပုံနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ နည်းမှန်လမ်းမှန်နဲ့ ပိုမိုပါဝင်ဖို့လို တယ်လို့ ပြောကြားသွားပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၅ ရာခိုင်နှုန်းပဲ အမျိုးသမီးတွေရှိပါတယ်။ဒါဟာ အလွန်နည်းတဲ့ ရာခိုင်နှုန်းပါ။ အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အနိမ့်ဆုံး ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုကို တိုးမြှင့်ဖို့ လိုပါတယ်။”
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်ကို မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက်ကျင်းပတာ ဖြစ်ပါတယ်။
DVB ::-- KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment