Pages

Pages - Menu

Tuesday, December 2, 2014

ထိုင်းနိုင်ငံရှိ ပလတ်စတစ်စက်ရုံမီးလောင်၊ မြန်မာ လုပ်သားများ၏ ပတ်စပို့နှင့်ဘဏ်စာအုပ်များ ပါသွား

RangonNewsDaily:: December . 2 .2014
ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့အနီး ဖလန်းဆောင်ရပ်ကွက် ရှိ မြန်မာလုပ်သား ၂၀၀ ကျော် လုပ်ကိုင်သော ပလတ်စတစ်စက် ရုံတစ်ရုံတွင် နိုဝင်ဘာ ၂၈ ရက်က မီးလောင်မှုဖြစ်ပွားရာ မြန်မာလုပ် သားများ၏ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) များနှင့် ဘဏ်စာအုပ်များ မီးလောင်ရာတွင် ပါသွား ကြောင်း သတင်းရရှိသည်။
‘‘မနေ့ကတည်းက စက်ရုံ ကြီး မီးလောင်နေတာမြင်ရတယ်။ မြန်မာလုပ်သားတွေ ပါမှာပဲလို့ စိတ်ပူနေတာ။ ဒီနေ့သွားကြည့် တော့ အဲဒီစက်ရုံမှာ မြန်မာလုပ် သားတွေ နှစ်ရာကျော်ရှိတယ်။ တချို့က ပတ်စ်ပို့စာအုပ်တွေ၊ တချို့က ဘဏ်ကတ်တွေပါကုန် ပါတယ်။ ထမင်းစားလွှတ်ချိန် လောင်တာဆိုတော့ လူတွေကတော့ အထိအခိုက်မရှိပါဘူး။

စက်ရုံက ပုံမှန်ငွေထုတ်ရက်က လာမယ့် တနင်္လာနေ့ကျမှပါ။ ဒါပေမဲ့ ဒီနေ့ ထုတ်ပေးတာ ဘဏ်ကတ် မီးထဲမပါသူတွေက ရကြပြီး အနည်းငယ်ပဲ မရဘဲရှိနေပါတယ်’’ ဟု မီးလောင်ရာစက်ရုံရှိ မြန်မာလုပ် သားများကို သွားရောက်ကူညီ ပေးသော ထိုင်းနိုင်ငံ အောင်သပြေကျောင်းဆရာတော် ဦးဇောတိက ကမိန့်သည်။
::
ဆရာတော်ဦးဇောတိကနှင့် ထိုင်းနိုင်ငံမြန်မာသံရုံးမှ အလုပ် သမားရေးရာသံအရာရှိဦးသိန်း နိုင်တို့သည် မီးလောင်မှုကြောင့် ဒုက္ခရောက်နေသော မြန်မာလုပ် သားများထံသွားရောက်၍ အလှူ ငွေထိုင်းဘတ် ၁၀,၀၀၀ ပေး အပ်ခဲ့ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။
::
‘‘စက်ရုံက သူဌေးနဲ့ အကုန် လုံး ငွေရေးကြေးရေးကိစ္စတွေပြီးပြတ်ရင် အလုပ်သမားတွေ အတွက် မြန်မာသံရုံးအလုပ်သမားသံအရာရှိကအားလုံးကို အလုပ်အသစ်ပြန်ရဖို့နဲ့ အလုပ်ရှာပေးဖို့တာဝန်ခံထားပါတယ်’’ ဟု ဆရာတော်ဦးဇောတိက က မိန့်ကြားသည်။

7Day ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment