Pages

Pages - Menu

Wednesday, December 3, 2014

ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စောင့်ကြည့် ညွှန်ကြားနေ

RangonNewsDaily:: December . 3 .2014
ရန်ကုန်မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စိတ်ဝင်တစား စောင့်ကြည့်၍ လမ်းညွှန်မှုများ ပြုလုပ် နေကြောင်း ယမန်နေ့ က ကျင်းပသော အများပြည်သူ သွားလာရေး လွယ်ကူ ချောမွေ့စေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား လိုက်သည်။ ယာဉ်ကြော ပိတ်ဆို့မှု တွေကို ဖြေရှင်းဖို့ အတွက် ဆိုရင် နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်လည်း စိတ်ဝင်တစား လမ်းညွှန်နေ တာကို သိစေချင် ပါတယ်။ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ လမ်းညွှန် သလို ပံ့ပိုးရမယ့်ဟာ တွေလည်း ပံ့ပိုးပေးဖို့ ဆိုပြီး မကြာခဏ ကျွန်တော် တို့ကို အကြောင်း ကြားနေတာလည်း ရှိပါတယ် ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ 
တစ်နိုင်ငံလုံးတွင် မှတ်ပုံတင် ထားသော ကားများ၏ သုံးပုံ နှစ်ပုံသည် ရန်ကုန်မြို့ တွင်ရှိ နေပြီး ယာဉ်ကြော ပိတ်ဆို့မှုကို အချိန်မီ ကြိုတင် တားဆီးနိုင်ခြင်း မရှိပါက ရေရှည်တွင် ဒုက္ခများကို ခံစားကြ ရမည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သို့ ပြည်ပမှ တစ်လလျှင် ကားအစီးရေ နှစ်သောင်း တင်သွင်းနေရာ ယာဉ်ကြော ပိတ်ဆို့မှုနှင့် ပတ်သက်၍ အများပြည်သူက ၀ိုင်းဝန်း အကြံပေး ကြရန်လည်း ၎င်းက တိုက်တွန်း ပြောကြားသည်။ ယာဉ်ကြော ပိတ်ဆို့မှုများ အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဘတ်ဂျက် တင်ပြ တောင်းခံ ထားကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော် အကြီးအကဲဟာ နေ့တိုင်း နေ့တိုင်းမှာ ညနေ၊ မနက် နေ့လယ်ပိုင်း တောက်လျှောက် ဒီဟာတွေကို အကုန်လုံး ကြားသိနေပါတယ်။ နောက်ပြီး ပြည်သူတွေ ကားခ ငါးဆယ် ပြောတယ်၊ နှစ်ရာ ဖြစ်သွားတယ်။ အလုပ်တွေ သွားတယ်။ နောက်ကျတယ်။ ရုံးမှာ Fine ထိတယ်။ ဒီပြဿနာ တွေကို နိုင်ငံတော် အကြီးအကဲထံကို နေ့စဉ်နဲ့ အမျှ ၀င်နေပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုး က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြော ပိတ်ဆို့မှုများ နေ့စဉ် ဖြစ်ပေါ်နေ သောကြောင့် ယခုအခါ တချို့လမ်း များတွင် ခရီးသည်တင် ကားများ သီးသန့် သွားလာရန် စီစဉ် ဆောင်ရွက်နေကြောင်း ရန်ကုန် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ်က ပြောသည်။ ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် သွားလာရာတွင် မလိုအပ်ဘဲ အချိန် ကြန့်ကြာနေ ရပြီး အခက်အခဲများ ဖြစ်ပေါ် နေကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

The Messenger, 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment