Pages

Pages - Menu

Friday, December 12, 2014

ကျန်းမာရေးအာမခံစနစ်ကို တစ်ယူနစ်လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် လာမည့်နှစ်ဆန်းပိုင်းမှ စတင်ကာ မြန်မာ့အာမခံလုပ်ငန်းမှ ရောင်းချမည်

RangonNewsDaily:: December . 12 .2014
ကျန်းမာ ရေးစောင့်ရှောက်မှုအာမခံအမျိုး အစားကို တစ်ယူနစ်လျှင် ငွေကျပ် ငါးသောင်းဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ် ငန်းမှ သိရသည်။
အဆိုပါ ကျန်းမာရေးစောင့် ရှောက်မှု အာမခံအမျိုးအစားကို မြန်မာ့ အာမခံလုပ်ငန်းမှ လာမည့် နှစ်ဆန်းပိုင်းမှစတင်ကာ ယူနစ်စနစ် ဖြင့် ရောင်းချနိုင်ရန် စီစဉ်လျက်ရှိပြီး ယင်းအာမခံကို စတင်ရောင်းချရာ၌ တစ်ယူနစ်လျှင် ငွေကျပ်ငါးသောင်း ဖြင့် တစ်ဦးလျှင် အများဆုံး ငါးယူ နစ်ထိ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသိရသည်။

မြန်မာ့အာမခံလုပ်ငန်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးအေး မင်းသိန်းက ''ကျန်းမာရေးအာမခံ အမျိုးအစားကို တစ်ယူနစ်ကနေ ငါးယူနစ်ထိ ဝယ်နိုင်တယ်။ သူက တစ်နှစ်အကျုံးဝင်တယ်။ တစ်နှစ် အတွင်းမှာ တစ်ခုခုထိခိုက်မှုဖြစ်လို့ ဆေးရုံတက်ရရင် တစ်ယူနစ်အတွက် တစ်ရက်ကို တစ်သောင်းခွဲနဲ့ ရက် ၃ဝထိလျော်ပေးတယ်။ တကယ်လို့ ဆေးရုံတက်နေစဉ်မှာပဲ သေဆုံး မယ်ဆိုရင် ၁ဝသိန်းလျော်ပေးတယ်။ ၁ဝသိန်းမှာ ဆေးရုံတက်လို့ တစ် ရက်ကို တစ်သောင်းခွဲလျော်ပေးရ တဲ့ လျော်ကြေးငွေတွေကိုတော့ ပြန် နုတ်တာပေါ့''ဟု ပြောသည်။

အဆိုပါအာမခံထားရာတွင် ထားရှိမည့်သူမှာ မြန်မာ့အာမခံလုပ် ငန်းမှမေးသည့် အချက်အလက်များ ကို မှန်ကန်စွာဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ဦးအေးမင်းသိန်းက ''အာမခံ ထားမယ်ဆိုရင် မေးတဲ့အချက်အ လက်ကို အမှန်အတိုင်းဖြေရမယ်။အမှန်အတိုင်းဖြေရင်တော့ မစစ်ဘဲ ထားခွင့်ပြုမှာပါ။ တကယ်လို့အမှန် အတိုင်း မဖြေဘူးလို့ထင်ရင်တော့ ဆေးစစ်မယ်။

ဥပမာ-ဆေးလိပ် သောက်ပြီး မသောက်ဘူးလို့ လိမ် ဖြေရင်တော့ ထားလို့ရမှာ မဟုတ် ဘူး။ သောက်လို့သောက်တယ်ဖြေ ရင်အာမခံထားလို့ရမှာပါ''ဟု ပြော သည်။

အဆိုပါကျန်းမာရေးအာမခံ အမျိုးအစားကို ဆေးရုံများနှင့်ချိတ် ဆက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းအာမခံအမျိုးအစားကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီတူဒေး , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment