Pages

Pages - Menu

Friday, December 12, 2014

စစ်ဒဏ် ဗုံးဒဏ်ကြားက နာမည်ကျော်လာသည့် အာဖဂန် ဘရုစ်လီ


RangonNewsDaily:: December . 12 .2014
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်က ဗုံးဒဏ်သင့် နန်းတော် အပြိုအပျက်တွေ ကြားထဲမှာ အာဖဂန်ရဲ့ ဘရုစ်လီလို့ နာမည်ကျော်လာတဲ့ အာဖဂန်လူငယ်တဦး ပေါ်ပေါက်လာပါတယ်။
သူဟာ ဟောင်ကောင် ကွန်ဖူးသူရဲကောင်း ဘရုစ်လီနဲ့ အလွန်ဆင်တူတယ်လို့ နာမည်ကျော်လာပြီး၊ သူ့ရဲ့အောင်မြင်မှုဟာ အင်တာနက်ကနေတဆင့် စစ်ဒဏ်၊ ဗုံးဒဏ် ခံနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ကိုတောင် ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီ ရောက်ရှိပျံ့နှံ့လာပါတယ်။

“Bruce Hazara” ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ အသက် ၂၀ အရွယ် အက်ဘာစ် အလီဇာဒါရဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာ ဘရုစ်လီရဲ့ နာမည်ကျော် နောက်ကျွမ်းပစ်ပြီး တိုက်ခိုက်နေဟန်တို့ကို သရုပ်ပြ ရိုက်ကူးထားပါတယ်။

ဒီသီတင်းပတ်မှာတော့ သူ့ရဲ့ဓာတ်ပုံတွေဟာ အာဖဂန်နစ္စတန်ရဲ့ ကျဉ်းမြောင်းတဲ့ အင်တာနက်သုံးစွဲမှု အ၀န်းအ၀ိုင်းကနေတဆင့် ဒီ့ထက် ပိုကျယ်ပြန့်တဲ့ အောင်မြင်ကျော်ကြားမှုဆီ တွန်းတင်ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ထားပါ့တယ်။

“ကျနော်က ကျနော့်နိုင်ငံမှာလည်း ချန်ပီယံတစ်ယောက် ဖြစ်ချင်ပါတယ်။ နာမည်ကျော် ဟောလိဝုဒ် မင်းသားတစ်ယောက်လည်း ဖြစ်ချင်တယ်”လို့ အာလီဇာဒါက နံချပ်ကူကို လှည့်ကစားရင်း ပြောပါတယ်။ ဘရုစ်လီရဲ့ ဆံပင်ပုံစံအတိုင်း ညှပ်ထားတဲ့ အာလီဇာဒါဟာ ဒါရူလာမန် နန်းတော်ပျက်မှာ တပတ်ကို ၂ ကြိမ် လေ့ကျင့်ရေး လာလုပ်လေ့ရှိပါတယ်။

အာလီဇာဒါဟာ ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာတာဖြစ်ပြီး သူ့မိဘတွေဟာ တရုတ်ရိုးရာသိုင်းပညာရပ်တခုဖြစ်တဲ့ ၀ူရှူးသင်တန်းကျောင်းမှာ သင်တန်းကြေး မတတ်နိုင်ပါဘူး။ ဒါပေမယ့် သင်တန်းဆရာက သူ့ရဲ့ လက်ထောက်နေရာ ပေးခဲ့ပါတယ်။

သူ့သူငယ်ချင်းတွေကတော့ သူ့ရဲ့မျိုးရိုးနာမည် ထည့်သွင်းပြီး ဘရုစ် ဟာဇာရာ လို့ ပေးထားတဲ့ နာမည်ကို ငြင်းပယ်လိုက်ပြီး လူမျိုးစုပေါင်းစုံ အကွဲကွဲအပြားပြား တည်ရှိကြတဲ့နိုင်ငံမှာ သူ့ကို အာဖဂန် ဘရုစ်လီလို့ သိကြတာကို ပိုပြီး သဘောကျနှစ်ခြိုက်ပါတယ်။

ရုပ်မြင်သံကြား၊ အားကစားနဲ့ သိုင်းပညာတွေကို တားမြစ်ထားတဲ့ အရင် တာလီဘန်အစိုးရကို ဆက်ခံတဲ့ လက်ရှိအစိုးရလက်ထက်မှာတော့ အာဖဂန်နစ္စတန်နိုင်ငံဟာ တီဗွီ ရုပ်မြင်သံကြားနဲ့ အင်တာနက် အကူအညီတွေကနေ အားကစားဘက်မှာ စိတ်ဝင်စားမှု အလျင်အမြန် တိုးတက်လာတာ မြင်တွေ့နေရပါတယ်။

“အာဖဂန်နစ္စတန်ကနေ လာတဲ့သတင်းဆိုတာ စစ်ပွဲသတင်းပါပဲ။ ကျနော့်ဇာတ်လမ်း ကတော့ အပြုသဘောဆောင်တဲ့ သတင်းကောင်း ဖြစ်နေလို့ ကျနော် ၀မ်းသာပါတယ်” လို့ အာဖဂန် ဘရုစ်လီက ပြောပါတယ်။


DVB , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment