Pages

Pages - Menu

Sunday, December 21, 2014

ရွေးကောက်ပွဲနီးလာချိန်တွင် လူနည်းစုအပေါ် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ ပြောကြား

RangonNewsDaily:: December . 21 .2014
ရန်ကုန် - မြန်မာနိုင်ငံ၌ ရွေး ကောက်ပွဲကျင်းပရန် နီးကပ်လာ ချိန်တွင် လူနည်းစုများအပေါ် အ ကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မိကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) က သမ္မတဦးသိန်းစိန်အပါအ၀င် တွေ့ဆုံခဲ့သူများအား ပြောကြားခဲ့သည်။

အမုန်းပွားစေမည့် ရန်လို သော စကားများနှင့် ခွဲခြားဆက် ဆံမှုများ ဆက်လက်ဖြစ်ပွားနေ ခြင်းသည် စိတ်နာကျင်ဖွယ်အ ကြောင်းအရာ ဖြစ်နေကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က မြန်မာ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အလေးထားပြောကြားခဲ့ခြင်း ဖြစ် သည်။

‘‘လာမယ့် ရွေးကောက်ပွဲက တစ်နှစ်တောင် မလိုတော့တဲ့ အ ခြေအနေဖြစ်ပါတယ်။ အဲဒီအချိန် မှာ လူနည်းစုတွေအပေါ်မှာ အ ကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားမှာကို ကျွန်မတို့ စိုးရိမ်ပါ တယ်။ အဲဒါကို လူတိုင်းကို ပြော ဆိုခဲ့ပါတယ်။ ရန်လိုတဲ့ စကား တွေပြောဆိုမှုကို သတိထားဖို့နဲ့ နောက်တစ်ဆင့် လူမှုအဖွဲ့အစည်း အတွင်း တင်းမာမှုတွေ ဖြစ်လာနိုင် တဲ့အတွက်ပါ’’ဟု ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ ဒုဥက္ကဋ္ဌတာဝန်ထမ်း ဆောင်နေသော နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးဟောင်း ဂရိုဟာလမ် ဘရန့်လန်းက သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။

ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ဒေါ်အောင် ဆန်းစုကြည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့နှင့် တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား အဖွဲ့အစည်းများ အရပ်ဘက် အဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံခြား ရေးဝန်ကြီးဟောင်း လက်ခ်ဒါဗရာ ဟီမီက ‘‘ကျွန်တော်တို့ရဲ့ ခရီးစဉ် အတွင်းမှာ ကွဲပြားခြားနားမှုတွေ ကို သည်းမခံနိုင်မှုတွေ၊ ခွဲခြား ဆက်ဆံမှုတွေနဲ့ ပတ်သက်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အသိ ပေးပြောကြားမှု တချို့ကို ကြားသိရတဲ့အတွက် စိုးရိမ်မကင်းဖြစ်မိပါ တယ်။ မြန်မာနိုင်ငံဟာ ဂုဏ်ယူ ၀င့်ကြွားဖွယ်ကောင်းတဲ့ သမိုင်း ကြောင်းနဲ့ အမျိုးမျိုးအဖုံဖုံ ကြွယ် ၀စုံလင်တဲ့ ယဉ်ကျေးမှုတွေနဲ့ ပြောစမှတ်ပြုစရာကောင်းတဲ့ နိုင်ငံအ ဖြစ် ကျွန်တော်သိထားပါတယ်။ ဒီ တိုင်းပြည်က လူမျိုးတွေဟာ တစ် နေ့မှာ ကမ္ဘာကို သဟဇာတဖြစ် တဲ့ ယှဉ်တွဲနေထိုင်မှုရဲ့ စံနမူနာ အဖြစ် ပြသနိုင်ပါလိမ့်မယ်’’ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် ၂၀၁၅ တွင် စစ်မှန်သည့် လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာနိုင်မည့် အလားအလာ ကောင်းများအတွက် အားတက် မိကြောင်းနှင့် ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ လေ့လာစောင့် ကြည့်သူများကို ခွင့်ပြုပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင် ဥက္ကဋ္ဌ ဦးတင်အေးကို တိုက် တွန်းခဲ့ကြောင်း သိရသည်။

7 Day Daily, KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment