Pages

Pages - Menu

Sunday, December 21, 2014

အမရပူရမြို့နယ် တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွား


RangonNewsDaily:: December . 21 .2014
အမရပူရမြို့နယ် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရှင်းလင်းခြင်းမရှိသဖြင့် ပတ်ဝန်းကျင်တွင် အနံ့ ဆိုးရွာစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းရှိရာ ဦးပိန်တံတား အရှေ့မြောက်ဘက် ကမ်းစပ်တစ်လျှောက်တွင် ငါးသေများကို ဒီဇင်ဘာ ၁၉ ရက်ကတွေ့ရှိခဲ့ရပြီး ငါးအသေပုပ် အနံ့များကြောင့် အဆိုပါပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များနှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံများက ဆိုသည်။

“အခုလို ငါးအသေတွေ ရေပြင်မှာ ပေါ်နေတာ သုံး၊ လေးရက် လောက်ရှိနေပြီ။ မနေ့ကဆိုရင် တံတားအရှေ့ဘက် ၀ဲယာ
တစ်လျှောက် ကမ်းစပ်ရေပြင်မှာ ငါးအသေတွေ မြင်မကောင်းအောင် ဖွေးနေတာပဲ။ နိုင်ငံခြားသား ခရီးသွားဧည့်
သည်တွေတောင် ဓာတ်ပုံရိုက်ယူနေတာ တွေ့ရတယ်။ အနံ့ကလည်း တံတားနားမရောက်ခင် တစ်ပြလောက်ကတည်းက ဆိုးဆိုးရွားရွားနံနေတာ” ဟု ဦးပိန်တံတားမှ ဓာတ်ပုံဆရာတစ်ဦးက ဆိုသည်။

တောင်သမန်အင်း ရေကျချိန်တွင် အင်းအတွင်းရှိ ငါးအချို့သေဆုံးမှုနှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး ယခုကဲ့သို့ အကောင်အရေ
အတွက် များပြားခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။

“ရေကျချိန်မှာ ငါးအသေတွေ ကမ်းနံဘေးကပ်တာတော့ နှစ်စဉ်အနည်းအကျဉ်း ဖြစ်လေ့ရှိတယ်။ ရေများချိန်မှာဆိုလည်း စက်ရုံတွေက ရေဆိုးစီးဝင်မှုတွေ ဖြစ်တဲ့အချိန်မှာ အင်းအတွင်းက ငါးတွေမူးပြီး ရေပေါ်မှာ ပေါ်နေတတ်တယ်။ အခုဖြစ်
တာက ငါးမွေးမြူသူတွေအနေနဲ့ ငါးဖော်ရမယ့်အချိန်မှာ မဖော်ဘဲ ယင်းထဲမှာ ငါးတွေပိတ်မိနေသလိုဖြစ်ပြီး သေဆုံး
တာဖြစ်နိုင်တယ်” ဟု တောင်သမန်ကျေးရွာရှိ ရေလုပ်သားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ငါးအများအပြား သေဆုံးမှု ဖြစ်ပေါ်နေသော်လည်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသို့ အသိပေးအကြောင်း ကြားမှုများမရှိသေးကြောင်းနှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် “ငါးသေဆုံးမှု ဖြစ်နိုင်တာကတော့ ရေညစ်ညမ်းတာတွေ၊ အဆိပ်ချတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ 

ငါးသေတွေကို မမြင်ရသေးတဲ့အတွက် ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ ပြောဖို့ခက်တယ်။ တီလားဗီးယား ငါးမျိုးတွေက ရေညစ်ညမ်းမှုကိုခံနိုင်တယ်။ အကြမ်းခံနိုင်တဲ့ ငါးတွေဖြစ်တဲ့အတွက် ဘာကြောင့်ဖြစ်တာသိဖို့ကို ရေအရည်အသွေး တိုင်း
တာမှုတွေ၊ ငါးသေတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာအဖြေကိုအတိအကျ ပြောနိုင်မှာပါ” ဟု မန္တလေးတိုင်းဒေသကြီး
ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အင်းကမ်းစပ်တစ်လျှောက် သေဆုံးနေသည့် ငါးများမှာ တစ်ပြကျော်ခန့်ရှိပြီး ငါးသေများကို အင်းသူကြီးနှင့် သက်ဆိုင်ရာမှ ရှင်းလင်းဆောင်ရွက်ပေးမှု မရှိသေးဘဲ ဒေသခံများက ကောက်ယူကာ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

Eleven Media , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment