Pages

Pages - Menu

Wednesday, November 19, 2014

ပုဇွန်တောင်မှ အလုံထော်လီကွေ့အထိ ကမ်းနားလမ်းအတိုင်း မြို့ ပတ်ရထား ပြေးဆွဲမည်

RangonNewsDaily:: November . 19 .2014
ရန်ကုန်မြို့တော် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေလျှော့ရန် ပုဇွန်တောင်မှ အလုံထော်လီကွေ့အထိ မြို့ပတ်ရထား ခရီးစဉ်ကို ဒီဇင်ဘာလ ပထမပတ်တွင် တိုးချဲ့ ပြေးဆွဲသွားရန် ရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ပြောကြားသည်။
နိုဝင်ဘာလကုန် (သို့မဟုတ်) ဒီဇင်ဘာလ ပထမပတ်တွင် လူ ၂၄၀ ဆံ့မည့် RBE ရထားတွဲဆိုင်း နှစ်တွဲဖြင့် ပုဇွန်တောင်-လင်းစဒေါင်း-ဗိုလ်တထောင်-ပန်းဆိုးတန်း-စဥ့်အိုးတန်း-ဝါးတန်း-ထော်လီကွေ့ ခရီးစဉ်ကို ပြေးဆွဲ သွားရန် ယာယီ သတ်မှတ်ထားကြောင်း မြန်မာ့မီးရထား၊ မြို့ပြနှင့်စက်မှုဌာန အင်ဂျင်နီယာများက ပြောဆိုသည်။

“အဲဒီနေရာတွေမှာ နံရံဘက်ကို ကပ်ထားတဲ့ ဘတ်စ်ကား မှတ်တိုင်မျိုးတွေ လုပ်သွားမယ်။ ခုစက်ခေါင်းပိုင်းနဲ့ အတွင်းပိုင်းတွေတော့ ပြင်ဆင်နေတယ်။ မြို့ပြဘက်က သံလမ်း ဘေးတစ်လျှောက်ကို သတ်မှတ်တဲ့လိုင်းတွေ ဆွဲဖို့ရှိတယ်” ဟု စက်မှု အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

အဆိုပါ ပြေးဆွဲမည့် မြို့ပတ်ရထားလမ်းနှင့် ပတ်သက်ပြီး အသေးစိတ် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ဆိုသည်။

လက်ရှိတွင် မြန်မာ့မီးရထား၏ အကြီးဆုံး စီမံကိန်းဖြစ်သည့် ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် ကုန်းတွင်းဆိပ် တည်ဆောက်ရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment