Pages

Pages - Menu

Wednesday, November 12, 2014

ရန်ကုန်မှ ကျိုက်ထီးရိုးတောင်ခြေသို့ နှစ်ထပ်ကားဖြင့် စတင်ပြေးဆွဲ

RangonNewsDaily:: November . 12 .2014
ကျိုက်ထီးရိုးတောင်ခြေသို့ နှစ်ထပ်ကားဖြင့် ခရီးစဉ်များကို နိုဝင်ဘာလဆန်းမှစ၍ နေ့စဉ်ပြေးဆွဲနေပြီဖြစ်ကြောင်း သုခလမ်းညွှန်ခရီးသွားလုပ်ငန်းမှ သတင်းရရှိသည်။
သုခလမ်းညွှန်ခရီးသွားလုပ် ငန်းက ရန်ကုန်မှ ကျိုက်ထီးရိုးကင် ပွန်းစခန်းသို့ Scania နှစ်ထပ်ကား ဖြင့် နိုဝင်ဘာ ၁ ရက်တွင် စတင် ပြေးဆွဲလျက်ရှိပြီး လူစီးများနေကြောင်း ယင်းခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူ မပိုးက ပြောသည်။

‘‘လောလောဆယ်တော့ တစ်စီးပဲရှိပါသေးတယ်။ Scania ကနေ နှစ်ထပ်ကားကို ငှားသုံးတာ ကြောင့် ပြင်ဆင်ရင်လည်း သူတို့ ဆီမှာပဲပြင်ပါတယ်။ ယာဉ်မောင်း တွေကလည်း ဒီနှစ်ထပ်ကားတွေ ကို မောင်းနေကျသူတွေဆိုတော့ အဆင်ပြေပါတယ်’’ ဟု မပိုးက ပြောသည်။

ယင်းနှစ်ထပ်ကားကို ပြေး ဆွဲရန် လမ်းခရီးတွင် စမ်းသပ် မောင်းနှင်ခဲ့ပြီးမှ ပြေးဆွဲခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

ခရီးစဉ်အတွက် ဈေးနှုန်းမှာ တစ်ညအိပ် နှစ်ရက်အသွားအပြန်ခရီးအတွက် အပေါ်ထပ်ကို ၁၂,၀၀၀ ကျပ်၊ အောက်ထပ်(အထူး)ကို ၁၅,၀၀၀ ကျပ် သတ်မှတ်ထားပြီးနှစ်ညအိပ်သုံးရက်အသွားအပြန်ခရီးအတွက် အပေါ်ထပ် ၁၅,၀၀၀ ကျပ်၊ အောက်ထပ်(အထူး)ကို ၁၈,၀၀၀ ကျပ် သတ်မှတ်ထားသည်။ အပြန်ခရီးတွင် လမ်းရှိ ဘုရားများအား ဖူးမြော်နိုင်ရန် ပို့ဆောင်ပေးသည်ဟု ဆိုသည်။

‘‘နှစ်ထပ်ကားနဲ့ ဒီကလမ်း တွေ အဆင်ပြေမယ်ဆိုရင်တော့ စီးချင်တယ်။ ဒါပေမဲ့ ဈေးက အပြင်ကားတွေနဲ့စာရင်နည်းနည်း များတော့ အပြင်လိုင်းကားတွေ ကိုပဲရွေးဖြစ်မယ်ထင်တယ်’’ ဟု ကျိုက်ထီးရိုးသို့ သွားရောက်မြဲဖြစ် သော အင်းစိန်မြို့နယ်မှ ကိုခန့်ညိန်းအောင်က ပြောသည်။

လက်ရှိတွင် အပြင်ကားလိုင်းများ၌ ရန်ကုန်မြို့မှ ကျိုက်ထီးရိုး (ကင်ပွန်းစခန်း)ခရီးစဉ် အတွက် အသွားအပြန်ကားလက် မှတ်ခမှာ ၁၀,၀၀၀ ကျပ်ဝန်းကျင် ရှိသည်

7 Day Daily, 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment