Pages

Pages - Menu

Saturday, November 15, 2014

အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ငါးရက်အတွင်း ၈ ဦးသေ၊ ၃၁ ဦးဒဏ်ရာရ

RangonNewsDaily:: November . 14 .2014
အမြန်လမ်းပေါ်တွင် နိုဝင်ဘာ ၁၁ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သောကြောင့် ငါးရက်အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ရှစ်ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မှ နေပြည်တော်သို့သွားမည့် လိုက်ထရပ်ကား နှစ်စီး မိုင်တိုင် ၁၄၂ အနီးတွင် ခေတ္တရပ်ထားစဉ် အရှိန်ပြင်းမောင်းလာ သည့် အခြားလိုက်ထရပ်ကားတစ်စီးက နောက်မှဝင်တိုက်မိ၍လူခြောက်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ခြောက်ဦးဒဏ်ရာရခဲ့ပြီး တောင်ငူမြို့နယ် ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးနေ၀င်းက ပြောကြားသည်။
::
နိုဝင်ဘာ ၇၊ ၉၊ ၁၀ နှင့် ၁၁ ရက်နေ့များတွင် ယာဉ်မတော်တ ဆမှု လေးကြိမ်ဖြစ်ပွားရာ လူ ရှစ်ဦးသေ၊ ၃၁ ဦး ဒဏ်ရာရခဲ့သည်

7Day Daily ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment