Pages

Pages - Menu

Saturday, November 15, 2014

ရိုဟင်ဂျာပဲ ဆက်ခေါ်မယ်လို့ ဘန်ကီမွန်းပြော

RangonNewsDaily:: November . 14 .2014
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောဆိုထားပေမယ့် မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကတော့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်သုံးစွဲမယ်လို့ The Voice သို့ ပြောဆိုလိုက်ပါတယ်။
အဲဒါအပြင် သူတို့ကို ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း အသိအမှတ်ပြု လက်ခံပေးသင့်တယ်လို့ ဘန်ကီမွန်းက ဆက်လက် ပြောဆိုပါတယ်။
“ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အပါအဝင် အများစုက ဘင်္ဂါလီဆိုတာထက် ရိုဟင်ဂျာလို့ပဲ သိကြတယ်။ ဒါကြောင့် ကုလသမဂ္ဂရဲ့ လူနည်းစုအခွင့်အရေး စံနှုန်းတွေအရ ရိုဟင်ဂျာလို့ပဲ သုံးနှုန်းတာပါ” လို့ သူက The Voice သို့ ပြန်လည်ဖြေဆိုပါတယ်။
::
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ(ဘန်ကီမွန်းရဲ့ မူရင်းအသုံးအနှုန်း) တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အာဏာပိုင်တွေက နိုင်ငံသားဖြစ်ခွင့် ရှိ မရှိကို ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ အညီ စိစစ်ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

အဲဒီ ဥပဒေနဲ့ ညီညွတ်ရင် ညီညွတ်ပါက နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်တယ်လို့ မြန်မာအစိုးရကို ထပ်မံ တိုက်တွန်းသွားမယ်လို့လည်း သူက ဆိုပါတယ်။

မစ္စတာ ဘန်ကီမွန်းက ရိုဟင်ဂျာလို့ သုံးနှုန်းရတာဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ ပြဿနာကို စာနာမှုမဲ့စွာ ပြောဆိုတာလို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဦးလှစောက မှတ်ချက်ပြုပါတယ်။
::
နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကန့်ကွက်ထားတဲ့ အသုံးအနှုန်းကို သုံးစွဲခြင်းဟာ မြန်မာနိုင်ငံနဲ့ ရခိုင်တိုင်းရင်းသားတွေ အပေါ် စိန်ခေါ်လိုက်တာလို့ သူက ဆက်လက် ပြောဆိုပါတယ်။
“ဒီကိစ္စ တော်တော်လွန်သွားပြီ” လို့ ဦးဦးလှစောက ပြောပါတယ်။

လတ်တလော အနေအထားမှာ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ တည်ငြိမ်အေးချမ်းနေပြီး အဲလိုမျိုး အခြေအနေကို ရောက်ဖို့ ရခိုင်တိုင်းရင်းသားတွေနဲ့ အစိုးရတို့ ကြိုးစား အားထုတ်ထားတာဖြစ်တယ်။ အခု ဘန်ကီမွန်းရဲ့ စကားဟာ ပဋိပက္ခကို တစ်ကျော့ပြန် မီးမွှေးတာမျိုး ဖြစ်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။
::
ရိုဟင်ဂျာအသုံးအနှုန်းကို အမေရိကန်သမ္မတ အိုဘားမားလည်း ၂၀၁၂ တုန်းက ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ်က သုံးနှုန်း ပြောဆိုခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလူမျိုး အများစုကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့်ကို ကန့်ကွက်တာ မရှိပေမယ့် ရိုဟင်ဂျာအမည်နဲ့ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုတာကို အစဉ်တစိုက် ဆန့်ကျင် ပယ်ချခဲ့ကြပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment