Pages

Pages - Menu

Sunday, October 19, 2014

Eminem ရဲ့ နောက်ထွက်မယ့် အခွေ ShadyXV မိတ်ဆက်


RangonNewsDaily:: October . 19 .2014
အဆိုတော် Eminem ၏ ထွက်ရှိ လာတော့မည့် အယ်လ်ဘမ် အသစ်ဖြစ် သော ‘ShadyXV’ ၏ မျက်နှာဖုံး ဒီဇိုင်း ပုံအား အောက်တိုဘာ ၁၃ ရက်နေ့က Instagram စာမျက်နှာပေါ်တွင် တရားဝင် မိတ်ဆက် ဖော်ပြခဲ့ကြောင်း သိရသည်။
အခွေ၏ မျက်နှာဖုံးပုံမှာ ဟော်ကီ မျက်နှာဖုံး နှင့် လွှနှစ်လက်ကို ကြက်ခြေ ခတ်ထားသည့် ပုံဖြစ်ပြီး ဗီဒီယိုဖိုင် အတို ကိုပါ Eminem က Share ပေးခဲ့ကြောင်း ဖော်ပြ ထားသည်။ ထို့အပြင် ပုံ၏အောက် တွင်လည်း သူ၏ အခွေမှာ လာမည့် နိုဝင် ဘာလ ၂၄ ရက်နေ့ တွင် ထွက်ရှိမည် ဖြစ်ကြောင်း၊ အခွေ၏ ကာဗာပုံ ကို ဖော်ပြ လိုက်ကြောင်း စသည်ဖြင့် ရေးသားထား ခဲ့သည်။

ShadyXV သည် နှစ်ခွေတွဲ အယ်လ်ဘမ် ဖြစ်ပြီး Eminem သီချင်း ဆိုခဲ့သည့် သက်တမ်း ၁၅ နှစ်ပြည့် ဖြစ် သည့် အတွက် အထိမ်းအမှတ် ပွဲကိုလည်း အခွေ ထွက်မည့်နေ့ တွင်ပင် ပြုလုပ်မည် ဖြစ်သည်ဟု ဆိုသည်။ 


အယ်လ်ဘမ်တွင် ပါဝင်မည့် နှစ်ခွေ အနက်မှ တစ်ခွေသည် Eminem ၏ အကျော်ကြားဆုံး နှင့် အကောင်းဆုံး သီချင်း များကို ထည့်သွင်း ထားခြင်းဖြစ်ပြီး နောက်ထပ် တစ်ခွေမှာမူ အသစ်စက်စက် သီချင်းများဖြင့် ထည့်သွင်း တင်ဆက် ထားကြောင်း သိရသည်။

Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment