Pages

Pages - Menu

Sunday, October 19, 2014

မန္တလေးတွင် ရဟန်းသံဃာများ မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီး

RangonNewsDaily:: October . 19 .2014
မန္တလေးမြို့တွင် ရဟန်း သံဃာများ မောင်းနှင်သည့် ယာဉ်များအား ဆက်တိုက် ဖမ်းဆီးနေ ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၆ ရက်က ၂၆ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်း ကြားတွင် ရိပ်သာတစ်ခုမှ သံဃာ တစ်ပါးမောင်းနှင်လာသော ပါဂျဲ ရိုးကားတစ်စီးကို ဖမ်းဆီးခဲ့ ကြောင်း သတင်းရရှိသည်။ ထို့ အတူ အောက်တိုဘာ ၁၇ ရက် ကလည်း ၈၃ လမ်း ၂၉ လမ်း နှင့် လမ်း ၃၀ကြားတွင် Carrier ယာဉ်တစ်စီးကို သံဃာတစ်ပါး မောင်းနှင်လာ၍ ထပ်မံဖမ်းဆီး ခဲ့ရကြောင်း မန္တလေးမြို့၊ ချမ်း အေးသာစံမြို့နယ် သာသနာ တော်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရ က မိန့်ကြားသည်။

ထို့အပြင် အောက်တိုဘာ ၁၅ ရက်ကလည်း မန္တလေးမြို့ရှိ ရိပ်သာကျောင်းတစ်ကျောင်းတံ ဆိပ်နှင့် သာသနာ့အလံပါ Super Custom ကားတစ်စီးကို အမျိုး သမီးတစ်ဦး မောင်းနှင်လာ၍ စစ်ဆေးရာ သံဃာပိုင်လိုင်စင်မဲ့ယာဉ် နှင့် ၎င်းပိုင် လိုင်စင်ရှိယာဉ်ကို လိုင်စင်မလဲဘဲ ယာဉ်ချင်းလဲ လှယ်မောင်းနှင်လာကြောင်း တွေ့ရှိသဖြင့် သိမ်း ဆည်းထားကြောင်း ဆရာတော်က မိန့်ကြားသည်။

‘‘သံဃာတွေ၊ ကားတွေ ဆိုင်ကယ်မောင်းပြီး တစ်ခုခုဖြစ် တဲ့အခါ ကိုးကွယ်ခံနဲ့ ကိုးကွယ်တဲ့ သူတွေကြား ရှင်းရတာခက်တယ်။ နောက်ပြီး အများသူငါ အမြင်မှာ လည်း မတင့်တယ်လို့ ဖမ်းရတာ ပါ’’ ဟု ဥက္ကဋ္ဌဆရာတော်က မိန့် ကြားသည်။ အဆိုပါ ဖမ်းဆီးရမိ သည့် ယာဉ်များကို ၁၅ ရက် ကြာ သိမ်းဆည်းထားပြီး ရဟန်း သံဃာများအနေဖြင့် ကိုယ်တိုင် မောင်းနှင်ခြင်း မပြုတော့ပါဟု ၀န်ခံကတိ လက်မှတ်ရေးထိုးမှ သာ ပြန်လည်ထုတ်ပေးကြောင်း စစ်ဆေးခံ ဆရာတော်များက မိန့်ကြားသည်။ ထပ်မံကျူးလွန်ပါ က သက်ဆိုင်ရာရဲစခန်းများသို့ အပ်နှံကာ အရေးယူစေမည်ဟု မိန့်ကြားသည်။

မန္တလေးမြို့တွင် ကား၊ ဆိုင် ကယ်များကို ရဟန်းသံဃာများ ကိုယ်တိုင်စီးနင်းမောင်းနှင်ခြင်းအ ပြင် မသင့်လျော်သည့် အပြုအမူ များ ပြုလုပ်နေသည်ကို တွေ့ရှိ ရပါက ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဖုန်း -၀၉-၄၄၄၀၃၀၃၇၂၊ ၀၉-၂၀၃၄၉၀၅ တို့သို့ ဆက်သွယ်ပေးစေလို ကြောင်း ဆရာတော်များက မိန့် ကြားသည်။

မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က မန္တလေး တိုင်းဒေသကြီးအတွင်း သာမဏ သာရုပ္ပ မဖြစ်သော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် မသင့်လျော်သောဈေး၊ ကားဂိတ်၊ ဘူတာ၊ လူစည်ကားရာ နေရာများတွင် အလှူခံခြင်း၊ ကား၊ ဆိုင်ကယ်များ ကို ကိုယ်တိုင်မောင်းနှင်စီးနင်း ခြင်း၊ ပွဲလမ်းသဘင်များ၊ ဘောလုံးပွဲများ၊ တီဗီရုံများတွင် ကြည့်ရှုခြင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် နေ့ လွဲညစာ စားသုံးခြင်း၊ ကျောင်း တိုက်အုတ်တံတိုင်းအနီး ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်း အစရှိသည့်ကိစ္စများ ရှောင်ကြဉ်ကြရန်၊ မလိုက်နာပါက အရေးယူခံရ မည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလကတည်းက ထုတ်ပြန်ကြေညာထားပြီးဖြစ်သည့်အပြင် လိုက်နာမှု အားနည်းနေသဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ လယ်တွင် ထပ်မံထုတ်ပြန်ခဲ့ရ သည်။

7day , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment