Pages

Pages - Menu

Wednesday, October 29, 2014

လူမျိုးရေး၊ ဘာသာရေးဖြင့် မဲဆွယ်မှု များကို ကြိုတင် တားမြစ်ပေးရန် ကော်မရှင်သို့ တင်ပြမည်

RangonNewsDaily:: October . 28 .2014
၂၀၁၅ ရွေးကောက်ပွဲတွင် လူမျိုးရေး၊ ဘာသာရေးဖြင့် မဲဆွယ် စည်းရုံးမှု များကို ကြိုတင် တားမြစ်ပေးရန် မွတ်စလင် ငြိမ်းချမ်းရေး ကွန်ရက်မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ တောင်းဆို သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ တိုင်ကြားမှုကို ယခုရက်ပိုင်း အတွင်း အကြောင်းကြားစာ ပေးပို့ သွားမည် ဖြစ်ပြီး အကြောင်း ကြားစာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ လူ့အခွင့်အရေး ကော်မရှင်နှင့် ပြည်ထောင်စု ၀န်ကြီးဌာန များကို ပေးပို့ သွားမည် ဖြစ်ကြောင်း ယင်း ကွန်ရက်မှ တာဝန်ခံ ဦးအောင်သိန်းက ပြောသည်။

အဓိကကြိုတင် ထိန်းသိမ်းပေးချင် လို့ပါ။ နယ်ဒေသ တွေမှာက အထိအခိုက် မခံဘူး။ ဖြစ်ပြီးမှ လိုက်တော့ အားလုံး ပျက်စီးကုန်ရော ဟု ၎င်း ကပြောသည်။ရွေးကောက်ပွဲ အတွက် နိုင်ငံရေး ပါတီများ မဲဆွယ် စည်းရုံးရာတွင် လူမျိုးရေး၊ဘာသာရေးဖြင့် မဲဆွယ် စည်းရုံးမှုများ ပြုလုပ် ခွင့်မပြုကြောင်း နှင့် မဲဆွယ် စည်းရုံးရေးများ ပြုလုပ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မီဒီယာ များကို ပြောကြား ထားသည်။
::
၂၀၁၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ ဖြစ်ပွားလာပြီး၊ ရခိုင်၊ မတ်္ထီလာ၊ လားရှိုး၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ထန်းကုန်း တိုက်နယ်ကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

Messenger News ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment