Pages

Pages - Menu

Wednesday, October 29, 2014

မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသည့် ခရီးသည် တင်မှန်လုံယာဉ် ၀င်တိုက် သဖြင့် ကားစောင့် နေသည့် ခရီးသည် (၄) ဦးသေ၊ (၅) ဦး ဒဏ်ရာရ

RangonNewsDaily:: October . 28 .2014
ဝက်လက်မြို့နယ်၊ ရွာသာကြီး ကျေးရွာအနီး ရွှေဘို-မန္တလေး ကားလမ်းမကြီး ပေါ်၌ ယခုလ (၂၆) ရက်နေ့၊ နံနက် (၇း၁၅) နာရီ အချိန်က မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသည့် ခရီးသည် တင်ကားမှာ မိုင်တိုင် အမှတ် (၅၀/၂) နှင့် (၅၀/၃) အကြားတွင် ကားစောင့် နေသည့် ခရီးသည် များအား ၀င်ရောက် တိုက်မိခဲ့ သဖြင့် ခရီးသည် လေးဦး သေဆုံးခဲ့ပြီး ငါးဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် အတွက် ရွှေဘိုမြို့ ဆေးရုံကြီးတွင် အရေး ပေါ် ကုသပေးနေ ရကြောင်း ရွှေဘို မြို့မ ရဲစခန်းမှ သိရသည်။
မန္တလေးမြို့မှ ရွှေဘိုမြို့သို့ မောင်းနှင်လာသည့် အောင်နိုင်မန်း ခရီးသည်တင် မှန်လုံယာဉ် ၅ခ/၈၆၀၂ သည် ၀က်လက် မြို့နယ် ရွာသာကြီး ကျေးရွာ အနီး ရွှေဘို-မန္တလေး ကားလမ်းမကြီး ပေါ်၌ ရှေ့ကားကို ကျော်တက်နေစဉ် လမ်းဝဲ ဘက်ခြမ်းမှ ကားစောင့်နေသည့် ဆိုင်ကယ်၊ စက်ဘီးနှင့် ခရီးသည် များအား ၀င်ရောက်တိုက်မိ ခဲ့ခြင်း ဖြစ်ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။

ရှေ့ကားအား ကျော်တက်စဉ် လမ်းဘေး ၀ဲယာတွင် စောင့်ဆိုင်းနေသည့် ခရီးသည် များအား ၀င်ရောက် တိုက်မိခဲ့သည့် အတွက် ဆိုင်ကယ် တစ်စီး၊ စက်ဘီး တစ်စီးတို့မှာ ကျိုးကြေ ပျက်စီး သွားခဲ့ပြီး ခရီးသည် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အရှိန်ဖြင့် ၀င်ရောက် တိုက်မိခဲ့သည့် အတွက် ခရီးသည် အမျိုးသမီး ငါးဦးမှာ ဒဏ်ရာများ ပြင်းထန်သဖြင့် ရွှေဘိုမြို့ ဆေးရုံကြီးတွင် အရေးပေါ်ကုသမှုများ ခံယူနေရကြောင်း သက်ဆိုင်ရာ မှုခင်း မှတ်တမ်းများ အရ သိရသည်။
::
ယင်းသို့ ကားစောင့်နေသည့် ခရီးသည်များအား ၀င်ရောက်မိခဲ့သည့် အောင်နိုင်မန်း ခရီးသည် ယာဉ်မောင်းနှင်သူ ယာဉ်မောင်း ဦးကိုလေး (၅၀) နှစ်အား ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ရွှေပန်းကုံး နယ်မြေ ရဲစခန်းမှ ယာဉ်(ပ) ၂၂/၂၀၁၄ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄(က) /၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ထားကြောင်းလည်း ရွှေဘို မြို့မရဲ စခန်းမှ တာဝန်ရှိသူများ ထံမှ သိရသည်။

Messenger News ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment