Pages

Pages - Menu

Monday, October 20, 2014

ဘောလီးဝုဒ် ဇာတ်ဝင်သီချင်းဆိုခ ဒေါ်လာ သန်းဝက် ရရှိခဲ့တဲ့ ဇိန်မာလိခ်


RangonNewsDaily:: October . 20 .2014
One Direction အဆို အဖွဲ့မှ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဇိန်မာလိခ်သည် ဘောလီးဝုဒ် မှ ရိုက်ကူးမည့် ဇာတ်ကား တစ်ခုတွင် သီဆို ရမည့် သီချင်း တစ်ပုဒ် အ တွက် ဒေါ်လာ သန်း တစ်ဝက် ရရှိခဲ့သည် ဟု Mirror သတင်းဌာန ၏ ဖော်ပြချက် အရ သိရသည်။
အဆိုပါ အနုပညာကြေး နှင့် ပတ် သက်၍ ဘောလီးဝုဒ် ဇာတ်ကား ထုတ် လုပ်သူ သူဌေးက ”One Direction ဆို တာ လူငယ်ကြား မှာ ရေပန်းစား လှတဲ့ အဖွဲ့ ပါ။ နိုင်ငံ ကြီးတွေမှာ တော်တော် ပေါက်ပါတယ်။

သူတို့ အဖွဲ့ထဲမှာ ပါတဲ့ ဇိန်မာလိခ် ဆိုရင်လည်း ကတိတည်တဲ့ နေရာမှာ လူသိ များပါတယ်။ ဒါကြောင့် ဘောလီးဝုဒ် ရုပ်ရှင်လော က အနေနဲ့ သူ့ ကို ဒီ အခွင့်အရေးမျိုး ပေးရတာပါ” ဟု ရှင်းလင်း ပြောပြခဲ့သည်။

ဇိန်မာလိခ်သည် X-Factor တွင် ပြိုင်ပွဲဝင် ဖြစ်ခဲ့စဉ်ကပင် အများ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်ပြီး ၄င်းအား သရုပ်ဆောင်ရန်ပင် ကမ်းလှမ်း ခဲ့ကြသည် ဟု ဆိုသည်။


”ရုပ်ရှင် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခုက ဆိုရင် သူ့ကို သရုပ်ဆောင်ဖို့ ကမ်းလှမ်း ခဲ့သေးတာ။ အခုလိုမျိုး သီချင်း တစ်ပုဒ် အတွက် ဒီလောက် ရတယ် ဆိုတာက လည်း သူ့အတွက် ဖြစ်သင့်တဲ့ အရာပါ” ဟု စောင့်ကြည့်သူ တစ်ဦးက ဆိုသည်။


Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment