Pages

Pages - Menu

Monday, October 20, 2014

၂၀၁၇ မှာ မင်္ဂလာဆောင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်


RangonNewsDaily:: October . 20 .2014
လက်ရှိမှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး ဖွင့်ဟပြောပြစရာမရှိသေးပါဘူးဆိုတဲ့ စိုင်းစိုင်းက၂၀၁၇ မှာ အိမ်ထောင်ပြုဖို့ရည်ရွယ်ထားပြီး လောလောဆယ် မှာဖူးစာရှင် ရှာဖွေနေတဲ့အကြောင်း
“အချစ်ရေးနဲ့ ပတ်သက်ပြီး ခုလောလောဆယ်တော့ ဘယ်သူနဲ့ဆိုပြီး ပြောစရာမရှိသေးပါဘူး။ ဒါပေမယ့် ၂၀၁၇နှစ်ရောက်ရင်တော့ အသက်အရွယ်ကြောင့်ပါ အိမ်ထောင်ပြုဖြစ်အောင် ပြုမှာပါ”လို့ သူက ပြောပါတယ်။

ကားရိုက်နဲ့ ဂီတနှစ်ဖက်စလုံးကို အပေးအယူမျှမျှတတနဲ့ ပရိသတ်တွက် ဖန်တီးတင်ပြသွားမဲ့ စိုင်းစိုင်းက ခုလတ်တလော ဗွေ ဆိုတဲ့ ဇာတ်ကားမှာ သင်ဇာဝင့်ကျော်နဲ့အတူ သရုပ်ဆောင်နေတယ်လို့ လက်ရှိအသက်အရွယ်မှာ ရိုက်ချင်တဲ့ ကာရိုက်တာပိုင်းနဲ့ပတ်သတ်ပြီး သူက“လောလောဆယ်မှာ အနုပညာကို လုပ်ခွင့်ရနေတယ်။

လုပ်လို့ရသရွေ့လဲ လုပ်သွားမယ်။ များသောအားဖြင့် ကျွန်တော့် ကာရိုက်တာနဲ့လိုက်တဲ့ တက္ကသိုလ်ကျောင်းသား အချစ်ကားတွေ၊ ဒရာမာအပိုင်းတွေ လုပ်ရကိုင်ရတာ အားကျတယ်။ အဲ့ဒီမှတဆင့် အရင်က ကျွန်တော်မရိုက်ခဲ့ဖူးတဲ့ ပေပေတေတေ ဇာတ်ရုပ်တွေကို လဲ တိုးချဲ့ပြီး ရိုက်သွားဖို့စိတ်ကူးထားပါတယ်။ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေကိုလဲ အစွမ်းကုန် ကြိုးစားသွားပါဦးမယ်”တဲ့။

ဂီတနဲ့ပတ်သတ်ပြီးတော့လဲ “ကျွန်တော်ဒိတ်ဒိတ်ကြဲ ဒီဗီဒီ ထွက်ပါမယ်။ ထွက်ပြီးရင် ကျွန်တော်ခု single သီချင်းအသစ်လေးတွေလဲ ဖြန့်ဖို့ရှိပါတယ်။ အယ်လ်ဘမ်အသစ်ကတော့ ၂၀၁၅ ထဲမှာမှပဲ လုပ်ပါတော့မယ်။ 


အခုလောလောဆယ် လျာထားတာကတော့Snare အဖွဲ့ရဲ့ အမ်တီဗီက ကျွန်တော်တို့ Frenzo ကပဲ ထုတ်လုပ်တာဆိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့လို့မှန်းထားတယ်။ အဲ့ဒါကြောင့်သူနဲ့ မတိုက်ပဲနဲ့ သူ့နောက်ကနေ ၁ လလောက်ခြားပြီး ထွက်ဖို့ စိတ်ကူးထားပါတယ်။”လို့ သူက ဆိုသွားပါတယ်

Trend , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment