RangonNewsDaily:: October . 7 .2014
နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတွေလည်း ပါဝင်ပါတယ်။
နိုင်ငံတ၀ှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၃ ထောင်ကျော်ကို ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့မှာ သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)အရ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအရ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့် ပေးလိုက်တာလို့ သမ္မတရဲ့ ပြောခွင့်ရသူ ဦးရဲထွတ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
::
လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ ဗိုလ်ချုပ်ခင်ညွန်ရဲ့ အမှုတွဲ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတွေ အပါအ၀င် မြန်မာနိုင်ငံသား ၃၀၁၅ ယောက်နဲ့ နိုင်ငံခြားသား ၅၈ ယောက် ပါဝင်ပါတယ်။
::
လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ ဗိုလ်ချုပ်ခင်ညွန်ရဲ့ အမှုတွဲ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတွေ အပါအ၀င် မြန်မာနိုင်ငံသား ၃၀၁၅ ယောက်နဲ့ နိုင်ငံခြားသား ၅၈ ယောက် ပါဝင်ပါတယ်။
DVB ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment