Pages

Pages - Menu

Tuesday, October 7, 2014

မြန်မာနိုင်ငံ၏ အချမ်း သာဆုံးစာရင်းဝင် ဦးတေဇ သတင်းထောက်ခြောက်ဦးကို သိန်းခြောက်ဆယ်ထောက်ပံ့မှု မီဒီယာလောကတွင် ဂယက်ရိုက်

RangonNewsDaily:: October . 7 .2014
မြန်မာနိုင်ငံ၏ အချမ်း သာဆုံးစာရင်းဝင် ဦးတေဇထူ ထောင်ထားသည့် ထူးဖောင်ဒေး ရှင်းက သတင်းထောက်တစ်ဦးလျှင် ကျပ်ငွေဆယ်သိန်းစီဖြင့် သတင်းထောက်ခြောက်ဦးကို ကျပ်သိန်းခြောက်ဆယ်ပေးခဲ့ကြောင်းသတင်းရရှိသည်။
၎င်းပိုင်ဆိုင်သည့်ဘဏ်တွင် သတင်းမီဒီယာသမားများအတွက်အမေရိကန်ဒေါ်လာတစ်သန်းအပ်နှံထားသည့် ငွေပမာဏအနက် သတင်းထောက်တစ်ဦးလျှင် ကျပ်ဆယ်သိန်းစီဖြင့် လွန်ခဲ့သော သုံးလခန့်က ကျပ်သိန်းခြောက် ဆယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ငွေလက်ခံသူအချို့ထံမှ သတင်း ရရှိသည်။

‘‘ကျွန်တော်တို့ကို နိုင်ငံခြား ကို သင်တန်းလွှတ်ဖို့ အင်္ဂလိပ်စာ အားနည်းလို့ Edu Links မှာ အင်္ဂ လိပ်စာသင်တန်းတက်ဖို့ပေးတာ ပါ။ အနှောင်အဖွဲ့တွေမရှိလို့လက် ခံလိုက်တာပါ။ အင်္ဂလိပ်စာအခြေ ခံမှာတောင် နှစ်ပိုင်းခွဲပြီးတက်ရပါ တယ်။ အဲဒီမှာ ငွေခြောက်သိန်း လောက်ကုန်ကျတယ်။ နောက် ထပ်တက်ရမယ့် သင်တန်းတွေကို လည်း သူတို့က ပိုက်ဆံထပ်ပေး ပြီးတက်ခိုင်းမယ်လို့ပြောပါတယ်’’ဟု ငွေကြေးလက်ခံထားသည့်သ တင်းထောက်တစ်ဦးကပြောသည်။
::
ယင်းနှင့်ပတ်သက်၍ The Myanmar Post News Journal မှ အယ်ဒီတာကိုသန်းထိုက်သူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လက်ခံကြသူများအား တိုက်ပိုင် အယ်ဒီတာများကို ၀န်ခံပြီးပြန် အပ်ကြရန်တိုက်တွန်းထားသည့်အပြင်ယင်းတိုက်မှ လက်ခံထားသူ သတင်းထောက်တစ်ဦးကိုလည်းအလုပ်မှ မထုတ်လိုဘဲ ထုတ်ပယ်လိုက်ရကြောင်း ရေးသားထားသည်။

‘‘ဦးတေဇရဲ့ အနာဂတ်မီဒီ ယာပလန်အတွက် ငွေကြေးပေး ပြီး လူမွေးတဲ့အထဲမှာကျွန်တော် တိုက်က ညီတစ်ယောက်လည်းပါ ၀င်ခဲ့ပါတယ်။သူကိုယ်တိုင်လည်း ငိုလို့ပါပဲ။
စိတ်မကောင်းပေမယ့် သူ့ကိုလက်မှတ်ထိုးခိုင်းပြီးအလုပ် က ထွက်ခွာစေခဲ့ရတယ်’’ဟု၎င်း ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက် နှာပေါ်တွင်ရေးသားထားသည်။
::
မီဒီယာလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးခေါင်းစဉ်ဖြင့် ထူးဖောင် ဒေးရှင်းက အမေရိကန်ဒေါ်လာ တစ်သန်းထောက်ပံ့မည်ဟု ဦး တေဇက သတင်းမီဒီယာသမားအချို့ကိုပြောဆိုခဲ့ပြီးနောက် ၎င်းပိုင် ဆိုင်သည့် AGDဘဏ်တွင်အပ်နှံ ထားခဲ့ခြင်းဖြစ်သည်ဟုသတင်းရရှိသည်။

‘‘သတင်းမီဒီယာလုပ်ငန်းကို Promoteလုပ်တဲ့သဘောနဲ့ နိုင်ငံ ခြားမှာ သင်တန်းတက်ဖို့ စီစဉ် ထားတာပါ။ ပညာသင်ပေးဖို့လုပ် နေတာပါ။ မီဒီယာကိုထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာတစ်သန်းစီ စဉ်ထားတာပါ’’ဟု ဦးတေဇ၏ အစ်ကိုဖြစ်သူ ထူးကုမ္ပဏီများအုပ် စုမှ ဒုတိယဥက္ကဋ္ဌဦးသီဟကသိန်း ခြောက်ဆယ်ကိစ္စနှင့်ပတ်သက် ပြီး ဖြေကြားခဲ့သည်။

‘‘အဓိကကတော့ သတင်း ပေါ်မှာ ဘာမှမရိုက်ခတ်တာအ ကောင်းဆုံးပဲ။ သင်တန်းပေးတာ ပြည်တွင်းအကူအညီရော၊ ပြည်ပ အကူအညီရော အမျိုးမျိုးရှိပေ မယ့် သူတို့က အပ်ပေးတယ်။ စ ကော်လားရှစ်ပေးတယ်၊ သွားတက်လိုက်ဆိုတာကတစ်မျိုး၊ သူတို့ကိုယ်တိုင်အပ်ပေးတာမဟုတ် ဘဲ ပိုက်ဆံပေးလိုက်တယ်။ ငွေကြေးလက်ခံလိုက်တယ်ဆိုတာ ကတော့ တစ်မျိုးဖြစ်နေတယ်။
::
သတင်းဂျာနယ်တိုက်ရဲ့ ပေါ်လစီက အပြောခံရမှာစိုးလို့ ဦးတေဇနဲ့မပတ်သက်ချင်တာတွေရှိမယ်။ အဲဒီလိုတွေတော့ရှိမှာပေါ့’’ဟု သတင်းသမားအဖြစ် နှစ်ပေါင်း ၃၅ နှစ်ကျော်ရပ်တည်ခဲ့သော Myanmar Timeမှအယ်ဒီတိုရီဒါ ရိုက်တာဦးသီဟစောကပြောသည်။

ဦးတေဇပိုင်ဆိုင်သော ထူး ဖောင်ဒေးရှင်းက သတင်းထောက် ခြောက်ဦး ငွေကြေးလက်ခံထားမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး လက်ခံထားသူများနှင့် ဦးတေဇတို့ကို ဝေဖန်နေကြသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment