Pages

Pages - Menu

Tuesday, October 21, 2014

အလွတ်သတင်းထောက်တစ်ဦးပျောက်ဆုံးနေမှု အမှုဖွင့်


RangonNewsDaily:: October . 21 .2014
တစ်လနီးပါးကြာပျောက်ဆုံးနေသည့် အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးအား ရှာဖွေပေးရန် ၎င်းမိသားစုဝင်များက မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ရဲစခန်းတွင် အောက်တိုဘာ ၁၉ ရက်က အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည်။
အသက် (၄၉) နှစ်အရွယ် အလွတ်တန်း သတင်းထောက်ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးနှင့် စက်တင်ဘာ ၂၂ ရက်တွင် ဖုန်းဖြင့် နောက်ဆုံးအကြိမ် အဆက်အသွယ်ရခဲ့ပြီး နောက်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ၎င်း၏ဇနီးဖြစ်သူက ကျိုက်မရောရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

‘‘ဒီနေ့ပဲ ရဲစခန်းမှာ အမှုသွား ဖွင့်လိုက်တယ်။ ကျွန်မတို့က ဘယ်လောက်စောင့်ရမလဲဆို တော့ ရဲက အချိန်အတိအကျမသိ ဘူးလို့ပြောတယ်။ လူပျောက် တိုင်တာလက်ခံတယ်’’ဟု ကို အောင်ကျော်နိုင်(ခ)ကိုပါကြီး၏ ဇနီးဒေါ်သန္တာအား လိုက်ပါကူညီ ခဲ့သူ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်မှ ဒေါ်နော် အုန်းလှကပြောသည်။
::
အလွတ်တန်းသတင်း ထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးအား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်မှုရှိကြောင်း စွပ်စွဲချက်ဖြင့် နယ်မြေခံမြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း သီခြားအတည်ပြုချက်မရသေးပါ။
‘‘ကျိုက်မရောအခြေစိုက် တပ်က ဖမ်းသွားတယ်လို့ သတင်း ကြားလို့တပ်ဘက်ကိုလိုက်တော့ နယ်လုံဝန်ကြီးကိုမေးလို့ ပြော တယ်။ နယ်လုံဝန်ကြီးကိုမေးတော့ သူမသိဘူးလို့ဖြေတယ်။ နက်ဖြန် (အောက်တိုဘာ ၂၀ ရက်) ကျရင် အရှေ့တောင်ပိုင်းစစ်ဌာနချုပ်ကို သွားမေးဖို့ရှိတယ်’’ဟု ဒေါ်နော် အုန်းလှကပြောသည်။
::
ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးနှင့် နောက်ဆုံးအကြိမ် ဖုန်းဖြင့် အဆက်အသွယ်ရခဲ့စဉ် ၎င်းသည် ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းရယူနေကြောင်း၊ ဆက်လက်၍ နေပြည်တော်သို့ သတင်းသွားရောက်ရယူမည်ဟု ပြောကြားခဲ့ကြောင်း ဇနီးဖြစ်သူက ရဲစခန်းသို့ တိုင်ကြားချက်တွင် ထည့်သွင်းတိုင်ကြားထားသည်။
::
အလွတ်တန်းသတင်း ထောက် ၎င်းသည် ကလောင်အမည်အောင်ကြီးအမည်ဖြင့် ပြည်တွင်း၊ ပြည်ပသတင်းဌာနများသို့ဓာတ်ပုံနှင့်သတင်းများရေးသား ပေးပို့ခဲ့သူဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

Photo :ပျောက်ဆုံးနေသည့် အလွတ်တန်းသတင်းထောက်

7 Day ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment