Pages

Pages - Menu

Tuesday, October 21, 2014

အိမ်ဖော်မလေးအား နှိပ်စက်ညှဉ်းပန်းခဲ့သည့် မော်ဒယ်သီရီကိုကိုနိုင်အား ဖမ်းမမိသေးဟုဆို

RangonNewsDaily:: October . 21 .2014
၁၅ နှစ်အရွယ်အိမ်ဖော်လေးနော်ထက်ထက်အား နှိပ်စက်ညှင်းပန်းခဲ့သည့် မော်ဒယ်သီရိကိုကိုနိုင်အား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ၎င်းင်း၏မိခင်ဒေါ်နော်မိချိုမှVenus News Weekly သို့အောက်တိုဘာ ၂၀ ရက်နေ့ကပြောသည်။
“သမီးလေးကိုနှိပ်စက်ခဲ့တာမော်ဒယ်သီရီကိုကိုနိုင်နဲ့ ခင်ပွန်းဖြစ်တဲ့သူပါ။ သူတို့ကိုဖြစ်တဲ့အချိန်တုန်းက ရဲစခန်းမှာအမှုဖွင့်
ခဲ့တဲ့ အချိန်က သူတို့ကအိမ်ကိုသော့ပိတ်ပြီးပြေးသွားတယ်။ ရဲစခန်းကနေပြီး ဖမ်းဝရမ်းကို ဇွန်လမှာထုတ်ပြန်ပြီး ဖမ်း ပါ
တယ။် သရီ ကိုကိုနိုင်ရဲ့ ခင်ပွန်းကို ဖမ်းမိထားပြီး သီရိကိုကိုနိုင်က တော့ဖမ်းမမိသေးပါဘူး” ဟု၎င်းင်း ကပြောသည်။

ယခုအချိန်တွင်နော်ထက်ထက်၏ကျန်းမာရေး ကောင်းမွန်လာပြီးဖြစ်ကြောင်း၊ နော်ထက်ထက်အားနှိပ်စက်ခဲ့သည့် မော်

ဒယ်သီရိကိုကိုနိုင်၏ ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့်အားဗဟန်းတရားရုံးတွင်အောက်တိုဘာ ၂၈ရက်နေ့တွင် ရုံးထုတ်
စစ်ဆေးမည်ဖြစ်ကြောင်းနှင့် နော်ထက်ထက်ကျန်းမာလာသည့်အချိန်တွင်အာဏာပိုင်များမှတရား ဥပဒေအရအရေး
ယူပေးခြင်း မရှိသေးကြောင်း ၎င်းင်းကထပ်လောင်းပြောသည်။

 နော်ထက်ထက်သည် ရန်ကုန်မြို့ရှိ သီရိကိုကိုနိုင်၏ နေအိမ်သို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင်ရောက်ရှိပြီး အိမ်အကူ
အဖြစ်တစ်လလျှင် လုပ်အားခငွေ ကျပ်၂၅၀၀၀နှုန်းဖြင့် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ အိမ်အကူ သက်တမ်း ၂လကျော်ကြာမြင့်
ချိန် ယခုနှစ်မတ်လအတွင်း၌ သီရီကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူတို့က ခေါင်းကွဲသည်အထိ တံမြက်စည်းဖြင့် ရိုက်ခြင်း၊လက်
သီးဖြင့် ထိုးခြင်း၊ ပလာယာ၊ကပ်ကြေးများဖြင့်ထိုးနှက်ခြင်း၊ ထမင်းမကျွေးဘဲ အခန်းအတွင်း၌ပိတ်လှောင်ထားခြင်းနှင့် ဆီပူအိုးသို့လက်နှစ်၍နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ၎င်းင်း၏မိခင်ဖြစ်သူက တရားလိုပြုလုပ်၍ ပုသိမ်မြို့အမှတ်
 ၂ ရဲစခန်း၌ ယခုနှစ်မတ်လအတွင်းက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရဲစခန်းက အမှုကိုလွှဲပြောင်း ရယူပြီးနောက် တရားရုံးသို့ တင်ပို့၍တရားစွဲဆိုခဲ့ခြင်း၊ ဗဟန်းမြို့နယ်
ကမ်္ဘာအေးဘုရားလမ်း၊ ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်၊ အိမ်အမှတ် ၃၀ တွင်နေထိုင်သည့် သီရိကိုကိုနိုင်နှင့်ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့်တို့အား ဗဟန်းတရားရုံးကယခုနှစ်ဇွန်လ ဒုတိယပတ်မှစတင်၍ ဖမ်းဆီးမိန့်ဝရမ်း ထုတ်ပြန်ခဲ့ကြောင်း

သိရသည်။

“ဦးကြည်လှမြင့်ကို ဒီနေ့တာမွေမြို့နယ်မှာဖမ်းမိပါတယ်။ သီရိကိုကိုနိုင်ကတော့ထွက်ပြေးနေတုန်းပါ။ သူ့ကိုစစ်ဆေးမှပဲ အကြောင်းစုံသိရမှာပါ။ သူ့ကို ၂၈ ရက်နေ့မှာရုံးထုတ်စစ်ဆေးပါမယ်။ တာမွေမှာမူးယစ်ဆေးဝါးမှုနဲ့ ဖမ်းမိတာပါ။သီရိကိုကိုနိုင်ကိုဆက်လက်ဖမ်းဆီးသွားဖို့ဆောင်ရွက်နေပါတယ်”ဟုအမှုစစ်ဒုရဲအုပ်ဦးထွန်းမင်းက
့ပြောသည်။

သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူတို့အား ဗဟန်းတရားရုံး၌ စွဲဆိုထားသည့် ပုဒ်မများမှာ ၃၂၃ (တုံးသောလက်နက်ဖြင့် သာမန်နာကျင်စေမှု) ၃၂၄ (ချွန်သော လက်နက်ဖြင့် သာမန်နာကျင်စေမှု)၃၄၆/၁၁၄ (မတရားဖမ်းဆီးချုပ်နှောင်မှု)နှင့် ၅၀၆/၁၁၄ (ခြိမ်းခြောက်မှု)တို့ဖြစ်ကြောင်း ၎င်းင်းကထပ်လောင်းပြောသည်။

Venus News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment