Pages

Pages - Menu

Monday, October 13, 2014

မြန်မာဟိုတယ်ဝန်ဆောင်မှု ယင်ကောင် တစ်ကောင်ကိုပင် မထိန်းချုပ်နိုင်သေးဟု ဟိုတယ်/ခရီးဝန်ကြီးပြော


RangonNewsDaily:: October . 13 .2014
မြန်မာနိုင်ငံဟိုတယ်များ၏ဝန်ဆောင်မှုသည် ယင်ကောင်တစ်ကော င်ကို မထိန်းချုပ်နိုင်သေးဟု ဟိုတယ်နှင့်ခရီး သွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဦးဌေးအောင်က အောက် တိုဘာ ၁၂ရက်ထုတ် နိုင်ငံပိုင်သတင်းစာနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုလိုက်သည်။
“အခုအချိန်ထိ နိုင်ငံတော်အဆင့်ပွဲမှာတောင် ယင်ကောင်တစ်ကောင်ကို မထိန်းချုပ်နိုင်တာတွေ့ရတယ်” ဟု ဝန် ကြီးက ပြောသည်။

ထိုဖြစ်စဉ်ကို သာမာန်ဖြစ်စဉ်တစ်ခုအဖြစ် ရှုမြင်သော်လည်း ခရီးသည်များက အသေးအဖွဲကအစ မြန်မာနိုင်ငံရှိ ဟိုတယ်များ၏ဝန်ဆောင်မှုအပေါ်ယုံကြည်မှုကျ ဆင်းစေနိုင်သည်ဟု ဝန်ကြီးက သတိပေးသည်။

လက်ရှိ ဟိုတယ်သစ်များ၏ တစ်ရက်တာ အခန်းငှားရမ်းခသည် အမေရိကန်ဒေါ်လာ ထောင်ဂဏန်းချီပြီး ပေးနေ ရပြီး “ဝန်ဆောင်မှုကလည်း ထိပ်တန်း ကိုဖြစ် နေရမှာ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဆိုသည်။

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရန် ပြည်တွင်း ဟိုတယ် လုပ်ငန်း ရှင်များ အနေဖြင့် အမီလိုက်ဖို့ လိုအပ်နေ ပြီဟုလည်း ဝန်ကြီးက သတိပေးလိုက် သည်။ လက်ရှိတွင် ကမ္ဘာကျော် “နိုဘိုတယ်” ဟိုတယ်များကို မြန်မာ နိုင်ငံရှိ အင်းလေးနှင့် နေပြည်တော်တို့တွင် လာရောက်ဖွင့်လှစ်နေပြီဖြစ်သလို ရန်ကုန်တွင် လည်း ထပ်မံ ဖွင့်လှစ် မည်ဖြစ်သည်။

လာမည့် ၂၀၂၀တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည်ဦးရေ ခုနှစ်သန်းခန့်ဝင်ရောက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနကလျာထားပြီး ယခုနှစ်တွင်မူ စက်တင်ဘာ လကုန်ထိ နိုင်ငံခြားသား ခရီးသည် နှစ်သန်းခန့်ဝင်ရောက် ခဲ့သည်။

သို့သော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် နိုင်ငံတစ်ကာခရီးသွား လုပ်ငန်းချိတ်ဆက်နိုင်မှုမှာ အားနည်းနေ သေးသည်ဟု ဝန်ကြီးက ဆိုသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်အလုံးပေါင်း ၁၁၀၀ခန့်ရှိနေပြီး အခန်းပေါင်း လေးသောင်းကျော်ရှိနေပြီ ဖြစ်သည်။

Mizzima , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment