Pages

Pages - Menu

Monday, October 13, 2014

ချန်ပီယံလိဂ်ဖိုင်နယ်အတွက် ချယ်လ်ဆီးပရိသတ်များ လေယာဉ်ကြိုတင် လက်မှတ်မှာ ယူနေကြ


RangonNewsDaily:: October . 13 .2014
ချန်ပီယံလိဂ်အုပ်စုပွဲနှစ်ပွဲသာကစား ရသေးသော်လည်း ချယ်လ်ဆီး ပရိသတ်များသည် ဗိုလ်လုပွဲ သွားကြည့်ရန် လေယာဉ် လက်မှတ်များ ကြိုတင်မှာ ယူနေကြ သည်ဟု ဆန်းဒေးပီးပဲလ်သတင်းစာတွင် ဖော်ပြထားသည်။
ချယ်လ်ဆီးသည် လက်ရှိအချိန်တွင် ရှော်လ်ကေး၊ စပို့တင်းတို့နှင့်သာကစားထားရသေးပြီး လေးမှတ်ရ ယူထားသည်။ သို့သော် ပြီးခဲ့သည့် တစ်ပတ်မှ စတင်ကာ လေကြောင်းလိုင်းများက နွေရာသီအားလပ်ရက်ခရီးစဉ်များအတွက် အရောင်းမြှင့်တင်ခြင်းအစီအစဉ်များကို ကြေညာခဲ့ရာ ပရိသတ်များအနေဖြင့် ဇွန် ၆ ရက် တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမည့် ဘာလင်ခရီးစဉ်အတွက် လက်မှတ်များကို ဈေး သက်သက်သာသာဖြင့် ၀ယ်ယူခဲ့ကြသည်။

ချယ်လ်ဆီး အသင်းတစ်ရာသီ စာလက်မှတ် ၀ယ်ယူထား သည့်ပရိသတ် တစ်ဦးက "ဘာလင် ကိုသွားဖို့ လက်မှတ် ဖြတ်တာ ကျွန်တော် သိတာတင် အနည်းဆုံး ၂၅ ယောက်လောက်ရှိပြီး အခြားအတော်များများလည်းရှိပါတယ်။

တစ်ရာလောက်တောင် ကြိုတင်လက်မှတ်မှာထား ပြီးပြီလို့ ကြားတယ်"ဟု ပီးပဲလ်သတင်းစာ သို့ပြောသည်။ ဘာလင်မြို့သို့သွားရန် ကြိုတင်လက်မှတ်စောစောမှာပါက ပေါင် ၁၅၀ သာကျသင့် မည်ဖြစ်သည်။

Mizzima , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment