Pages

Pages - Menu

Thursday, October 9, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ရေကြည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်းများပျက်စီး


RangonNewsDaily:: October . 8 .2014
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ရေကြည်မြို့နယ်တွင် အောက်တိုဘာ ၆ ရက် နံနက် ၃ နာရီ ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၉ လုံး အမိုးလန်ပျက်စီးခဲ့ကာ စာသင်ကျောင်း နှစ်ကျောင်းလည်း ပျက်စီးသွားကြောင်းသိရသည်။
ရေကြည်မြို့နယ် အတွင်းရှိ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ နတ်စင်ကွင်းကျေးရွာအုပ်စု၊ သစ်ငုတ္တ ထောင်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ယိုးဒယားတက် ကျေးရွာအုပ်စု၊ တိုက်စွန်းအောက် အင်းကျေးရွာအုပ်စု၊ ညောင်ငူလက်ခုပ် ကျေးရွာအုပ်စုနှင့် ကိုင်းချောင်ကျေးရွာ အုပ်စုများအတွင်းရှိ လူနေအိမ်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာများသို့ ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်နှင့် တာဝန်ရှိသူများ သွားရောက်ပြီး လေဘေးသင့် အိမ်ထောင်စုများသို့ ဆန်နှင့်ခေါက်ဆွဲခြောက်များ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
::
လေဘေးသင့် အိမ်ထောင်စုများ အားနီးစပ်ရာ ဆွေမျိုးသားချင်းများ၏ နေအိမ်သို့ပြောင်းရွှေ့ထားရှိကာ ပျက်စီးသွားသည့် စာသင်ကျောင်းများအား အမြန်ဆုံးပြန်လည်ပြုပြင် နိုင်ရေး မိဘဆရာအသင်းဝင်များနှင့် ကျောင်း အကျိုးတော်ဆောင်တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

The Mirror ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment