Pages

Pages - Menu

Thursday, October 9, 2014

မန္တလေးခရိုင်၌ ကိုးလအတွင်း ယာဉ်တိုက်မှု ကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိ

Photo ::Mandalay-Motorcycle-Accident
မန္တလေးခရိုင်အတွင်း ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုအပြီး အပျက်အစီးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

RangonNewsDaily:: October . 8 .2014
မန္တလေးခရိုင်၌ နေ့စဉ်ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိခဲ့ကြောင်း အမှတ် (၁၁)၊ ယာဉ်ထိန်းရဲဒု-တပ်ဖွဲ့ခွဲမှူးရုံး၏ ၂၀၁၄ ဇန်နဝါရီမှ စက်တင်ဘာလ
အထိ လချုပ် ယာဉ်တိုက်မှုမှတ်တမ်းများတွင် ဖော်ပြထားသည်။

ကိုးလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၃၁၀ နီးပါးဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၃၆ ဦးနှင့် ဒဏ်ရာရ သူ ၃၅၀ခန့်ထိရှိရာ အဆိုပါစာရင်းအချက် အလက်များအရ နေ့စဉ်မန္တလေးမြို့တွင် ယာဉ်တိုက်မှုများ ဖြစ်ပွားနေပြီး အဆိုပါ ဖြစ်စဉ်များကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းသေဆုံးနေရသည်ကို သိရှိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာ လအတွင်း ယာဉ်တိုက်မှုပေါင်း ၂၉၅ မှု၊ သေဆုံးသူ ၁၃၅ ဦးနှင့် ဒဏ်ရာရသူ ၃၉၀ ကျော်ရှိခဲ့ရာ ကာလတူနှိုင်းယှဉ်ချက်အရ ယာဉ်အသုံးပြုမှု သိပ်သည်း
လာသည့် မန္တလေးမြို့တွင် ယာဉ်စည်းကမ်းလမ်း စည်းကမ်းများကို နေ့၊ ညအချိန်အလိုက်
စစ်ဆေးအ ရေးယူမှုများ ပြုလုပ်လျက်ရှိသော်လည်း ယာဉ်တိုက်မှုနှင့် သေဆုံးသူအရေအတွက်
သည် လျော့ကျသွားခြင်းမရှိကြောင်း ဆိုခဲ့သည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူအများဆုံးမြို့နယ်မှာ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ဖြစ်
သည် ဟု သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များ၏ ထက်ဝက် ခန့်သည် ညနေ ၆ နာရီမှ ည ၁၂ နာရီ အတွင်းဖြစ်ပွားသည်
ကို စာရင်းများအရ တွေ့ရှိရပြီး ညပိုင်းအချိန်တွင် မော်တော်ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ မောင်းနှင်ခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ မဆင်မခြင်မောင်းသောကြောင့် တစ်ဖက်ယာဉ်ကို တိုက်မိခြင်းတို့ ဖြစ်ပွားရသည်ကို အများဆုံးစစ် ဆေးတွေ့ရှိသည်ဟု အမှတ်(၁၁)၊ ယာဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ကျယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောသည်။

ထို့ကြောင့် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း ပိုမိုမြင့်တက်သည့် ညပိုင်းအချိန်တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများကိုယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက မန္တလေးမြို့ရှိ အချက်အချာကျသော လမ်းဆုံလမ်းမကြီးများ၌ ရှောင် တခင်စစ်ဆေးမှုများ ညစဉ်ပြုလုပ်လျက် ရှိသည်ဟုဆိုသည်။

Mizzima News , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment