Pages

Pages - Menu

Monday, October 20, 2014

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် စိတ်မနှံ့သူတစ်ဦးက မိခင်ဖြစ်သူ အပါအ၀င် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

RangonNewsDaily:: October . 19 .2014
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခွဲ ခန့်က စိတ်မနှံ့သူတစ်ဦးက ၎င်း၏မိခင်အပါအဝင် ညီမဖြစ်သူနှင့် ဘုန်းတော်ကြီးတစ်ပါးတို့အား လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းကျေးရွာနေ ဒေါ်သန်းနွဲ့ ၆၇ နှစ်(ဘ) ဦးညွန့်မောင်နှင့် သမီးဖြစ်သူ (၂၃ နှစ်)(ဘ)ဦးကြည်မြင့်တို့ သားအမိနှစ်ဦးသည် ၎င်းတို့နေအိမ်တွင် ရှိနေစဉ် မိခင်ဖြစ်သူဒေါ်သန်းနွဲ့၊ ညီမဖြစ်သူတို့နှင့် တစ်အိမ်တည်းတွင် အတူနေထိုင်ပြီး (စိတ်ဝေဒနာ ခံစားနေရသူ) ငမျိုး(ခ) မျိုးသိန်း (၃၃ နှစ်) (ဘ) ဦးမြင့်ကြည်သည် ၎င်း၏မိခင်ဖြစ်သူ ဒေါ်သန်းနွဲ့နှင့် ညီမဖြစ်သူ မနီနီဝင်းတို့အား ဝါးအရိုးတပ်ထားပြီး အရိုးအသွား လေးပေခန့်ရှိသည့် ကိုင်းခုတ်ဓားမနှင့်၊ သစ်သားအရိုး တပ်ထားပြီး လေးပေခန့်အရှည်ရှိ ပေါက်ပြားတို့ဖြင့် ခုတ်ခဲ့သဖြင့် ဒေါ်သန်းသန်းနွဲ့၏ ဝဲနဖူးတွင် ခြောက်လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် မနီနီဝင်း၏ ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိပြီးနောက် အဆိုပါဒဏ်ရာများဖြင့်ပင် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ မိခင်ဖြစ်သူနှင့် ညီမဖြစ်သူတို့ ခုတ်ခဲ့ပြီးနောက် ငမျိုး (ခ) ကိုမျိုးသိန်းမှာ ရွာလယ်လမ်းအတိုင်း ထွက်ပြေးသွားစဉ် အိုးဘိုကုန်းကျေးရွာ မြရောင်ခြည် ဘုန်းတော်ကြီးကျောင်းရှေ့သို့ အရောက် ကျောင်းရှေ့ရှိ မုခ်ဦးတန်းလျား၌ ထိုင်နေသော ဆရာတော်ဦးပညာသာမိ(ခ)ဦးမြသန်း(၅၅ နှစ်)၊ ဝါတော်သုံးဝါ၊ (ဘ) ဦးသိန်းမောင်၊ မြရောင်ခြည်ကျောင်းခန်းနေ ဆရာတော်အား လက်တွင်
အသင့်ပါလာသည့် ဓားဖြင့် ဆက်လက်ခုတ်ခဲ့ရာ ဦးပညာသာမိတွင် လည်ပင်းပြတ်လုနီးပါး ဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းနောက်စေ့အောက်ဘက် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ရရှိပြီး အခင်းဖြစ်နေရာ၌ပင် ပျံလွန်တော်မူခဲ့ကာ ငမျိုး(ခ)မျိုးသိန်းမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
::
အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြူးမြို့နယ် မြို့မရဲစခန်းမှ ငမျိုး (ခ)မျိုး သိန်းအား (ပ) ၄၉၉ /၂ဝ၁၄ ပြစ်မှု ပုဒ်မ ၃ဝ၂ အရ အမှုဖွင့်လှစ် ဆောင်ရွက်ထားပြီး ထွက်ပြေးသွားသူ ငမျိုးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Eleven ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment