Pages

Pages - Menu

Monday, September 22, 2014

ဖြည့်ဆည်းမပေးနိုင်သေးတဲ့ အများပြည်သူ အိမ်ရာလိုအပ်ချက်

RangonNewsDaily:: September . 22 .2014
လူနေထူထပ်ပြီး အိမ်ရာလိုအပ်ချက် မြင့်တက်နေသည့် ရန်ကုန်မြို့၏ ပြဿနာကိုဖြေရှင်းရန် အိမ်ရာစီမံကိန်းများ အကောင်
အထည်ဖော်နေသော်လည်း ယင်းစီမံကိန်းများက ဆန့်ကျင်အကျိုးသက်ရောက်မှု (Counter Productive) ဖြစ်နေကြောင်း
နှင့် အမှန်တကယ် ပြည်သူလူထု၏ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အခက်အခဲ ရှိနေဦးမည်သာဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။
ရန်ကုန်မြို့သည် လူဦးရေထူထပ် များပြားလာသည့်အတွက် အိမ်ရာလိုအပ်ချက်လည်း မြင့်တက်လျက်ရှိနေကြောင်း၊ သို့
သော် အခြားတစ်ဖက်တွင် မြေယာဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် အတားအဆီးများ ရှိနေကြောင်း၊ ဥပမာအားဖြင့် တန်ဖိုးနည်းအိမ်ရာသည်ပင်လျှင် သိန်း ၂ဝဝ ဝန်းကျင် ရှိနေသည့်
အတွက် ရန်ကုန်မြို့တွင် အိုးပိုင်အိမ်ပိုင်ဖြစ်ရန် ခဲယဉ်းနေကြောင်း၊ ယင်းပြဿနာများကို ဖြေရှင်းရန် ရန်ကုန်မြို့ကို ထပ်ချဲ့
သင့်သည်ဟူသော အမြင်များရှိသကဲ့သို့ ရန်ကုန်မြို့ကို ထပ်ချဲ့ရန် မသင့်တော့ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ရန်ကုန်ရဲ့ မြေဈေးကွက်အနေနဲ့ကတော့ မြေဟာအမြဲတမ်း ကန့်သတ်ချက်ရှိတာပေါ့။ ကန့်သတ်ချက်ရှိတဲ့အတွက် ပိုင်

ရှင်တွေ ပိုင်ဆိုင်မှုတွေရဲ့ လက်ထဲမှာရှိနေတော့ သူတို့ကလည်း မရောင်းကြသေးတော့ ဒီမြေဈေးက ပါးစပ်က ဈေးခေါ်
သလို ဖြစ်နေတယ်။ တကယ် အရောင်းအဝယ်ဖြစ်တယ် မဖြစ်ဘူးကတော့ ဈေးကွက်အပေါ်ပဲ မူတည်တာပေါ့။ 

တစ်ဖက်က ရန်ကုန်တို့ မန္တလေးတို့ အစရှိတာတို့က အထူးသဖြင့် ရန်ကုန်ပေါ့။ ဝယ်လိုအားများလာတဲ့အခါ ဒီဘက်
ကဈေးကို မြင့်တက်စေတာပေါ့။ အောက်ကနေတွန်းတင်နေတဲ့ သဘောပေါ့လေ။ ဝယ်လိုအားများလာလေလေ တစ်ဖက်
က မြေဈေးကတက်လာလေလေပေါ့။ ရောင်းလိုအားက ကန့်သတ်တယ်။ ဝယ်လိုအားက များလာတယ်ဆိုရင် ဈေးကအ
လိုလို မြှင့်ခေါ်လို့ရတယ်။ 

တကယ် အရောင်းအဝယ် ဖြစ်မဖြစ်ကတော့ တကယ့်လိုအပ်ချက်နဲ့ ဝယ်နိုင်စွမ်းအားအပေါ် မူတည်တယ်။ ဒါကြောင့်မို့ နိုင်ငံတော်အစိုးရက အများပြည်သူတတ်နိုင်တဲ့ Affordable Housing တန်ဖိုးနည်းနဲ့ တတ်နိုင်တဲ့ အိမ်ရာစီမံကိန်းတွေ လုပ်နေတာ။အထပ်မြင့်တွေအများကြီးဆောက်မယ်။တတ်နိုင်တဲ့ဈေးနှုန်း၊ သက်သာတဲ့ဈေးနှုန်းဖြစ်အောင် ဆောင်ရွက်နေ
ပါတယ်။ နောက်တစ်ခါ အများပြည်သူနေနိုင်မယ့် အိမ်ရာတွေ ဆောင်ရွက်နေတယ်။ 

တချို့ဟာတွေကို ၂ဝ၁၅ မှာ စတင်ဖော်ဆောင်ဖို့ ဆောင်ရွက်နေကြပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က Myanmar Global Investment Forum ၌တွေ့
ဆုံစဉ် မီဒီယာများသို့ ပြောကြားသည်။

ယင်းကဲ့သို့သော အနေအထားများကြောင့်၂ဝ၃ဝ တွင် အမျိုးသားဘက်စုံ တိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်

ရန် ရည်မှန်းထားကြောင်းနှင့် အဆိုပါစီမံကိန်းအား ၂ဝ၁၁ မှ ၂ဝ၃၁ အထိ နှစ် ၂ဝ စီမံကိန်းအဖြစ် ရေးဆွဲသတ်မှတ်
ထားကြောင်းလည်း ၎င်းက ပြောကြားသည်။

“အခုဆိုရင် ပထမငါးနှစ်စီမံကိန်းရဲ့ စတုတ္ထနှစ်ဖြစ်ပါတယ်။ ၂ဝ၁၆ မှာ ပထမငါးနှစ် စီမံကိန်းပြီးမယ်။ ၂ဝ၁၆ ကနေ ၂ဝ၂၁ အထိ ဒုတိယငါးနှစ်စီမံကိန်းလုပ်မယ်။ အဲဒီမှာလည်း မျှော်မှန်းချက်တွေထပ်ပြီး ရှိလာမယ်။ မူဝါဒပိုင်း အနည်းငယ်
ပြောင်းလဲမှုတော့ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ခန့်မှန်းထားဖြစ်တဲ့အတွက် အခုဆိုရင် သန်းခေါင်
စာရင်းလည်းပြီးပြီ။ လူဦးရေကိုလည်း ပြည့်ပြည့်ဝဝ ခန့်မှန်းလို့ရပြီ။ ဆိုတဲ့အခါ ဒီအပေါ်မှာ မူတည်ပြီးတော့ လူဦးရေက ဘယ်မြို့တွေမှာ ဘယ်လောက်ရှိလာမယ်။ အဲဒီမြို့တွေမှာ ရောက်ရှိလာမယ့် လူဦးရေအတွက်ရှိနေတဲ့ အိမ်ခန်းတွေ နေထိုင်နိုင်မှု အခြေအနေနဲ့ တွက်ပြီးတော့ အိမ်ခန်းတွေ ဘယ်လောက်ဆောက်ရမလဲ။ နောက်တစ်ခါ မြေတွေဘယ်လောက်ထပ်ပြီး တိုးဖို့လိုရင် ထပ်တိုးရမယ်။ 

တကယ်လို့ မြေကိုမတိုးနိုင်တော့ဘူးဆိုရင်တော့ အပေါ်အထပ်အမြင့်တွေ တက်ရတော့မယ်။ ဒီအဆင့်တွေကို ကျွန်တော်တို့ ချိန်ဆနေတာ ဖြစ်ပါတယ်။ အိုးအိမ်ဦးစီးဌာနကလည်း ဒါတွေကို တွက်နေပါတယ်။ ထို့နည်းတူစွာပဲ သက်ဆိုင်ရာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကျတော့ စည်ပင်သာယာ ကော်မတီတွေက ဒီအချက်တွေကို တွက်နေတာဖြစ်ပါတယ်” ဟု ဒေါက်တာကံဇော်က ဆိုသည်။

လက်ရှိရင်ဆိုင်နေရသည့် ပြဿနာမှာ ရန်ကုန်မြို့အား တိုးချဲ့မည်ဟူသည့် သတင်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာတစ်ဝိုက်မှ မြေဈေးများ ရုတ်တရက် မြင့်တက်သွားတတ်ကြောင်း သိရသည်။


“ဟံသာဝတီလေယာဉ်ကွင်း ဖောက်တယ်လည်းဆိုရော ပဲခူးတစ်လျှောက်ကဟာတွေ အကုန်ဝယ်လိုက်တယ်။ သီလဝါပေါ်လာတော့ တွံတေးဘက်ကဟာတွေ အကုန်ဝယ်တယ်။ လှိုင်သာယာပေါ်လာတော့ ထန်းတပင်အထိ အကုန်ဝယ်တယ်။ သူတို့ကကိုက်တယ်။ ပုံစံ-၇ စာအုပ်ဝယ်ထားတယ်။ လောလောဆယ်မှာ စပါးပေါ်ရင် သူတို့ကိုပေးရုံပဲ။ သူတို့က ပိုက်ဆံပစ်ထားတာ။ အစိုးရတစ်ခုခုဖြစ်ရင် လည်ပင်းညှစ်လိုက်ရုံပဲ။ တစ်ခါတစ်ခါလည်း ခက်တယ်။ 


ရည်ရွယ်တာနဲ့ ပစ်တာနဲ့ Impact က အမျိုးမျိုးဖြစ်နေတယ်။ လယ်သမားကို လယ်ရောင်းချခွင့်ပေးလိုက်ပြန်တော့လည်း အသုံးချတာ တစ်မျိုးဖြစ်နေတယ်။ ဆိုရှယ်လစ်ခေတ်က လယ်ပိုင်ခွင့်မပေးဘူး။ လယ်လုပ်ခွင့်ပဲပေးတယ်။ အဲဒါကျတော့ မကျေနပ်ကြဘူး။ အခုရောင်းချခွင့်ပေးတော့လည်း အကုန်ရောင်းစားကြတယ်” ဟု အငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦးက ပြောကြားသည်။

အလားတူပင် ရန်ကုန်မြို့အား ထပ်ချဲ့ရန် မြေဈေးများ မြင့်တက်နေခြင်းအပြင် အခြားအခက်အခဲ ရှိနေသည်ဟူသော အမြင်မျိုးလည်း တွေ့ရသည်။


“မြို့တစ်မြို့မှာ အခြေခံအဆောက်အအုံလိုအပ်ချက် လေးခုရှိတယ်။ ရေသန့်ကလည်း ရန်ကုန်မြို့က မပေးနိုင်တော့ဘူး။ ရေဆိုးလည်း သူမထုတ်နိုင်တော့ဘူး။ မီးကလည်း မလာရင်ပျက်တယ်။ လာရင်ဓာတ်လိုက်သေတယ်။ 


လမ်းကမကောင်းရင် မကောင်းဘူး။ ကောင်းရင်ကျပ်တယ်။ နောက်တစ်ခုက အမှိုက်သိမ်းစနစ် ပျောက်နေပြီ။ ရန်ကုန်မှာ အမှိုက်တွေ ဘယ်ပစ်နေမှန်းကို မသိဘူး။ နောက်ဖေးလမ်းကြားအားလုံး အမှိုက်တွေချည်းပဲ။ မြောင်းတွေမှာလည်း အမှိုက်တွေချည်းပဲ။ အဲဒီတော့ ရန်ကုန်မြို့ရဲ့ Urban Infrasturcture လေးခုလုံး ပျက်နေတယ်။ ထပ်ချဲ့ဖို့ဆိုတာ သိပ်မဖြစ်နိုင်တော့ဘူး” မြို့ပြစီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ထပ်ချဲ့သင့် မချဲ့သင့်ဆိုသည့် အပိုင်းတွင် မြို့ပြရွှေ့ပြောင်း နေထိုင်မှုများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တောမှမြို့သို့ ပြောင်းလာသည့်သူများတွင် မြို့နှင့်လျော်ညီသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာ မပါလာပါက မြို့ပြက ယင်းဝန်ထုပ်ဝန်ပိုးကို ခါးစည်းခံရကြောင်း၊ များသောအားဖြင့် နယ်မှရွှေ့ပြောင်းလာကြသူများသည် မြို့စွန်မြို့ဖျားများတွင်သာ အခြေချမှုများကြောင်း၊ လက်ရှိအချိန်တွင် စီမံကိန်းများကြောင့် မြို့စွန်မြို့ဖျားများတွင်လည်း ဈေးနှုန်းများ အလွန်မြင့်တက်လာသည့်အတွက် မြို့ပြအနေဖြင့် ရာဇဝတ်မှုများ၊ အိမ်ခြေရာခြေမဲ့ ပြဿနာများအား ပိုမိုဖြေရှင်းရန် လိုအပ်လာသည့်အတွက် လက်ရှိစီမံကိန်းများသည် အကျိုးထက်အပြစ်ပိုများသည့် Counter productive စီမံကိန်းများဖြစ်နေကြောင်း သိရသည်။


ရန်ကုန်မြို့တွင် အိမ်ရာဈေးနှုန်း ကြီးမြင့်မှုကို ထိန်းနိုင်ရန် ရည်ရွယ်၍ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပြီး လူနေသိပ်သည်းမှု နည်းပါးသော မြို့နယ်များတွင် အကောင်အထည်ဖော်ရန် အစီအစဉ်များရှိသည်ဟု သိရသည်။


ရန်ကုန်မြို့တွင် လက်ရှိတန်ဖိုးမျှတအိမ်ရာ စီမံကိန်းများအဖြစ် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဗိုလ်ဗထူးစီမံကိန်း၊ ဗိုလ်မင်းရောင်စီမံကိန်းများကိုပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် လှိုင်သာယာမြို့နယ်တွင် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော်လျက် ရှိသည်။


ရန်ကုန်မြို့တွင် အိမ်ခန်းများဖော်ဆောင်ခဲ့မှုတွင် ၂ဝဝ၄-၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၉-၂ဝ၁ဝ အထိ ငါးနှစ်အတွင်း အိမ်ခန်းပေါင်း ၃၆ဝဝဝ အား တစ်နှစ်ပျှမ်းမျှ အိမ်ခန်း ၇၂ဝဝ နှုန်းဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ရာလိုအပ်ချက် မြင့်တက်နေသည့်အတွက် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ငါးနှစ်အတွင်း အိမ်ရာယူနစ်ပေါင်း ၃၅ဝဝဝ ခန့် ထုတ်လုပ်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဖော်ထုတ်ခဲ့သည့် အိမ်ရာယူနစ်များမှာ ကိန်းဂဏန်းများအရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် အိမ်ရာယူနစ်ပေါင်း ၁ဝဝဝဝ ကျော်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်တွင် အိမ်ရာယူနစ်ပေါင်း ၅၅ဝဝဝ ခန့်တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆက်လက်ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း အခန်ပေါင်း ၄၅ဝဝ ခန့်ရှိမည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်များတွင် နှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။


အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အခန်းပေါင်း ၆ဝဝ ပါဝင်သော လှိုင်သာယာမြို့နယ်မှ ထီးလှိုင်ရှင်အိမ်ရာ၊ အခန်းပေါင်း ၃ဝဝဝ ခန့်ပါဝင်သော ကျန်စစ်မင်းအိမ်ရာ၊ အခန်းပေါင်း ၉ဝဝ ခန့်ပါဝင်သော ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ကျီစုအရှေ့အိမ်ရာ စီမံကိန်းများဖြစ်ကြောင်း သိရသည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့တွင် တည်ဆောက်ဆဲ ဧရာဝဏ်နှင့် ရတနာ အထပ်မြင့်အိမ်ရာ စီမံကိန်းများကို အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“တန်ဖိုးနည်းဆိုပေမယ့် ပြောရရင် ကျွန်တော်တို့လို ဝင်ငွေနဲ့ မဝယ်နိုင်ဘူးဆိုတာ နဂိုကတည်းက သိထားတယ်။ 


အဲဒါကြောင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆိုပေမယ့် ရင်မခုန်ဘူး။ လိုတော့ လိုချင်တာပေါ့ဗျာ။ အစိုးရက ဆောက်တယ်ဆိုပေမယ့် သူ့လူနဲ့သူပေးဖို့ပဲ ဖြစ်နေမှာ။ နောက်တစ်ခုက ကုမ္ပဏီကနေ ဆောက်တယ်ဆိုရင်လည်း ဘယ်သူမှတော့ အရှုံးခံဆောက်မှာ မဟုတ်တဲ့အတွက် မြေကလည်း အရမ်းဈေးကြီးနေတဲ့အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆိုတာ ကျွန်တော်တို့အတွက် မျှော်လင့်ချက်ကို မရှိဘူး ဖြစ်နေတယ်။ ရန်ကုန်က တကယ်တမ်းတော့ အဲဒီအိမ်ကိစ္စ၊ ကားကိစ္စတို့နဲ့ ပတ်သက်ပြီးတော့ နေကိုမနေပျော်တော့ဘူး” ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ကိုဇော်ဇော်က ပြောကြားသည်။

“တန်ဖိုးနည်းအိမ်ရာတွေ လုပ်လိုက်တာ အိမ်ဈေးတွပိုတက်သွားတယ်။ အခုဆိုရင် ချောင်ကျကျနေရာမှာ တိုက်ခန်းကျဉ်းကျဉ်းတစ်ခန်း ပိုင်ဖို့တောင် စိတ်ကူးမယဉ်ရဲတော့ဘူး” ဟု ကုမ္ပဏီဝန်ထမ်း မစုစုက ပြောကြားသည်။
“အစိုးရက အိမ်ရာတွေဖော်မယ်ဆိုပြီး လုပ်တယ်။ ပိုက်ဆံရှိတဲ့ လူတစ်စုက အဲဒီစီမံကိန်းတွေမှာ လူထုထက်လက်ဦးမှုကို ယူထားတယ်။ တကယ်အိမ်လိုနေတဲ့ ပြည်သူကတော့ တိုက်ခန်းတစ်ခန်းထဲမှာ မိသားစုနှစ်စုလောက် စုနေနေရတုန်းပဲ။ တချို့အိမ်ခွဲနေချင်လည်း နေဖို့မတတ်နိုင်တော့ လူမှုပြဿနာတွေနဲ့ နေ့တိုင်းရင်ဆိုင်နေရတယ်” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။


“ရန်ကုန်မြို့က ထပ်ချဲ့ဖို့မလွယ်တော့ဘူး။ အခုအစိုးရက လယ်လုပ်သူ လယ်ပိုင်ခွင့်ပေးလိုက်တယ်။ လယ်သမားကလည်း အကုန်ရောင်းစားတယ်။ ဒါကြောင့် ရန်ကုန်မြို့ပတ်လည်က အကုန်ရောင်းစားပြီးသွားပြီ။ စာအုပ်ပဲယူလိုက်တာ။ လယ်ကို ဆက်လုပ်ခိုင်းထားတယ်။ သီးစားခပေးတယ်။ အဲဒါကို အစိုးရကတားလိုက်ရင် ဆန္ဒပြမယ်တဲ့။ ဥပဒေမှာ ကာလပေါက်ဈေးနဲ့ ပေးလျော်မယ်လို့ ပြဌာန်းထားတယ်။ နိုင်ငံရေးအရ အလိုလိုက်တာ အန္တရာယ်ကြီးတယ်လို့ မြင်တယ်။


ကာလပေါက်ဈေးဆိုတာ ဘယ်လောက်လဲဆိုတာ ရှိတယ်။ အခု တွံတေး အကုန်ဝယ်ပြီးသား၊ သန်လျင် အကုန်ဝယ်ပြီးသား၊ ဒလ အကုန်ဝယ်ပြီးသား၊ ထန်းတပင် အကုန်ဝယ်ပြီးသား” ဟု ၎င်းကဆိုသည်။

လက်ရှိ ပေါ်ပေါက်နေသည့် ပြဿနာထဲတွင် မြန်မာနိုင်ငံတွင် မြေယာသန်းခေါင်စာရင်း မကောက်ယူနိုင်ခြင်းမှာလည်း အတားအဆီးတစ်ခုဖြစ်ကြောင်း၊ မြေယာသန်းခေါင်စာရင်း ကောက်ယူနိုင်ပါကတစ်ဦးချင်းပိုင်ဆိုင်မှုများနှင့် တစ်ယောက်

တည်းမှ အမြောက်အမြား ပိုင်ဆိုင်မှုများကို ဖော်ထုတ်သွားနိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။ ထိုသို့မဟုတ်ပါက ပြည်သူလူထုအတွက် တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ်ပေးနိုင်မှုဆိုသည်မှာ အလှမ်းဝေးနေဦးမည်သာဖြစ်ကြောင်း သုံး
သပ်ကြသည်။

Eleven Media , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment