Pages

Pages - Menu

Saturday, September 6, 2014

အမ်းတရုတ်ပိုက်လိုင်းဆောက်လုပ်ရေးကုမ္ပဏီကို မီးရှို့မှု မြန်မာနိုင်ငံသား ၁၇ ဦးကို အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်ထိ အမိန့်ချ

RangonNewsDaily:: September . 6 .2014
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဖောက်လုပ်သည့် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီကို မီးရှို့သည့် မြန်မာနိုင်ငံသားများကို စက်တင်ဘာလ ၅ ရက်တွင် အမ်းမြို့နယ် တရားရုံးက အမိန့်ချလိုက်သည်ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက တပ်ကြပ်ဌေးလွင်က မဇ္ဈိမကိုပြောသည်။
ကုမ္ပဏီ ပိုင်အဆောက်အအုံကို မီးရှို့မှုဖြင့် မြန်မာနိုင်ငံသား ၁၇ ဦးကို တရားစွဲဆိုထားခြင်းဖြစ်ပြီး ထောင်ဒဏ် ခြောက်နှစ်မှ အမြင့်ဆုံး ဆယ်နှစ်အထိ စီချမှတ်လိုက်သည် 
ဟုဆိုသည်။

“မနေ့က တရားရုံးက အမိန့်ချတာ များတယ်ဆိုပြီး မြို့ထဲမှာ နည်းနည်းတောင်ဆူသွားတယ်”ဟု တပ်ကြပ်ဌေးလွင်က မဇ္ဈိမကိုပြောသည်။

စီရင်ချက်ချရာတွင် မီးရှို့ခြင်းနှင့် ပတ်သက်၍ ဦးဆောင်သူ သုံးဦးကို ထောက်ဒါဏ် ဆယ်နှစ်စီချမှတ်လိုက်ပြီး အမှုတွင် ပါဝင်သည့် ကျန် ၁၄ ဦးကို ခြောက်နှစ်စီ ချမှတ် လိုက်ခြင်းဖြစ်သည်။

ဇန်န၀ါရီလ အတွင်းက အမ်းမြို့နယ် တောင်စောက်ရေနံ တွန်းအားပေးစက်ရုံတွင် အပေါ်ထပ်အောက်ထပ် အလုပ်သမားချင်း အချင်းများရာက မီးရှို့မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အပေါ်ထပ်က တရုတ် အလုပ်သမားများက အောက်ထပ်သို့ အပေါ့ စွန့်ချရာမှ အောက်ထပ်မှ မြန်မာ အလုပ်သမားများက တရုတ် အလုပ်သမားများနေထိုင်သော အဆောက်အဦတစ်ခု ကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီတွင် တရုတ်အလုပ်သမား ၇၉ ဦးနှင့် မြန်မာ အလုပ်သမား ၁၅၀ ခန့် အလုပ်လုပ်ကိုင်လျှက်ရှိသည် ဟု ကုမ္ပဏီတာဝန်ရှိသူ Mr Zhong က ဇန်န၀ါရီလ အတွင်းက ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment