Pages

Pages - Menu

Saturday, September 6, 2014

ရဲရှေ့တွင် ဖြစ်ပွားသော လူသတ်မှုဖြစ်စဉ် စုံ/ခုံဖွဲ့ စစ်ဆေးနေ

RangonNewsDaily:: September . 6 .2014
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မရဲစခန်းတွင် သြဂုတ် ၃၁ ရက်က တာဝန်မှူး ရဲအရာရှိရှေ့၌ လူသတ်မှုဖြစ်ပွား ခဲ့သောကြောင့် အဆိုပါအမှုအား စုံ/ခုံဖွဲ့၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည့် ခြောက်လခန့် က အိမ်ထောင်ကျခဲ့ပြီး ကွဲနေ သော လင်မယားနှစ်ယောက်နှင့် အမျိုးသမီးဖြစ်သူ၏ ဖခင်တို့ မိ သားစုတွင်းဖြစ်သည့် ပြဿနာကို ညောင်လေးပင်မြို့မရဲစခန်းတာ ၀န်မှူး ရဲအရာရှိရှေ့တွင် ဖြေရှင်း နေစဉ် အမျိုးသားက ၎င်း၏ ဇနီးကို လွယ်အိတ်အတွင်းဝှက်ယူလာသော ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

မိန်းမကို ဓားဖြင့် ထိုးပြီး နောက် ယောက္ခမ(မိန်းကလေး၏ ဖခင်)ကိုပါ ဓားဖြင့် ဆက်ထိုးသောကြောင့် ရဲတပ်ဖွဲ့ဝင်များက လုံး ထွေးဖမ်းဆီးခဲ့ရပြီး တာဝန်မှူးရှေ့ ၌ ဖြစ်ပွားသော လူသတ်မှုကိုစုံ စမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်နေ ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘တာဝန်မှူးကတော့ သူ့ရှေ့ မှာ လူသတ်မှုဖြစ်သွားတာ ကြောင့် အစစ်ဆေးခံရမှာပဲ။ ဒီကိစ္စကို စုံ/ခုံဖွဲ့ပြီး စစ်နေတယ်။ အခုလောလောဆယ်တော့ ဘာမှ ပြောလို့မရသေးတဲ့ အခြေအနေပါ’’ဟုအဆိုပါရဲအရာရှိကပြောသည်

တောင်ငူ၊ညောင်ကိုင်းတက္က သိုလ်၌ ကျောင်းတက်နေသည့် အသက် (၁၇) နှစ်အရွယ်မိန်းက လေးတစ်ဦးကို လွန်ခဲ့သည့် ခြောက်လခန့်က ပေါင်းသင်းခဲ့သည့် ၎င်း၏ ခင်ပွန်းဖြစ်သူက ညောင်လေးပင်မြို့သို့ ခေါ်သွားသောကြောင့် မိန်းကလေး၏ မိဘများကရဲစခန်းသို့ ခေါ်၍ ဖြေရှင်းစဉ် ယင်းပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘သူတို့ပြဿနာက ဘယ်သူ မှန်လို့ ဘယ်သူမှားတယ်ဆိုတာ လည်း မသိရသေးဘူး။ တိုင်ချက် တောင် မဖွင့်ရသေးဘူး။ သူ့ဘာ သာသူ လွယ်အိတ်ထဲ ဓားဝှက် ယူလာတာ ရဲက ဘယ်လိုသိနိုင် မှာလဲ။ စခန်းထဲလာတဲ့ သူတိုင်း စစ်နေရင်လည်း ရဲပဲ အပြောခံရ မှာ။ အခုတော့ စုံ/ခုံဖွဲ့အစစ်ခံရ တော့မှာပေါ့ဗျာ’’ဟု ၂၀၁၃ ခုနှစ်ကရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့သူ ကိုရာဇာထွန်းကပြောသည်။

မိန်းမကို ဓားဖြင့် ထိုးသတ်သူ အမျိုးသားအား ညောင်လေးပင် မြို့မရဲစခန်းတွင် ထိန်းသိမ်းထား ကာ လူသတ်မှုဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment