Pages

Pages - Menu

Thursday, September 25, 2014

ဖွင့်လှစ်ဖို့ နောက်ကျနေသေးတဲ့ ဖီဂျီက ရေအောက် ဟိုတယ်


RangonNewsDaily:: September . 25 .2014
ဖီဂျီနိုင်ငံပိုင် ရေပိုင်နက် တစ်ခုတည်းမှာ ရေအောက် ဟိုတယ် တစ်ခု ဆောက်တာ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး ရေအောက်ရှိ ကြယ်ငါးပွင့် အဆင့် ဟိုတယ် အဖြစ် စံချိန်တင်စေမယ့် ယင်းဟိုတယ်ကို ၂၀၀၈ ခုနှစ်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် နောက်ကျနေခဲ့တာ ၂၀၁၄ ခုနှစ်တောင် ကုန်ပါတော့မယ်။
ဟိုတယ်ဖွင့်တဲ့အခါ တည်းခိုဖို့ အတွက် စောင့်ဆိုင်းတဲ့ ဧည့်သည် အဖြစ် စာရင်း ပေးထားတာ လူဦးရေ ၁သိန်းခွဲ ရှိပါတယ်။ ရေအောက် ပေ ၄၀ အနက် အောက်မှာ ရှိပြီး သန္တာကျောက်တန်း အလှတရား များကို ခံစားရစေမယ့် ဟိုတယ် ဖြစ်ပါတယူ်။

အခန်းပေါင်း ၂၅ ခန်း ပါဝင်ပြီး တည်းခို စရိတ်က တစ်ပတ်ကို ဗြိတိန်ငွေကြေးဆိုရင် ပေါင် ၉၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ အထဲမှာ ကြယ်ငါးပွင့် အဆင့်နဲ့ မှီစေဖို့ စားသောက်ခန်း၊ အက ခန်း၊ အားကစားခန်း၊ အပြင် အခြားသော အပန်းဖြေ အခန်းပေါင်း များစွာ ပါဝင် ပါတယ်။ ရေအောက်မှာ လည်ပတ် ချင်သူ များအတွက်လည်း ရေအောက် တက္ကဆီ သဘောမျိုးနဲ့ ပြေးဆွဲ ပေးမယ့် ရေငုပ်သင်္ဘောငယ်များလည်း ရှိမှာ ဖြစ်ပါတယ်။

ဟိုတယ်ကို ကျွန်းပေါ် ဆိပ်ကမ်းကနေ ရေအောက်ဆင်း ဓာတ်လှေကား စီးလို့ သွားရမှာ ဖြစ်ပါတယ်။ တော်ရုံ မြေငလျင်၊ ဆူနာမီ၊ လေမုန်တိုင်းတို့ကို ခံနိုင်အောင် တည်ဆောက်ထားကြောင်း ဆိုပါတယ်။ မကြာမီ ဖွင့်လှစ်နိုင်ခြင်း ရှိမရှိကို တရားဝင် ကြေညာကြတော့မှာပါ။


KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment