RangonNewsDaily:: September . 25 .2014
Disney ကာတွန်းထဲက ရဲတိုက်ကြီး တစ်ခုလို ဖြစ်အောင် ဖန်တီးထားတဲ့ ဟိုတယ် တစ်ခုဟာ တရုတ်ပြည် အနောက်မြောက်ပိုင်း Dalian မြို့မှာ တည်ဆောက် ထားတဲ့ ဟိုတယ် ဖြစ်ပါတယ်။ မြို့ရဲ့ အမြင့်ဆုံး တောင်ကုန်းပေါ်မှာ ခန်းခန်းနားနား တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
Wanxia တောင်ကုန်းပေါ်မှာ တည်ဆောက်ထားပြီး ဟိုတယ် တည်းသူများ အနေနဲ့ Xinghai Bay နဲ့ မြစ်ဝါကို လှမ်းမြင်နိုင်မှာ ဖြစ်ပါတယ်။ အခန်းပေါင်း ၂၉၂ ခန်း နဲ့ အဆင့်မြင့် အခန်း (Presidential Suite) ပေါင်း ၂၉ ခန်း ပါဝင်ပါတယ်။ သာမန် အခန်း တစ်ခန်းမှာ တည်းခို စရိတ်က တစ်ညကို ဗြိတိန်ပေါင် ၉၅ ပေါင် တန်ကြေး ရှိပါတယ်။
ဒီတော့ သိပ်ဈေးမကြီး ပါဘူး။ ဒါပေမယ့် Presidential Suite ကတော့ တစ်ည တည်းခိုခ အတွက် ဗြိတိန်ပေါင်း ၁၃၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ဟိုတယ် အထဲမှာ ရေကူးက်န များလည်း ထည့်သွင်းထားပါ သေးတယ်။
ဟိုတယ် ရဲ့ ခန့်ညား ထည်ဝါမှုကြောင့် ဖွင့်လှစ်ပြီး ရက်ပိုင်းမှာတင် နာမည်ကြီးလာ ခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားသား ဧည့်သည် များ အများအပြား သွားရောက် တည်းခိုနေကြောင်း သိရပါတယ်။
YoYarLay , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment