Pages

Pages - Menu

Monday, September 29, 2014

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သောဓာတ်ပုံများကြောင့် မန္တလေးနန်းတော်တွင်း မဖွယ်မရာပြုလုပ်ပါက အရေးယူမည်

RangonNewsDaily:: September . 28 .2014
မြနန်းစံကျော်ရွှေနန်း တော်အတွင်း စီစီတီဗီကင်မရာ များတပ်ဆင်ပြီး မဖွယ်မရာပြု လုပ်ပါက အရေးယူသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
နန်းတော်အတွင်း မဖွယ် မရာပြုလုပ်ခြင်းများကိုအရေးယူ မည်ဟု စက်တင်ဘာ ၂၇ရက် ထုတ်မန္တလေးနေ့စဉ်သတင်းစာ တွင် ကြေညာခဲ့ပြီး ၂၈ရက်မှ စတင် အရေးယူသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦး စီးဌာနမှ သတင်းရရှိသည်။

လူမှုကွန်ရက်များတွင် နန်း တွင်း၌ ပြသထားသော မင်းတုန်း မင်းကြီး၏ ရုပ်တုနှင့်တွဲဖက်ကာ ယဉ်ကျေးမှုနှင့်မအပ်စပ်သောအ မူအရာနှင့် ဓာတ်ပုံရိုက်ကူးထား သောအမျိုးသမီးများ၏ ဓာတ်ပုံ များ ပျံ့နှံ့လာပြီးနောက် ထိုသို့ ကြေညာချက်ထုတ်ပြန်တားမြစ် လိုက်ခြင်းဖြစ်သည်။
::
‘‘သတင်းစာထဲပါလာပြီဆို ကတည်းက သတိပေးလိုက်တာ ပဲ။ နောက်တစ်နေ့ကစပြီးအကျုံး ၀င်ပြီးအရေးယူတာတွေလုပ်သွား မှာ’’ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

အင်တာနက်စာမျက်နှာများ ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ထိုမဖွယ်မ ရာပုံများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး နိုင်ငံ ၏ ယဉ်ကျေးမှုပြယုဂ်များကို အ ထင်သေးစေခြင်း၊ အကြည်ညို ပျက်စေခြင်းအစရှိသည့် ပြစ်မှုပုဒ် မများဖြင့်အရေးယူသွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးရှေး ဟောင်းသုတေသန၊အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန မှ စုံစမ်းသိရသည်။
::
ယင်းဓာတ်ပုံများမှာ လွန်ခဲ့ သည့် သုံးနှစ်ကတည်းကရိုက်ကူး ထားသည့်ပုံများဖြစ်ပြီး လူမှုကွန် ရက်တွင် တစ်ကျော့ပြန်လည် ပေါ်လာခြင်းဖြစ်သည်။ ယင်းပုံများ ကို ဌာနမှ လူကြီးများတွေ့ရှိကာ အရေးယူမှုပြုလုပ်ရန်ညွှန်ကြား လာခြင်းဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူကပြောသည်။
::
မြနန်းစံကျော်ရွှေနန်းတော် နည်းတူ မန္တလေးမြို့ရှိ အထင်က ရနေရာများတွင်လည်း မြန်မာ့ ယဉ်ကျေးမှုနှင့်မကိုက်ညီသည့်မ ဖွယ်မရာအပြုအမူများဖြင့် ဓာတ် ပုံရိုက်ကူးသူများကို စိစစ်အရေး ယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

7 Day ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment