Pages

Pages - Menu

Monday, September 29, 2014

ဂျပန်က အွန်တာကေး မီးတောင်ပေါက်ကွဲ


RangonNewsDaily:: September . 28 .2014
ဂျပန် နိုင်ငံမှာ မီးတောင် တလုံး ရုတ်တရက် ပေါက်ကွဲလို့ တောင်ထိပ်နားမှာ တောင်တက် သမား ၂ဝဝ ကျော် ပိတ်မိခဲ့တာကို ကယ်ထုတ် ခဲ့ရ ပါတယ်။

Ontake မီးတောင် ဟာ ဂျပန်မှာ ဒုတိယ အမြင့်ဆုံး မီးတောင် ဖြစ်ပြီး ပေ တသောင်းလောက် မြင့်ပါတယ်။ဒီမီးတောင် ကနေ ကျောက်ခဲနဲ့ ပြာမှုန်တွေ ပေါက်ကွဲ ထွက် လာလို့ တောင်တက် သမားတွေ ဆင်းပြေး ခဲ့ရပါတယ်။

ခုထိ လူတယောက် သေဆုံးပြီး မီးတောင် ပြာမှုန့်တွေ ရှူ ရလို့ ၁ဝ ယောက်လောက် သတိမရ ဖြစ်နေပါတယ်။

ဒါဇင်နဲ့ ချီ ပျောက် ဆုံးနေလို့ စစ်တပ်က ရှာဖွေရေးတွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ဂျပန်နိုင်
ငံမှာ အွန်တာကေး (Ontake) မီးတောင် ရုတ်တရက် ပေါက်ကွဲခဲ့ပြီးတဲ့နောက် ပျောက်ဆုံးနေဆဲ တောင်တက်သမားတွေကို ရှာဖွေနေကြရာမှာ ဂျပန် စစ်တပ်လည်း ပူးပေါင်း ရှာဖွေနေပါတယ်။ 


မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး လူတချို့ ပျောက်ဆုံးနေပါတယ်။


BBC Burmese ::--KOLATT(PBDN)
RangonNewsDaily 

No comments:

Post a Comment