Pages

Pages - Menu

Friday, September 12, 2014

အိုဇုန်းလွှာ ယိုယွင်းမှု ပြန်လည်ကောင်းမွန်လာ

RangonNewsDaily:: September . 12 .2014
ကင်ဆာရောဂါကိုဖြစ်စေတဲ့ နေရောင်ခြည်တန်းအမျိုးအစားတွေကို ကာကွယ်ပေးတဲ့ အိုဇုန်းလွှာက နှစ်ပေါင်းများစွာ ယိုယွင်းပြုန်းတီးလာရာက ပထမဆုံးအနေနဲ့ ပြန်နာလန်ထလာတဲ့ လက္ခဏာတွေကို ပြနေတယ်လို့ ကုလသမဂ္ဂ လေ့လာမှုတရပ်က စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
၁၉၈၇ ခုနှစ်က စပြီး အိုဇုန်းလွှာကို ပျက်စီးစေတဲ့ လူက ထုတ်လုပ်တဲ့ ဓာတ်ငွေ့တွေကို တားဆီးပိတ်ပင်ဖို့ သဘောတူညီချက် စတင်ကတည်းက အိုဇုန်းလွှာပြုန်းတီးမှု အကြီးအကျယ် ကျဆင်းခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အိုဇုန်းလွှာအပေါက်ကြီးဟာ ကြီးထွားလာမှုရပ်သွားပေမယ့် ပြန်ကျုံ့ဝင်သွားဖို့ ဆယ်စုနှစ်တခုလောက် အချိန်ယူရလိမ့်မယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးနဲ့ ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင်အဖွဲ့တို့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။


မှတ်တမ်းတင်ထားတဲ့ အကြီးဆုံး အိုဇုန်းလွှာအပေါက်ကြီးဟာ ၂၀၀၆ ခုနှစ်က စတုရန်း ကီလိုမီတာ သန်း ၃၀ ရှိခဲ့ပြီး ခုတော့ သန်း ၂၀ ရှိနေပါတယ်။


အိုဇုန်းလွှာအပေါက်ရဲ့ အရွယ်အစားဟာ ကမ္ဘာ့အပေါ်ယံလေထုတွင်း အပူချိန်နဲ့ ဆက်စပ်ပြောင်းလဲနေပါတယ်။ အိုဇုန်းလွှာကို ထိခိုက်စေတဲ့ ဓာတုပစည်းသုံးစွဲမှု လျော့ချခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ကူညီလိမ့်မယ်လို့ ဒီအစီရင်ခံစာက ဖော်ပြထားပါတယ်။


DVB , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment