Pages

Pages - Menu

Friday, September 19, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ရှာမတွေ့လည်း လူထုကိုပြန်တောင်းပန်ရန် အစီအစဉ်မရှိဟုဆို

RangonNewsDaily:: September . 18 .2014
ဓမ္မစေတီခေါင်းလောင်းဆယ် ယူရေးအဖွဲ့အနေဖြင့် လူထုကိုကတိ ပေးထားသည့် ခေါင်းလောင်း
ကို ကုန်း ပေါ်သို့ ဆယ်ယူနိုင်ခြင်းမရှိပါက ၎င်း တို့အဖွဲ့အနေဖြင့် လူထုကို တောင်း ပန်သွားရန် အစီအစဉ်မရှိကြောင်းကို ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ
ဦးကြည် ဝင်းက စက်တင်ဘာ ၁၄ရက်က သန် လျင်မြို့နယ် နတ်စင်တစ်ရာဘုန်းတော် ကြီးကျောင်း၌ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောကြား
ခဲ့သည်။

''အဖွဲ့အနေနဲ့ ခေါင်းလောင်းကြီး ကုန်းပေါ်ရောက်ဖို့ အလှူရှင်တွေရဲ့ ငွေကြေးရှိသလောက် ရှာဖွေမယ်။ ခေါင်းလောင်းကုန်းပေါ်ရောက်ဖို့ ဘယ် လောက်ကြာနိုင်လဲဆိုတဲ့ အမေးတွေ ကို လဲမဖြေဘူး။ 

ကျွန်တော်တို့ခေါင်း လောင်းဆယ်ယူရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ယုံကြည်လို့ ဆယ်ယူရေးသင်္ဘော တွေ၊ လုံခြုံရေးတွေ တာဝန်ယူပေးထား တယ်။ ခေါင်းလောင်းကြီး ရှာလို့မရခဲ့ ရင်လဲ ကျွန်တော်တို့အနေနဲ့ လူထုကို တောင်းပန်သွားဖို့မရှိဘူး''ဟု ပြော ဆိုခဲ့သည်။
::
ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ခေါင်းဆောင်း ဦးစံလင်းသည် သြဂုတ် ၂၆ ရက်တွင် ခေါင်းလောင်း ကြီး ကုန်းပေါ်ကိုပြန်ရောက်မည်ဟု မီဒီယာများက တရားဝင်သတင်းထုတ် ပြန်ခဲ့သည်။

ဦးစံလင်း၏ သတင်းထုတ်ပြန်မှု ကြောင့် မီဒီယာများနှင့် လူထုသည် ခေါင်းလောင်းကြီး ကုန်းပေါ် အမှန် တကယ်ရောက်ရှိနိုင်မည်ဟု ယုံကြည် ချက်ဖြင့် အဆိုပါညတွင် ရှုခင်းသာ ပန်းခြံအနီး၌ တစ်ညလုံးအိပ်ရေးပျက် ခံကာ စောင့်ဆိုင်းခဲ့သည်။
::
အဆိုပါညတွင် ဦးစံလင်း၏ ပြောကြားချက်ကိုယုံကြည်၍ သာကေ တမြို့နယ်နေပြည်သူ
တစ်ဦးက''ကျွန် တော်တို့သူပြောတာကို ယုံကြည်လို့ တစ်ညလုံး မြစ်ကမ်းလေးမှာဟုတ်နိုင် လိမ့်မယ်အထင်နဲ့ သွားရောက်ကြည့် ခဲ့တယ်။ မိုးသာ လင်းသွားတာဘာမှ မထူးဘူး။ 

အခုလဲ ဘာထူးလဲ အမျိုး မျိုးပြောနေတယ်။ သူပြောဆိုမှုတွေကို လဲ လူထုက အယုံအကြည်
ရှိနိုင်တော့ မယ်လို့မထင်ဘူး။ ဖြစ်ရပ်မှန်အခြေ အနေကို ပြည်သူတွေသိအောင်အ မှန်အတိုင်း ထုတ်ပြန်ပေးသင့်တယ်။လူထုကိုမလိမ်သင့်ဘူး''ဟု ပြောသည်။
::
ဓမ္မစေတီခေါင်းလောင်းဆယ် ယူနိုင်ရန် ပြည်သူလူထု၏ အလှူငွေ ကျပ်သိန်းပေါင်း ၁၅ဝဝ ခန့်ရှိပြီး ငွေ ကျပ်သိန်းပေါင်း ၇ဝဝ ကျော်ခန့်သုံးစွဲ ထားပြီးဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။ 
::
လက်ရှိ တွင် ဓမ္မစေတီခေါင်းလောင်းနှင့်ပတ် သက်သော သတင်းများကို ပြည်သူ လူထုသည် ယခင်ကလောက် စိတ်ဝင် စားမှုမရှိဘဲ ၂ဝ၁၅ ရွေးကောက်ပွဲနီး လာသဖြင့် လူထုကို အာရုံပြောင်းသော အစီအစဉ်တစ်ခုသာဖြစ်ကြောင်း ပြော ဆိုမှုများလည်း ရှိသည်။

ရန်ကုန်တိုင်းမ် ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment