Pages

Pages - Menu

Friday, September 12, 2014

ကုမ္ပဏီဗန်းပြ မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု သံသယ ကုမ္ပဏီ (၁၀) ခုကို အရေးယူရန် စုံစမ်းနေ

RangonNewsDaily:: September . 12 .2014
ကုမ္ပဏီဗန်းပြ၍ နောက်ကွယ်တွင် မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု သံသယရှိသည့် ကုမ္ပဏီ (၁၀) ခု ခန့်ရှိပြီး၊ ယင်း ကုမ္ပဏီများကို အရေးယူ နိုင်ရန် စောင့်ကြည့် စုံစမ်းနေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ နိုင်သော ဆေးဝါးများ ဆိုင်ရာ တားဆီး ကာကွယ်ရေး အဖွဲ့၊ မူးယစ် အထူးတပ်ဖွဲ့(ဗဟို)မှ သတင်း ရရှိသည်။ 
ယင်း ကုမ္ပဏီများသည် မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု သတင်းများ ရရှိထား၍ လက်ရှိ အချိန်တွင် လျှို့ဝှက် စုံစမ်းနေပြီး၊ အမှန်တကယ် မူးယစ်ဆေးဝါး ရောင်းချနေပါက မူးယစ်ဆေးဝါး ဥပဒေနှင့် ငွေကြေးခ၀ါချမှု ဥပဒေများ အရ အရေးယူ သွားမည် ဖြစ်ကြောင်း မူးယစ်အထူး တပ်ဖွဲ့ (ဗဟို) မှ သိရသည်။ 

လက်ရှိ ကတော့ သတင်းပေးတွေက လာပေးတာ တွေလည်း ရှိတယ်။ စုံစမ်းနေတာ ကိုလည်း သူတို့သိလို့ မဖြစ်ဘူးလေ။ ကွင်းဆက်တွေနဲ့ လိုက်ရမှာ ဆိုတော့ နည်းနည်းတော့ ကြာနိုင်တယ် ဟု မူးယစ် အထူးတပ်ဖွဲ့ (ဗဟို) မှ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်း က The Messenger Media သို့ပြောသည်။
::
သြဂုတ်လ (၂၉) ရက်နေ့၊ ညအချိန်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဗညားဒလ လမ်းပေါ်တွင် ကားတစ်စီးအား ဖမ်းဆီး စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား တစ်သိန်းအား စစ်ဆေးတွေ့ရှိခဲ့ ပြီးနောက် တရားခံများကို စစ်ဆေးခဲ့ရာ Natural Force ကုမ္ပဏီပိုင်ရှင် ထံမှ ၀ယ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်။ ယင်းနောက် ယင်းကုမ္ပဏီ ပိုင်ရှင်၏ နေအိမ်တွင် ၀င်ရောက် ရှာဖွေခဲ့ရာ စုစုပေါင်း ဆေးပြား ၂၀၁၀၀၀၊ စုစုပေါင်း တန်ဖိုး ကျပ် (၁၀၀၅၀၀၀ ၀၀၀၀) ကျပ်နှင့် ဘိန်းဖြူ (၃၅၀) ဂရမ် တန်ဖိုးကျပ် (၃၅၀) ဖိုး ဖမ်းဆီးရမိ ခဲ့သည်။

ယင်းအတွက်ကြောင့် Natural Force ကုမ္ပဏီက ဖွင့်လှစ် ထားသော ဘဏ် စာရင်းများ အားလုံးကို ယခု ရက်ပိုင်းအတွင်း ပိတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ဌာနချုပ်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးချုပ် ကျော်ဝင်း က ပြည်တွင်းထုတ် မီဒီယာ တစ်ခုသို့ ပြောကြား ထားသည်။
::
စက်တင်ဘာလ (၉) ရက်နေ့မှစတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး သုံးခုတွင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုကို စီမံချက် တစ်ရပ်အဖြစ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ဆက်ပြောသည်။ မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး ၀င်ရောက်မှုတွင် တရုတ်နိုင်ငံမှ အများဆုံး ၀င်ရောက်လျှက် ရှိပြီး ၄င်းနောက်တွင် ထိုင်းနိုင်ငံမှ ဒုတိယ အများဆုံး ၀င်ရောက်လျက် ရှိကြောင်း သိရသည်။ 

လက်ရှိ အချိန်တွင် အိန်္ဒိယနိုင်ငံ မှလည်း မူးယစ်ဆေးဝါးများ ၀င်ရောက်လာ သောကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့ တို့တွင် မူးယစ်အထူး တပ်ဖွဲ့ တစ်ဖွဲ့ စီထား ထား ကြောင်း သိရသည်။ ထို့ပြင် အဆိုပါမြို့များရှိ မူးယစ် အထူးတပ်ဖွဲ့  တစ်ဖွဲ့ လျှင် တပ်ဖွဲ့ ဝင် အင်အား (၃၀) ခန့် ထပ်မံ တိုးချဲ့ရန် စီစဉ်နေကြောင်းလည်း မူးယစ်အထူး တပ်ဖွဲ့ ဗဟိုမှ သိရသည်။
::
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို (၁၅)နှစ် စီမံကိန်း ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့၍ ငါးနှစ် သက်တမ်းတိုး ဆောင်ရွက် လျက်ရှိ သိရသည်။

Messenger ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment