Pages

Pages - Menu

Tuesday, September 30, 2014

ဆယ်ကျော်သက်စုံတွဲများ မကြာခဏ တိုက်ခိုက်ခံနေရသောကြောင့် အမျိုးသမီးအချို့ ငရုတ် ရည်ဖျန်းဆေးဘူးများဆောင်လာ


RangonNewsDaily:: September . 30 .2014
ဆယ်ကျော်သက်စုံတွဲ အချင်းချင်း ဓားထိုးအကြမ်းဖက်မှု များဖြစ်ပေါ်နေ၍ အမျိုးသမီးအချို့သည် မိမိကိုယ်ကိုယ်ကာကွယ်နိုင်မည့် ငရုတ်ရည် ဖျန်းဆေး ဘူးငယ်လေးများဆောင်လာကြသည်ဟုသတင်းရရှိသည်။
အဆိုပါဘူးမှာ စပရေးပုံစံ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ရန်မူ တိုက်ခိုက်ခံရပါက မျက်လုံးကို ပက်ဖျန်းလိုက်ရုံဖြင့် တစ်နာရီကျော်ကြာ မျက်လုံးဖွင့်နိုင်မည်မဟုတ်ဘဲထွက်ပြေးလွတ်မြောက်နိုင်ကြောင်း အဆိုပါ ဖျန်းဆေး ရေး
ဘူးဆောင်ထားသူ Laurel Art အနုပညာသင်တန်းကျောင်းမှ ကျောင်းသူအေးမြမြင့်မိုရ်က ပြော သည်။

အဆိုပါဘူးများကို ယခုလအတွင်း စတင်ရောင်းချလာပြီဖြစ်ရာ အမျိုးသမီးတစ်ထောင်ကျော် စတင်စမ်းသပ်သုံးစွဲနေပြီဟု ဂိတ်သရပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးကောင်းကျော်က ပြောသည်။
::
‘‘ငရုတ်သီးအစစ်နဲ့လုပ်ထား တာ။ တိုက်ခိုက်လာတဲ့ အမျိုးသား ရဲ့ မျက်နှာဧရိယာကိုဖျန်းပစ်ရ မယ်။ အသက်ရှူလမ်းကြော
င်းထိ ရင် ချောင်းဆိုမယ်၊ နှာချေမယ်၊ မျက်စိထိရင် မျက်ရည်ကျမယ်၊ ပူစပ်တယ်။ အမျိုးသမီးအတွက် ထွက်ပြေးဖို့အချိန်ရ
မယ်’’ဟု ၎င်း က ရှင်းပြသည်။

တစ်ဘူးလျှင် ၈,၅၀၀ ကျပ် ဖြင့် နေရာအနှံ့တွင်ဝယ်ယူနိုင်ရန် ဈေးကွက်ဖြန့်ဖြူးမှုများ တိုးချဲ့ သွားမည်ဟု ဦးကောင်းကျော်
က ပြောသည်။

အမျိုးသမီးများသည်အဆို ပါဖျန်းဆေးဘူးဆောင်ထားခြင်းဖြင့် ယခင်ကကဲ့သို့ ဓား၊ ကတ်ကြေး၊ တွယ်ချိတ်များဆောင်ထား
စရာမလိုဘဲ အဆင်ပြေနိုင်ပြီး ချွန်ထက်သောအရာများဖြင့် ပြန် လည်ခုခံမိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ယခုဖျန်းဆေးမှာများစွာ အဆင်ပြေနိုင်ကြောင်း ကမာရွတ်မြို့နယ်ရှိ စတိုးဆိုင် တစ်ခုမှ အရောင်းမန်နေဂျာအမျိုး သမီးတစ်ဦးက ပြောသည်။
::
မုဒိမ်းမှုများ ဆိုးရွားစွာဖြစ် ပွားလေ့ရှိသည့် အိန္ဒိယနိုင်ငံနှင့် အမျိုးသမီးများအတွက် လုံခြုံမှု အားနည်းသော နိုင်ငံများတွင် ယင်းပစ္စည်းကို အသုံးများပြီး မြန်မာနိုင်ငံတွင် ပထမဆုံးစတင် မိတ်ဆက်ရောင်းချလာခြင်းဖြစ် သည်။လူသေဆုံးမှု
မဖြစ်ဘဲ ထွက်ပြေးရန်အချိန်ရသော ယခုငရုတ် ရည်သည် အမျိုးသမီးများအတွက် များစွာ အသုံးဝင်နိုင်သည်ဟု ကုမ္ပဏီကရည်ရွယ်ထားသည်။
::
အိမ်နီးချင်းအိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကလည်း အိန္ဒိယနိုင်ငံ တွင် အမျိုးသမီးများမကြာခဏ အကြမ်းဖက်ခံနေရသောကြောင့် အလျင်အမြန်ကာကွယ်ရန် ငရုတ် ရည်ပက်ရမည်ဟု တိုက်တွန်း ပြောဆိုဖူးသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက် ညနေက အသက် (၁၉)နှစ်အရွယ် မော်ဒယ်သရုပ်ဆောင်အေးချမ်း မြတ်မိုးကို လူငယ်တစ်ဦးက လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
::
ထို့အပြင် စက်တင်ဘာ ၁၂ ရက်ကလည်း တောင်ငူမြို့နယ် လယ်ဘူကျေးရွာအုပ်စုအတွင်း အသက်(၁၃)နှစ်အရွယ် အဋ္ဌမ တန်းကျောင်းသူကိုအသက်(၂၄) နှစ်အရွယ် အမျိုးသားတစ်ဦးက ရေမြောင်းထဲတွင် ငါးမိနစ်ကြာရေ နှစ်သတ်ခဲ့သည့် အမှုဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များမှ သိရသည်။

7Day News ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment