Pages

Pages - Menu

Tuesday, September 30, 2014

ပီရူးနိုင်ငံတွင် ရစ်ခ်ျတာစကေး (၄.၉) အဆင့်ရှိ ငလှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ (၈)ဦး ထက်မနည်း ရှိ


RangonNewsDaily:: September . 30 .2014
ပီရူးနိုင်ငံတွင် ငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး အနည်းဆုံး လူ(၈)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြား
ခဲ့သည်။
ကမ်းလွန်ရေတိမ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ခ်ျတာစကေး (၄.၉) အဆင့်ရှိ ကလျင်ကြောင့် ကက်ဇ်ကိုမြို့အနီး အန်ဒီရန် ကျေးရွာ၌ လူနေအိမ်ခြေ အများအပြား ပြိုကျခဲ့ကြောင်းလည်း ပီရူး ပြည်သူ့ကာကွယ်ရေးဌာနက ကြေညာသည်။ မစ္စကာရွာတွင်လည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။

စက်တင်ဘာ (၂၈)ရက် နံနက်အစောပိုင်းက လှုပ်ခတ်သော ငလျင်၏ ဒဏ်ကို ခံစားခဲ့ရသည့် ဒေသများတွင် ရက်ပေါင်း(၉၀)ကြာ အရေးပေါ် အခြေအနေ ကြေညာချက်တစ်ရပ်ကို သမ္မတ အော်လန်တေး ဟူမာလာက ထုတ်ပြန်ခဲ့သည်။
::
ထို့အပြင် သမ္မတကိုယ်တိုင် ငလျင်ဘေးသင့် ဒေသများသို့ သွားရောက် စစ်ဆေးခဲ့သည်။ အဆိုပါ ဒေသများတွင် ကူဆီဘမ်ဘာ ဘာယို၊ ကာဂျား၊ ကနိုပါတို၊ မိုလက်ဂ်ျကာတို၊ မူယောနှင့် တိုရေးတို့ ပါဝင်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးဌာန၏ ကြေညာချက်တွင် ကျောက်တုံးဖြင့် အဓိက ဆောက်လုပ်ထားသည့် အိမ်ခြေ (၄၅)လုံး ပြိုကျပြီး ကျန်အဆောက်အအုံ (၇၀)တွင် အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနေထိုင်၍ မရတော့သည့် အခြေအနေမျိုး ကြုံခဲ့ကြောင်း ပါရှိသည်။
::
မစ္စကာမှ ဒေသခံတစ်ဦးဖြစ်သည့် အသက်(၂၉)နှစ်အရွယ် အယ်လ်ဖရက်ဒို ကက်စ်တီလာက “ရွာထဲမှာ မားမားမတ်မတ် ကျန်ခဲ့တာဆိုလို့ စာသင်ကျောင်းပဲ ရှိတော့တယ်။ ကျောင်းကတော့ ကွန်ကရစ်နဲ့ ဆောက်ထားလို့ပါ။ ကျန်တာ အားလုံးနီးပါး ပျက်စီးသွားတယ်။ ရွာထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော ဝတ်ပြုဘုရားကျောင်း အပါအဝင်ပေါ့”ဟု ပြောကြားခဲ့သည်။ ပီရူးအစိုးရက လက်ရှိအချိန်ထိ အသေအပျောက်စာရင်း (၈)ဦးထိ ရရှိထားကြောင်း အတည်ပြု ကြေညာထားသည်။

ABC News ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment