Pages

Pages - Menu

Monday, August 25, 2014

ဘရူနိုင်း ဘုရင့်ဖလား ချန်ပီယံ မြန်မာ ယူ-၁၉ အသင်း ရန်ကုန်မြို့တွင်း လှည့်လည်အောင် ပွဲခံ


RangonNewsDaily:: August . 25 .2014
၂၀၁၄ ဘရုနိုင်း ဘုရင့်ဖလား ချန်ပီယံဆုရှင် မြန်မာယူ ၁၉ ဘောလုံးအသင်းကို သြဂုတ်လ ၂၄ရက် ညနေပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာရာ ပရိသတ်တွေ ထောင်နဲ့ချီပြီး ကြိုဆို အားပေးခဲ့ကြသည်။
ဘရူးနိုင်းနိုင်ငံ၌ အိမ်ရှင် အဖြစ်လက်ခံကျင်းပသည့် ဘရူနိုင်းဘုရင့် ဖလားဗိုလ်လု ပွဲစဉ်အား သြဂုတ်လ ၂၃ ရက်နေ့ တွင် မြန်မာအသင်းနှင့် ဗီယက် နမ် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကာ အပြန်အလှန် သွင်းဂိုးများ ဖြင့်ပြိုင်ပွဲမှာ အကြိတ်အနယ် ရှိခဲ့ပြီး တိုက်စစ်မှူး အောင်သူ၏နောက်ကျအနိုင် ဂိုးဖြင့် မြန်မာယူ-၁၉ အသင်းမှာ ချန်ပီယံဆုဖလားအား ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ 

ပွဲစဉ်တွင် မြန်မာအသင်းက တိုက်စစ်မှူး ရှိုင်းသူရ ဒဏ်ရာရရှိနေ၍ အောင်သူ၊ ငြိမ်းချမ်းအောင်၊ အလယ်တန်းတွင် ကျော်မင်းဦး နှင့် ဂိုးသမား အဖြစ် မျိုးမင်းလတ် အစရှိသည့် အဓိက ကစားသမား များဖြင့်ပွဲထွက်ခဲ့သည်။ 
::
ဗီယက်နမ် အသင်းတွင်လည်း အဓိကကစား သမားအစုံအလင် ဖြင့်ပွဲထွက်ခဲ့ပြီး ပထမပိုင်း ပွဲ
အစတွင် ဗီယက်နမ် အသင်းက တိုက်စစ်လျှင်မြန်မြန် ဖြင့်ဘောလုံးပိုင်ဆိုင်မှု အသားစီး ရယူကာ မြန်မာ အသင်းကိုဖိအားပေး ခဲ့သည်။ သို့သော်လည်း မြန်မာ အသင်းက အမှတ်မထင်ပဲ ပွဲချိန် ၁၇မိနစ်တွင် ထောင့်ကန်ဘောဖြတ် တင်မှုကို ဗီယက်နမ် ဂိုးသမား ဖမ်းယူမှုမသပ်ရပ်ခဲ့သည့်
အတွက် ဘောလုံးလွတ်ကျခဲ့ပြီး အသင့်ရှိနေသည့် မျိုးကိုထွန်းက ပိတ်သွင်းယူကာ မြန်မာ
အသင်း အဖွင့်ဂိုးရရှိခဲ့သည်။ 

ပွဲချိန် ၃၆မိနစ်တွင် ဗီယက်နမ် အသင်း တန်ပြန်တိုက်စစ်မှ တစ် ဆင့် မြန် မာနောက်တန်း အမှားကိုအခွင့်ကောင်းယူကာ ဖန်ဗန်လောင်က ဗီယက်နမ် အသင်းအတွက် ခြေပဂိုး သွင်းယူ
နိုင်ခဲ့သည်။
::
ဒုတိယပိုင်းပြန်အစတွင် တိုက်စစ်မြန်ဆန်တဲ့ ဗီယက်နမ်အသင်းက ပွဲစပြီး ၂မိနစ်မှာပင် ဟို
တွမ်တင်က တစ်ကိုယ်တော် ဆွဲယူကာ ဗီယက်နမ် အတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။ 

ဂိုးပေးရပြီး မြန်မာအသင်းမှာ ဘော်လုံးပိုင်ဆိုင်မှုကို အသားပေးကာ ကစားကွက်ပြန်
လည်တည်ဆောက်လာခဲ့ပြီး တစ်ချက်ထိအမြန် ကစားလာကာ ပွဲချိန် ၅၉မိနစ်တွင် ပြစ်ဒဏ်ဘောမှ တစ်ဆင့် မျိုးကိုထွန်းကပဲ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူ နိုင်ခဲ့သည်။ ဆက်တိုက်ဆိုသလိုပဲ မြန်မာအသင်းက ၁ မိနစ်အကြာတွင် အနိုင်ဂိုးထပ်မံရရှိခဲ့သည်။ 
::
ယင်းဂိုးကို ငြိမ်းချမ်းအောင် နှစ်ယောက်ကြားက ဖောက်ထွက် ပြီး ပေးပို့မှုကို မောင်မောင်စိုးက အမှားအယွင်းမှရှိပတ်သွင်းယူခဲ့ခြင်းဖြစ် သည်။ ယင်းနောက်ဗီယက်နမ် အသင်းကတန်ပြန်
တိုက်စစ်ကတဆင့် ကောင်တာပေါက်ကာ ငုယင်ချောင်ဖောင်း အခွင့်ကောင်းယူပြီး ခြေပဂိုး
သွင်းနိုင်ခဲ့သည်။ 

သို့သော်လည်း မြန်မာအသင်းဟာ ကစားအားကျမသွားပဲ တိုက်စစ်ကိုဦးစားပေးကစားလာ
ခဲ့ကာ ပွဲချိန် ၈၂မိနစ်တွင် တိုက်စစ်မှူးအောင်သူ ဘယ်တောင်ပံမှ ဆွဲဝင်ပြီး ထောင့်ဖြတ်ကန်ချက် ဗီယက်နမ်ဂိုးသမားကို ကျော်ကာလှလှပပ ဂိုးဝင်သွားခဲ့တာကြောင့် မြန်မာအသင်း၏ အနိုင်သေချာစေမယ့် ဂိုးကိုရရှိခဲ့ ခြင်းဖြစ်သည်။
::
ထို့နောက် မြန်မာအသင်းက လူစားလဲမှုတွေပြုလုပ်ပြီး နောက်တန်းအသားပေး ကစားခဲ့သည့် အတွက် ဗီယက်နမ်အသင်း ထိုးဖောက်မှုအရာမထင်ဖြစ်ခဲ့ရကာ ပွဲအပြီးတွင် မြန်မာအသင်းက ၄-၃ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - အောင်ကြီး

7Day Sport , DVB ::--KOLATT(PBDN)
RangonNewsDaily










No comments:

Post a Comment