Pages

Pages - Menu

Monday, August 25, 2014

ဝေဖန်မှုများကြားက အောင်မြင်စွာ ကျင်းပခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲ


RangonNewsDaily:: August . 25 .2014
ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်းအားဖြင့်ဆယ်နှစ်တာ ဖျော်ဖြေပွဲမှာ ဝေဖန်မှုများကြားက ပင် ပရိသတ်အားပေးမှုကြောင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
ဖျော်ဖြေပွဲသို့ ပရိသတ်များ ခန်းလုံးပြည့်လာရောက်အားပေး ခဲ့ကြပြီး ဖျော်ဖြေသည့် သီချင်း အားလုံးနီးပါးကို လိုက်ပါ သီဆိုခဲ့ကြသည်။ ဖျော်ဖြေပွဲကို ညနေ ၆နာရီကျော်အချိန်တွင် အိုင်းရင်း ခရော့စ်အဖွဲ့၏ ဖျော်ဖြေမှုနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး မျိုးကြီး၊ လေး ဖြူ၊ ၀ိုင်ဝိုင်း၊ အငဲတို့ကသီချင်း တစ်ပုဒ်စီဖြင့်ဖျော်ဖြေခဲ့ကြသည်။

အိုင်းရင်းခရော့စ်တီးဝိုင်းနှင့် ဒေးဗစ်ခွန်နောင်က နာရီပေါ်က မျက်ရည်စက်များသီချင်းကိုဆက် လက်ဖျော်ဖြေနှုတ်ဆက်ခဲ့သည်။ ထို့နောက် The Treeတီးဝိုင်းနှင့် အတူ အဆိုတော်များက ဆက် လက်ဖျော်ဖြေခဲ့ကြသည်။

ဖျော်ဖြေပွဲတွင် ထူးအိမ်သင် ဂီတလောကသို့စတင်ဝင်ရောက် ခဲ့သောအချိန်ကတည်းက လက် တွဲခဲ့သည့် The Aces တီးဝိုင်းနှင့် အတူ ထူးအိမ်သင်၏ညီဖြစ်သူက ‘ညီလေးရေ’သီချင်းဖြင့်သီဆိုခဲ့သ လို သမီးငယ်မိကွန်ထောကလည်း ဖခင်၏သီချင်းနှစ်ပုဒ်ဖြင့်ဖျော်ဖြေ ခဲ့သည်။ ပရိသတ်ထဲတွင် အားပေး နေသော ထူးအိမ်သင်၏ မိခင်ဒေါ်မြရင်ကလည်း သီချင်းများကို လိုက်ပါသီဆိုပြီး အားပေးခဲ့သည် ကိုတွေ့ရသည်။

ဖျော်ဖြေပွဲတွင်ပါဝင်သော လူငယ်အဆိုတော်အချို့ကြောင့် ထူးအိမ်သင်၏သီချင်းများပျက် မည်စိုးသည်ဟုဝေဖန်ခဲ့ကြသော် လည်း လူငယ်အဆိုတော်များ၏ ဖျော်ဖြေသီဆိုမှုများကို ပရိသတ် များ၏လိုက်ပါသီဆိုအားပေးမှုရရှိခဲ့ သည်။ ဖျော်ဖြေပွဲတွင်အစီအစဉ် တစ်ခုအနေဖြင့်သရုပ်ဆောင်လူ မင်းကလည်း ၎င်းနှင့်အတူလက် တွဲဖူးခဲ့သည့် ကျန်စစ်မင်း ဇာတ် ကားတွင်ပါဝင်သော သီချင်းနှင့် ပတ်သက်၍ အမှတ်တရစကား ပြောကြားခဲ့ပြီး ထူးအိမ်သင်နှင့် ပတ်သက်၍ အမှတ်တရ စကား များပြောကြားခဲ့ရာ ပရိသတ် လက်ခုပ်သံများရရှိခဲ့သည်။

နောက်ဆုံးအစီအစဉ်အနေ ဖြင့် ထူးအိမ်သင်၏ သီချင်းနှစ်ပုဒ် ကို စုပေါင်းသီဆို၍ ပွဲကိုအောင် မြင်စွာပိတ်သိမ်းခဲ့သည်။

အကြင်နာအိပ်မက်နှင့် ချစ်တိုင်းလည်းမညားသီချင်းနှစ်ပုဒ်ကို ထူးအိမ်သင်ပွဲပြီးဆုံးခါနီးတွင်သီဆိုနေသည့် ရုပ်သံဖိုင်ကို ဖွင့်လှစ်ပြသခဲ့ရာ ပရိသတ်များ အထူးအားပေးခဲ့ကြသည်။ အချို့အဆိုတော်များ၏ သီဆိုမှုကို အားပေးလက်ခံခဲ့ကြသော်လည်း အဆိုတော်အချို့၏ သီဆိုမှုများကိုအားမလိုအားမရဝေဖန်ခဲ့ကြသည်။

ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲကို ကြည့်ရှုလိုသည့်ပရိသတ် အထူးပင်များ

ပြားခဲ့သည့်အတွက် သတ်မှတ်ထားသော လက်မှတ် အရေအတွက် ထပ်ထိုး ရောင်းချပေးခဲ့ရသလို မူလကအ စီအစဉ်မရှိသော်လည်း အခပေး ရုပ်သံလိုင်း 4HD မှ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပြီး အွန်လိုင်းမှလည်း တိုက်ရိုက်ကြည့်ရှုသူအထူးပင်များပြားခဲ့သည်။

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် ဖျော်ဖြေပွဲတွင် ဖျော်ဖြေနေသည့် ချမ်းချမ်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment