![]() |
RangonNewsDaily:: August . 9 .2014
ဒူဘိုင်းက သူဌေးတစ်ဦး မှာတာကြောင့် သြစတေးလျမှ Marchi Mobile အမည်ရ ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၃ သန်း တန်တဲ့ အပန်းဖြေကား (RV ကား) တစ်စီးကို ဖန်တီးရောင်းချ ပေးခဲ့ ပါတယ်။
ပုံမှာမြင်တွေ့ နေရတဲ့ ပေ ၄၀ ရှည်ကား ဖြစ်ပါတယ်။ EleMMent Palazzo ကား ကိုမှ ဇိမ်ခံ Feature များ ထည့်သွင်းလိုက်ခြင်း ဖြစ်ပါတယ်။
အော်တို အဖွင့်အပိတ် အမိုး၊ အရက်သောက်ဖို့ ဘား၊ မီးဖိုခန်း၊ ဧသည့်ခန်း၊ ရေချိုးခန်း အိမ်သာပါပြီ မာစတာဘတ်ရွန်း တစ်ခန်း တို့ ပါရှိပြီး ကားအောက်ခြေမှ အနွေးဓာတ်ပေးမယ့် စနစ်လည်း ထည့်သွင်းပေးထား ပါတယ်။ အလေးချိန်အားဖြင့်လည်း များပေမယ့် သူသွားနိုင်တဲ့ မြန်နှုန်း ကတော့ တစ်နာရီ ၉၃ မိုင် အထိတောင် ရှိနေပါသေးတယ်။ ငြိမ့်ငြောင်းပြီး အတိမ်းအစောင်း တွေကို မသိသာစေတဲ့ ဇိမ်ခံ ကားကြီး ဖြစ်ကြောင်း ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၃ သန်းတောင် ကုန်ကျ ရတဲ့ အကြောင်းအရင်းက အချို့ အစိတ် အပိုင်းတွေကို တာရှည်ခံအောင် ပိုမို ကောင်းမွန်အောင် ရွှေကဲ့သို့ ဈေးကြီးတဲ့ သတ္တုများကို အသုံးပြုထားရခြင်းကြောင့် ဖြစ်ကြောင်း သိရ ပါတယ်။
Ref: motorauthority.com, (ရိုးရာလေး) , KOLATT(PBDN)
RangonNewsDaily




No comments:
Post a Comment